နေ့စဥ်သတင်း

ဘီဘီစီရုပ်သံမှတ်တမ်း ထိုင်းအာဏာပိုင်များ စွက်ဖက်နှောင့်ယှက်ခံရသတင်းကို ထိုင်းအစိုးရ ငြင်းချက်ထုတ်ပြန်

မဲခေါင် 20 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂၀ ဘီဘီစီသတင်းဌာနအတွက် ၂၈ နှစ်အရွယ်အစီအစဉ်တင်ဆက်သူ ဇာရာမက်ဒါးမော့က သုခဘုံ၏ အမှောင်ဘက်ခြမ်း (The Dark Side of Paradise) အမည်ဖြင့် ၄၄ မိနစ်စာ ရုပ်သံမှတ်တမ်းအား ထိုင်းနိုင်ငံတွင် လာရောက်ရိုက်ကူးရာ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရလုနီးပါးအခြေအနေရောက်ခဲ့သည် ဟုဇာရာက နိုင်ငံတကာမီဒီယာတွင် ဖွင့်ချပြခဲ့မှုကို ထိုင်းအာဏာပိုင်များက နိုင်ငံခြားခရီးသွား အဓိက အားကိုးသည့် မိမိတို့နိုင်ငံပုံရိပ်အား ထိခိုက်စေသည်လုပ်ရပ်ဟုဆိုကာ တန်ပြန် ဖြေရှင်းသွားခဲ့သည်။ ယင်းရုပ်သံမှတ်တမ်းသည် ထိုင်းနိုင်ငံအတွင်း ပြည်ပခရီးသွားများအတွက် ပျော်စရာများစွာ ရှိသော် လည်း အမှောင်ဘက်ခြမ်း၌ အန္တရာယ်အလွန်ကြီးသည် ဒုစရိုက်မှုများရှိနေခြင်းအကြောင်း စုံစမ်းဖော် ထုတ်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ တစ်နှစ်လျှင် ဘန်ကောက်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးသည် ထိုင်းသို့လာလည်ပတ်ပြီး အခက်ကြုံရသည့် နိုင်ငံသားပေါင်း

မဲခေါင်၊ စက်တင်ဘာ ၂၀

ဘီဘီစီသတင်းဌာနအတွက် ၂၈ နှစ်အရွယ်အစီအစဉ်တင်ဆက်သူ ဇာရာမက်ဒါးမော့က သုခဘုံ၏ အမှောင်ဘက်ခြမ်း (The Dark Side of Paradise) အမည်ဖြင့် ၄၄ မိနစ်စာ ရုပ်သံမှတ်တမ်းအား ထိုင်းနိုင်ငံတွင် လာရောက်ရိုက်ကူးရာ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရလုနီးပါးအခြေအနေရောက်ခဲ့သည် ဟုဇာရာက နိုင်ငံတကာမီဒီယာတွင် ဖွင့်ချပြခဲ့မှုကို ထိုင်းအာဏာပိုင်များက နိုင်ငံခြားခရီးသွား အဓိက အားကိုးသည့် မိမိတို့နိုင်ငံပုံရိပ်အား ထိခိုက်စေသည်လုပ်ရပ်ဟုဆိုကာ တန်ပြန် ဖြေရှင်းသွားခဲ့သည်။

ယင်းရုပ်သံမှတ်တမ်းသည် ထိုင်းနိုင်ငံအတွင်း ပြည်ပခရီးသွားများအတွက် ပျော်စရာများစွာ ရှိသော် လည်း အမှောင်ဘက်ခြမ်း၌ အန္တရာယ်အလွန်ကြီးသည် ဒုစရိုက်မှုများရှိနေခြင်းအကြောင်း စုံစမ်းဖော် ထုတ်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

တစ်နှစ်လျှင် ဘန်ကောက်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးသည် ထိုင်းသို့လာလည်ပတ်ပြီး အခက်ကြုံရသည့် နိုင်ငံသားပေါင်း ပျမ်းမျှ ၂၀၀၀ ဝန်းကျင်ကို အကူအညီ ပေးနေရပြီး လိင်ဖျော်ဖြေရေးစီးပွားရေးလုပ်ငန်းများအတွင်း မျက်ကန်းအနေအထားဖြင့် ပါဝင်မိပါက အန္တရာယ်ကြီးကြောင်း၊ ၂ မိနစ်ခန့်ပင် ဗီဇာသက်တမ်းလွန်ပါက ဒဏ်ကြေးဖြင့်မပြီးဘဲ ထောင်ဒဏ်ကျခံ ရကြောင်း ဇာရာက နှိုက်နှိုက်ချွတ်ချွတ်ရိုက်ကူးတင်ပြခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နာမည်ကျော် ရုပ်သံစီးရီး Love Island ပြိုင်ပွဲဝင်ဟောင်းလည်းဖြစ်သူ ၂၈ နှစ်အရွယ် ဇာရာက ရိုက်ကူးရေးအဖွဲ့ ဘန်ကောက်ရှိ မလုံ့တလုံအဝတ်အစားများ အများစုဝတ်ဆင်သွားလာရာအရပ်ဖြစ် သည့် Cowboy Soi နေရာတွင် ရိုက်ကူးရေးစတင်ချိန်ကတည်းက ရဲအရာရှိများက ရိုက်ကူးထားသော မှတ်တမ်းများကိုဖျက်ပစ်ရန်နှင့် ရိုက်ကူးရေးပစ္စည်းများကို သိမ်းဆည်းခဲ့ကာ ကံကောင်းသဖြင့်သာ ဖမ်းခံရမည့်အရေးမှ လွတ်ခဲ့ရသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသတင်းဟိုးလေးတကျော်ဖြစ်နေကာ ထိုင်းသို့ အန္တရာယ်မကင်းသည့်အတွက် ပြည်ပခရီးသွားများ လွန်စွာနည်းပါးစွာလာရောက်သည့်အနေအထားတွင် ထိုင် ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး နတ်ထရီယာသာဝီဝေါင်က စက်တင်ဘာ ၁၅ ရက်ဖြစ်စဉ်အတွက် အားချင်း စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရာတွင် စျေးဆိုင်ပိုင်ရှင်များက ဘီဘီစီရိုက်ကူးရေးအဖွဲ့ မှတ်တမ်းယူရိုက်ကူးမှုကို စောဒက တက်ကာ ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ သောင်ဂလိုရဲစခန်းမှ အရာရှိများသွားရောက်ပြီး ညှိနှိုင်းပေးခဲ့ရာတွင် ပြေလည်သွားကြောင်း သိရသည်။

ရိုက်ကူးရေးအဖွဲ့ထံမှမည်သည့် ပစ္စည်းမှ မသိမ်းသလို ရိုက်ကူးထားသော မှတ်တမ်းများလည်း ဖျက်ပစ်ခြင်းမရှိခဲ့ကြောင်း၊ ရိုက်ကူးရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေနှင့်အညီ သတ်မှတ်ခွင့်ပြုမူဘောင်အတွင်းမှ ရိုက်ကူးရမည်ကို ဘီဘီစီရိုက်ကူးရေးအဖွဲ့မှ ဘောင်ကျော်ကာ ရိုက်ကူးခြင်းကြောင့်သာ ယခုလို ထိန်းသိမ်းပေးခဲ့ရသည်ဖြစ်ကာ ထိုင်းနိုင်ငံသည် ပြည်ပမှ ရုပ်ရှင်၊ မှတ်တမ်းရိုက်ကူးမှုများက ခရီးသွားများလာရောက်စေသည့် စီးပွားရေးကို အကျိုး ဖြစ်ထွန်းစေသည့်အတွက် မည်သည့်အခါကမှ လွတ်လပ်စွာရိုက်ကူးခွင့်အား မတားမြစ်ခဲ့ကြောင်း ရှင်းလင်းထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ရုပ်သံမှတ်တမ်း
#ဗြိတိန်
#BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now