ကမ္ဘာ့သတင်း

ငွေလိမ်မှုရင်ဆိုင်နေရသော ရုရှားနာမည်ကြီးပလေးဘွိုင်းမဂ္ဂဇင်း အယ်ဒီတာချုပ်ကို ပူတင် ရှေ့တန်းပို့

မဲခေါင် 19 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံမှ နာမည်ကြီး အမျိုးသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗလာဒီမာ လျာပိုရော့ဗ် (၄၈ နှစ်) ကို ငွေကြေးလိမ်လည်မှုဖြင့် အမှုစစ်ဆေးနေရာမှ ယခု ယူကရိန်းရှေ့တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။ လျာပိုရော့ဗ်သည် လန်ဒန်ရှိ ကုမ္ပဏီ ၂ ခုနှင့်ပတ်သက်ကာ ငွေကြေးအလွဲသုံးစားလုပ်ခဲ့သလို ဘဏ္ဍာရေး ပိရမစ်စနစ်သုံး ငွေလိမ်မှုမှ လူ ၈ ယောက်ထံမှ ပေါင် ၄၄၅၀၀၀ လိမ်လည်ခဲ့မှုဖြင့် အမှုရင်ဆိုင်နေရသူ ဖြစ်သည်။ သို့သော် ပူတင်သည် ထောင်ကျနေသူများ၊ ပြစ်မှုကျူးလွန်သူများကို ယူကရိန်းရှေ့တန်းသို့ သွားပြီး စစ်မှုထမ်းပေးလျှင် ပြစ်ဒဏ်မှ ပယ်ဖျက်ပေးနေသည့်အစဉ်အလာအတိုင်း လျာပိုရော့ဗ်ကို ပြစ်ဒဏ်မှ လွှတ်ပေးခြင်းဖြင့် စစ်မှုထမ်းစာချုပ်ချုပ်ပြီး ယူကရိန်းရှေ့တန်းသို့

မဲခေါင်၊ စက်တင်ဘာ ၁၉

ရုရှားနိုင်ငံမှ နာမည်ကြီး အမျိုးသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်း ဗလာဒီမာ လျာပိုရော့ဗ် (၄၈ နှစ်) ကို ငွေကြေးလိမ်လည်မှုဖြင့် အမှုစစ်ဆေးနေရာမှ ယခု ယူကရိန်းရှေ့တန်း စစ်မျက်နှာပြင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

လျာပိုရော့ဗ်သည် လန်ဒန်ရှိ ကုမ္ပဏီ ၂ ခုနှင့်ပတ်သက်ကာ ငွေကြေးအလွဲသုံးစားလုပ်ခဲ့သလို ဘဏ္ဍာရေး ပိရမစ်စနစ်သုံး ငွေလိမ်မှုမှ လူ ၈ ယောက်ထံမှ ပေါင် ၄၄၅၀၀၀ လိမ်လည်ခဲ့မှုဖြင့် အမှုရင်ဆိုင်နေရသူ ဖြစ်သည်။

သို့သော် ပူတင်သည် ထောင်ကျနေသူများ၊ ပြစ်မှုကျူးလွန်သူများကို ယူကရိန်းရှေ့တန်းသို့ သွားပြီး စစ်မှုထမ်းပေးလျှင် ပြစ်ဒဏ်မှ ပယ်ဖျက်ပေးနေသည့်အစဉ်အလာအတိုင်း လျာပိုရော့ဗ်ကို ပြစ်ဒဏ်မှ လွှတ်ပေးခြင်းဖြင့် စစ်မှုထမ်းစာချုပ်ချုပ်ပြီး ယူကရိန်းရှေ့တန်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု REN TV ချန်နယ်မှ ထုတ်ပြန်ရေးသားသွားခဲ့သည်။

လျာပိုရော့ဗ်သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ ရုရှား Playboy မဂ္ဂဇင်း အယ်ဒီတာချုပ်တာဝန် ယူခဲ့သူဖြစ်သည်။

ပူတင်သည် စက်တင်ဘာ ၁၆ ရက်နေ့က ယူကရိန်းစစ်ပွဲနှင့် မိုင် ၅၀၀ ကွာဝေးသည့် နော့ဗ်ဂိုရော့ဒ် ဒေသတွင် ကျင်းပနေသော ၂၀၂၅ War Games ပွဲသို့ စစ်ယူနီဖောင်းဝတ်ကာ တက်ရောက်လာခဲ့ပြီး စစ်သည် ၁၀၀၀၀၀၊ လက်နက်အမျိုးအစားပေါင်း ၁၀၀၀ ကျော်၊ သင်္ဘော၊ ရေငုပ်သင်္ဘော၊ ထောက်ပို့ ယာဉ် ၂၄၇ စီးအသုံးပြုကာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ပြီး နေတိုးအဖွဲ့အား တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း အင်အားထုတ်ပြခဲ့သည်။

ထို War Games သို့ ရုရှားမဟာမိတ် ၂၅ နိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#ပလေးဘွိုင်း
#အယ်ဒီတာချုပ်
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now