မဲခေါင်၊ စက်တင်ဘာ ၁၈
စက်တင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ချင်းတောင်းခရိုင်၊ ဘန်ဆော့ပန်းအဝေးပြေးလမ်းမပေါ်တွင် မောင်းနှင့်လာသည့် ပစ်ကပ်ကား ၂ စီးအား ဖမ်းဆီးစစ်ဆေးရာ အိတ်ပေါင်း ၂၆ အိတ်ဖြင့် သယ်လာသည့် စိတ်ကြွးဆေးပြား ၅၂ သိန်း ဖမ်းဆီးရမိကြောင်း သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ချင်းမိုင်ခရိုင် မူးယစ်နှိမ်နင်းရေး ဗျူရို ၃ မှ တာဝန်ရှိသူများ ဦးဆောင်ကာ အဆိုပါ ပစ်ကက်ကား အဖြူ ၂ စီးကို ရှာဖွေရာမှ စိတ်ကြွဆေးများစွာကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ယဉ်မောင်းလာသော ၂၃ နှစ်နှင့် ၂၄ နှစ်အရွယ် ချင်းတောင်းနေ လူငယ် ၂ ဦးကိုပါ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ယင်းလူငယ်နှစ်ဦး ထွက်ဆိုချက်အရ ဝီယန်ဟန်းခရိုင်မှ အဆိုပါမူးယစ်ဆေးဝါးများကို ချင်းမိုင်သို့ သယ်ဆောင်လာခြင်းဖြစ်သည်ဟု သိရှိရကာ နောက်ဆက်တွဲ အမှုတွဲသူများအား ဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
Ref: MAESAIPRESS
#MeKongNews
#မူးယစ်ဆေးဝါး
#စိတ်ကြွဆေးပြား
#ချင်းတောင်း
#ထိုင်းနိုင်ငံ








