ကမ္ဘာ့သတင်း

ယူကေသို့ ဒေါ်နယ်ထရမ့် လာရောက်လည်ပတ်မှု လုံခြုံရေးအပြည့် ခေါ်ဆောင်လာ

မဲခေါင် 17 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၇ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကေသို့ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခဲ့ပြီး AirForce One လေယာဉ်ဖြင့် စက်တင်ဘာ ၁၆ ရက်က ရောက်ရှိလာပြီး စက်တင်ဘာ ၁၇ ရက်တွင် ဝင်ဆာရဲတိုက်သို့ သွားရောက်ကာ ဗြိတိန်ဘုရင် ချား (၃)နှင့် တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်သည် ယူကေသို့ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ကာ ပထမတစ်ကြိမ်မှာ ၂၀၁၉ ခုနှစ်က ဖြစ်ကာ ထိုစဉ်က အဲလိဇဘတ် (၂) ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထရမ့်ရောက်ရှိလာခြင်းမှာ အမေရိကန်မှ ဗြိတိန်အပေါ် စည်းကြပ်မည့် အခွန်ကိစ္စ၊ ယူကရိန်း၊ ဂါဇာ စစ်ရေးကိစ္စရပ်များဆွေးနွေးရန်ဖြစ်သည်ဟု သိရှိရကာ ထိုခရီးစဉ်တွင် ထရမ့်သည် နျူကလီးယား ထိန်းချုပ်ခလုပ်ပါ

မဲခေါင်၊ စက်တင်ဘာ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကေသို့ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်ခဲ့ပြီး AirForce One လေယာဉ်ဖြင့် စက်တင်ဘာ ၁၆ ရက်က ရောက်ရှိလာပြီး စက်တင်ဘာ ၁၇ ရက်တွင် ဝင်ဆာရဲတိုက်သို့ သွားရောက်ကာ ဗြိတိန်ဘုရင် ချား (၃)နှင့် တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်သည် ယူကေသို့ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်ကာ ပထမတစ်ကြိမ်မှာ ၂၀၁၉ ခုနှစ်က ဖြစ်ကာ ထိုစဉ်က အဲလိဇဘတ် (၂) ဘုရင်မကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထရမ့်ရောက်ရှိလာခြင်းမှာ အမေရိကန်မှ ဗြိတိန်အပေါ် စည်းကြပ်မည့် အခွန်ကိစ္စ၊ ယူကရိန်း၊ ဂါဇာ စစ်ရေးကိစ္စရပ်များဆွေးနွေးရန်ဖြစ်သည်ဟု သိရှိရကာ ထိုခရီးစဉ်တွင် ထရမ့်သည် နျူကလီးယား ထိန်းချုပ်ခလုပ်ပါ လက်ဆွဲအိတ် သယ်ဆောင်လာသလို ဗုံးဒဏ်ပင်ကာကွယ်နိုင်သည့် ပေါင် ၁ . ၂ သန်းတန် ကျည်ကာကားလည်း ပါလာသလို အသေခံကာကွယ်ရေးအစောင့်တပ်ဖြစ်သော Hawkeye Mogul တပ်ဖွဲ့လည်း ခြံရံစောင့်ကြပ်လိုက်ပါလာသည်။

ဒေါ်နယ်ထရမ့်စီးလာသည် အိမ်ဖြူတော်ဟုလည်းခေါ်သော Air Force One လေယာဉ်ကြီးသည် လေထဲမှာပင် တစ်ပတ်ကြာ ပျံသန်းနိုင်ကာ ပေါင်သန်း ၂၃၀ အကုန်ခံတည်ဆောက်ခဲ့သော အဆင့်အမြင့် ဆုံးလေယာဉ်ဖြစ်ကာ ခရီးသည် ၇၆ ယောက်လိုက်ပါနိုင်ပြီး တစ်နာရီ မိုင် ၅၈၀ နှုန်းဖြင့် မောင်းနှင်နိုင် သလို စားသောက်စရာများလည်း တစ်ပတ်စာ ပါရှိသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

လေယာဉ်ပေါ်တွင် ဖုန်း ၈၇ လုံး၊ တီဗီ ၁၉ လုံး၊ မီးဖိုးခန်းတစ်ခန်း၊ အရေးပေါ် ခွဲစိတ်ကုသခန်းပင် ပါဝင်သည်ဟု ဆိုသည်။

ယင်း Air Force One နှင့်တစ်ပါတည်းသယ်ဆောင်လာသော The Beast ဟုအမည်ပေးထားသည့် ကားသည် ပေါင် ၁ . ၂ သန်းတန်ကာ ကျည်ကာရုံသာမက ဗုံးဒဏ်ပင်ခံနိုင်ကြောင်း သိရသည်။

ကျည်ကာ တံခါး အထူသည် ၈ လက်မရှိကာ ဇီ၀နှင့်ဓာတုလက်နက်များကိုပင် ကာကွယ်နိုင်သည်။ ပြတင်းတံခါး များသည် ပိုလီကာဘွန်နိတ်မှန် ၅ ထပ် ထပ်ထားသလို တာရာများမရှိတော့လျှင်ပင် ဆက်လက်မောင်း နှင်နိုင်စေရန် တီထွင်ထားခြင်းဖြစ်သည်။

ကားအတွင်း ထိုင်ခုံ ၇ လုံးပါကာ ရှေ့ခန်း ၂ ခုံတွင် သက်တော် စောင့် ၂ ယောက်၊ နောက်ခန်းတွင် သက်တော်စောင့် ၄ ယောက် ခြံရန်လိုက်ပါနေကြဖြစ်သည်။

ယခုခရီးစဉ်တွင် ဒေါ်နယ်ထရမ့်သည် ၁၉၈၁ ခုနှစ်က သမ္မတရော်နယ်ရီဂင်အား လုပ်ကြံမှုမှ အကာအကွယ်ပေးနိုင်ခဲ့သည့် သမ္မတအထူးအသေခံ ကိုယ်ရန်တော်တပ်ဖြစ်သော Hawkeye Mogul အဖွဲ့လည်း အနီးကပ်စောင့်ကြပ်လိုက်ပါလာကြောင်း သိရသည်။

ယင်းသက်တော်စောင့်များသည် SR-16 ရိုင်ဖယ်များကိုင်ဆောင်ကာ ပစ္စတို၊ လက်ပစ်ဗုံးများပါ အသင့်ပါရှိ သည်။ Secret Service Counter-Assault Team (CAT) ဟုလည်း ခေါ်ဆိုပြီး သက်တော်စောင့် တစ်ယောက် ဝတ်ဆင်ထားသည့် ကျည်ကာဝတ်စုံသည်ပင်လျှင် ၂၀ ကီလိုဂရမ်လေးလံကာ ၁မိုင်ခွဲအတွင်း ၉ မိနစ်ဖြင့် အမြန်ဆုံးသွားလာနိုင်သူများဖြစ်သည်။

ပေါင် ၅၀ လေးသော ခေါင်းလောင်း အား တီးနေရင်းဖြင့် ပစ်မှတ်မလွဲစေရန် အထူးလေ့ကျင့်ပေးထားသည့် သက်တော်စောင့်များဖြစ်ကာ ၎င်းတို့နှင့်အတူ အမေရိကန်၏ ကမ္ဘာ့မည်သည့်နေရာသို့မဆို ပစ်လွှတ်နိုင်သော နျူကလီးယားလက်နက် များအား ထိန်းချုပ် ပစ်ခတ်နိုင်စွမ်းရှိသည့် လက်ကိုင်အိတ်ပါ တစ်ပါတည်း ပါလာခဲ့သည်ဟု ဗြိတိန်မီဒီယာများက အလေးပေးဖော်ပြခဲ့ကြသည်။

ထရမ့်သည် စင်တင်ဘာ ၁၇ ရက်တွင် ဝင်ဆာရဲတိုက်သို့ လည်ပတ်ပြီး မြားပုံ လေကြောင်းစစ်ရေးအလှပြပျံသန်းမှုများဖြင့်လည်း ယူကေက ကြိုဆိုကာ ညပိုင်းတွင် အဆိုပါ ရဲတိုက်မှာပင် ညစာဖြင့် တည်ခင်းဧည့်ခံပြီး နောက်ရက်တွင် ဝန်ကြီးချုပ် စတာမာနှင့် ဆက်လက်တွေ့ဆုံ မည်ဟု သိရှိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဗြိတိန်
#ဒေါ်နယ်ထရမ့်
#အမေရိကန်
#လုံခြုံရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now