ကမ္ဘာ့သတင်း

ရုရှားအရေး လက်မများလှုပ်ရမ်းပြီး ဘုရားသခင်ကိုစောင့်နေလျှင် ကမ္ဘာမီးလောင်မည်ဟု ယူကရိန်းသံအမတ်ဆို

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ စက်တင်ဘာ ၁၀ ရက်တွင် ပိုလန်နိုင်ငံအတွင်း ရုရှား ဒရုန်း ၁၉ စင်းကျူးကျော်ဝင်ရောက်လာမှုအတွက် နေတိုးအဖွဲ့အား ပုဒ်မ ၁၄ ဖြင့် ခြိမ်းခြောက်မှုအတွက် အားလုံးပါဝင်သည့် အစည်းအဝေးကို ပိုလန်က ခေါ်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ရုရှားဒရုန်း တစ်စင်းသည် ရိုမေးနီးယားနိုင်ငံအတွင်း ထပ်မံ ဝင်ရောက်လာပြီးနောက် နေတိုးတပ်ဖွဲ့ဝင်များကို ဥရောပ အရှေ့တံတိုင်းဟုခေါ်သော နယ်စပ်သို့ စေလွှတ်တပ်စွဲစေမည်ဖြစ်ကြောင်း ပိုလန်သမ္မတ ကာရိုးနော်ရော်ကီက ထုတ်ပြန်ပြောဆိုခဲ့သည်။ ပိုလန်အတွင်းသို့ ဝင်လာသည့် ဒရုန်း ၄ စီးကို နေတိုးဖိုက်တာဂျက်လေယာဉ်များက ပစ်ချခဲ့ကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသလို ရိုမေးနီးယားနယ်ထဲသို့ဝင်လာသည့်ဒရုန်းမှာမူ ဖိုက်တာ ဂျက်လေယာဉ် ၂ စီးလိုက်လံစောင့်ကြည့်နေစဉ်အတွင်း ရွာတစ်ရွာအနီး

မဲခေါင်၊ စက်တင်ဘာ ၁၅

စက်တင်ဘာ ၁၀ ရက်တွင် ပိုလန်နိုင်ငံအတွင်း ရုရှား ဒရုန်း ၁၉ စင်းကျူးကျော်ဝင်ရောက်လာမှုအတွက် နေတိုးအဖွဲ့အား ပုဒ်မ ၁၄ ဖြင့် ခြိမ်းခြောက်မှုအတွက် အားလုံးပါဝင်သည့် အစည်းအဝေးကို ပိုလန်က ခေါ်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ရုရှားဒရုန်း တစ်စင်းသည် ရိုမေးနီးယားနိုင်ငံအတွင်း ထပ်မံ ဝင်ရောက်လာပြီးနောက် နေတိုးတပ်ဖွဲ့ဝင်များကို ဥရောပ အရှေ့တံတိုင်းဟုခေါ်သော နယ်စပ်သို့ စေလွှတ်တပ်စွဲစေမည်ဖြစ်ကြောင်း ပိုလန်သမ္မတ ကာရိုးနော်ရော်ကီက ထုတ်ပြန်ပြောဆိုခဲ့သည်။

ပိုလန်အတွင်းသို့ ဝင်လာသည့် ဒရုန်း ၄ စီးကို နေတိုးဖိုက်တာဂျက်လေယာဉ်များက ပစ်ချခဲ့ကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ရသလို ရိုမေးနီးယားနယ်ထဲသို့ဝင်လာသည့်ဒရုန်းမှာမူ ဖိုက်တာ ဂျက်လေယာဉ် ၂ စီးလိုက်လံစောင့်ကြည့်နေစဉ်အတွင်း ရွာတစ်ရွာအနီး ပျောက်သွားခဲ့သည်။

ထိုအခြေအနေတွင် ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားသည် စစ်ရေးချဲ့တွင်လာပြီဖြစ်ကာ မှားယွင်းရောက် ရှိလာမှုမဟုတ်သောကြောင့် နေတိုးနှင့်အနောက်မဟာမိတ်အားလုံး ပိုလန်ရှေ့မှ ခါးစည်းခံနေသော ယူကရိန်းအား အပြည့်အ၀ထောက်ပံ့သလို ရုရှားအား ထိရောက်ပြီး စစ်ရပ်တန့်သွားစေမည့် စုပေါင်း အရေးယူမှုမျိုး လုပ်ဆောင်ရတော့မည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

ထိုအခြေအနေကြောင့် နေတိုးတပ်ဖွဲ့ဝင်များသည် အရှေ့ခြမ်း ကင်းစခန်း စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်း အဖြစ် ဥရောပသို့ ရုရှားဝင်လာပါက ပထမဆုံး ဖြတ်ကျော်ရမည့် ပိုလန်အရှေ့ပိုင်းသို့ တပ်များစေလွှတ် တပ်စွဲစေတော့မည်ဖြစ်ကြောင်း ပိုလန်သမ္မတ နော်ရော်ကီက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင်လည်း ယူကရိန်း သံအမတ်ကြီး အန်ဒရီးမယ်လ်နစ်ခ် က ပိုလန်နှင့် ရိုမေးနီးယားကိုပင် လေပိုင်နက်ကျူးကျော်ကာ ရုရှားသည် တတိယကမ္ဘာစစ်စတင်ရန် မီးရှို့နေပြီဖြစ်သော်လည်း ထိုစစ်ပွဲကြီးအား ငေးမောနေကာ လက်မချင်းပွတ်၊ ဘုရားသခင်အလာအား စောင့်နေပါက မည်သည့်အခါမှ ရောက်မလာနိုင်ဘဲ ပူတင်၏ ဒုံးကျည်များသည် ဘာလင်၊ ပဲရစ်၊ လန်ဒန် မြို့ကြီးများပေါ် ကျရောက်ကာ ကမ္ဘာမီးလောင်ရုံသာရှိမည်ဟု သတိပေးပြောကြားသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဥရောပ
#ရုရှား
#ဗြိတိန်
#ပိုလန်
#ယူကရိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now