နေ့စဥ်သတင်း

ဖန်နံရံခြားပြီး သားအဖ တွေ့ဆုံစကားပြောရသည်မှာ ဝမ်းနည်းစရာဟု ပေထောင်တန်ဖွင့်ဟ

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ ကိုဗစ်ကွာရန်တိုင်း ၅ ရက်ဝင်ပြီးနောက် ထောင်တွင်း စတင်ကျခံရပြီဖြစ်သော သက်ဆင်အား စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်နှင့် မိသားစုဝင်တချို့ ထောင်တွင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပေထောင်တန်က ထောင်မှပြန်အထွက် မီဒီယာများကို ယခုလိုပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့သည်။ “ မိနစ် ၃၀ လောက် ဖန်တံတိုင်းခြားတဲ့အနေအထားကနေ စကားပြောခဲ့ရတယ်။ အဖေက ဆံပင်အတို ညှပ်ထားတယ်။ သွေးတိုးနဲ့ ဖိအားတချို့ဒဏ်ခံနေရပေမယ် စိတ်ဓာတ်ကတော့ ကောင်းနေဆဲပဲ။ အစောင့်တွေက အဖေကို အနီးအနားမှာ တခြားသူတွေ ခေါက်ဆွဲလာပြခိုင်းပြီး ထောက်ခံအားပေးကြောင်း ပြသခဲ့ကြပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၅

ကိုဗစ်ကွာရန်တိုင်း ၅ ရက်ဝင်ပြီးနောက် ထောင်တွင်း စတင်ကျခံရပြီဖြစ်သော သက်ဆင်အား စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်နှင့် မိသားစုဝင်တချို့ ထောင်တွင်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပေထောင်တန်က ထောင်မှပြန်အထွက် မီဒီယာများကို ယခုလိုပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့သည်။

“ မိနစ် ၃၀ လောက် ဖန်တံတိုင်းခြားတဲ့အနေအထားကနေ စကားပြောခဲ့ရတယ်။ အဖေက ဆံပင်အတို ညှပ်ထားတယ်။ သွေးတိုးနဲ့ ဖိအားတချို့ဒဏ်ခံနေရပေမယ် စိတ်ဓာတ်ကတော့ ကောင်းနေဆဲပဲ။ အစောင့်တွေက အဖေကို အနီးအနားမှာ တခြားသူတွေ ခေါက်ဆွဲလာပြခိုင်းပြီး ထောက်ခံအားပေးကြောင်း ပြသခဲ့ကြပါတယ်။ ၁၇ နှစ်လုံးလုံး တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်ခဲ့ တာက ပုံမှန်အနေအထားပါ။ ဒီနေ့ ကျွန်မတို့မိသားစုတွေ မှန်နံရန်ကာပြီး တွေ့ရတာကတော့ စိန်ခေါ်မှု အတွေ့အကြံတစ်ရပ်ပါပဲ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားပေးကြတယ်။ ချင်းရိုင်မှာ ဖွေထိုင်းပါတီ အနိုင်ရမှုနဲ့ လူထုအားပေးမှုအတွက် အဖေကျေနပ်ဝမ်းမြောက်နေပါတယ်။ ကွာရန်တိုင်းဝင်တာ ၅ ရက်ပြည့်သွားပါပြီ။ ထောင်တွင်း အလုပ်တွေကိုတော့ စမလုပ်ရသေးပါဘူး။ လူငယ်ထောင်သားတွေက အဖေ့အတွေ့အကြုံနဲ့ပညာကိုသိကြတော့ ပညာဆည်းပူးချင်ကြတယ်။ အဖေကလည်း သင်ကြားပြသ ပေးရတာကို သဘောကျတဲ့သူပါ။ သူ့ပင်ကိုယ်သဘာ၀နဲ့ သိပ်လိုက်တဲ့အလုပ်ပါ။ ကျွန်မတို့ အဖေ့ဆီ ပုံမှန် လာရောက်လည်ပတ်ကြပါဦးမယ်” ဟု ပေထောင်တန်က ပြောသွားခဲ့သည်။

သက်ဆင်သည် ထောင်ဒဏ် ၈ နှစ်ကျခံရပြီးနောက် ပထမဆုံးညမှာပင် ကျန်းမာရေးအကြောင်းပြချက် ဖြင့် ဘန်ကောက်ရှိ ပြည်ထဲရေးအထွေထွေဆေးရုံကြီး ၁၄ လွှာသို့ တင်လိုက်ပြီး ဘုရင်က ၁ နှစ်ပြစ်ဒဏ် အပြီး လွတ်ငြိမ်းခွင့်ပေးခဲ့မှုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အတိုက်အခံများက ထောင်ဒဏ်ကို အခွင့်ထူးခံအဖြစ် ဆေးရုံတွင် ဟန်ဆောင်နေထိုင်သွားသည်ဟု တရားစွဲဆိုရာမှ လွတ်ငြိမ်းတွင် ဆေးရုံပေါ်နေခဲ့သည့်ရက်များကို လျှော့ရက်အဖြစ်မတွက်ဘဲ ထောင်ဒဏ် တစ်နှစ်ကို ထောင်တွင်းကျခံရမည်ဟု ပြန်လည် အမိန့်ချမှတ်သဖြင့် ပြီးခဲ့သည့်တစ်ပတ်ကမှစတင်ပြီး ထောင်တွင်း သို့ဝင်ခဲ့ရခြင်းဖြစ်သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံရေး
#သက်ဆင်
#အတိုက်အခံ
#လွတ်ငြိမ်းချမ်းသာခွင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now