နေ့စဥ်သတင်း

ချင်းမိုင်နယ်စပ်တွင် စိတ်ကြွဆေးပြား ၆သန်းဖမ်းမိ

မဲခေါင် 15 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၅ မဲခေါင်မြစ်မှတဆင့် တင်သွင်းလာသည့် စိတ်ကြွဆေးပြား ၆သန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ချင်းကောင်နယ်စပ်၌ ပစ်ကပ်ထရပ်ကားနှင့် ဆီဒင်ကားတစ်စီးအတွင်း မူးယစ်မှောင်ခိုသမား ၃ ယောက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ချင်းရိုင်ခရိုင် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ အမှတ် (၅) မူးယစ်ဆေးဝါးစုံးစမ်းဖော်ထုတ်ရေးဌာနမှ စီမံချက်ဖြင့် စုံစမ်းဖမ်းဆီးရာတွင် ဖမ်းဆီးရမိသူ ၃ ဦးအနက် ၂ ဦးသည် မယ်ဟောင်ဆောင်ခရိုင်၊ မယ်လနွိုင်မှဖြစ်ကာ အခြားတစ်ဦးမှာ ချင်းမိုင်ခရိုင် ဆမိုအန်းအရပ်မှ ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့ ၃ ဦးသည် ချင်းမိုင်ခရိုင်မူးယစ်ဆေးဝါးကွန်ရက်နှင့် ပတ်သက်သူများဖြစ်ကာ ချင်းရိုင်ခရိုင် ဝီယန်ကိန်းနှင့်ချင်းကောင်းဒေသရှိ မဲခေါင်မြစ်အတွင်းမှ မူးယစ်ဆေးများကို ယာဉ်အမျိုးမျိုးဖြင့်

မဲခေါင်၊ စက်တင်ဘာ ၁၅

မဲခေါင်မြစ်မှတဆင့် တင်သွင်းလာသည့် စိတ်ကြွဆေးပြား ၆သန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့တွင် ချင်းမိုင်ခရိုင်၊ ချင်းကောင်နယ်စပ်၌ ပစ်ကပ်ထရပ်ကားနှင့် ဆီဒင်ကားတစ်စီးအတွင်း မူးယစ်မှောင်ခိုသမား ၃ ယောက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ချင်းရိုင်ခရိုင် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ အမှတ် (၅) မူးယစ်ဆေးဝါးစုံးစမ်းဖော်ထုတ်ရေးဌာနမှ စီမံချက်ဖြင့် စုံစမ်းဖမ်းဆီးရာတွင် ဖမ်းဆီးရမိသူ ၃ ဦးအနက် ၂ ဦးသည် မယ်ဟောင်ဆောင်ခရိုင်၊ မယ်လနွိုင်မှဖြစ်ကာ အခြားတစ်ဦးမှာ ချင်းမိုင်ခရိုင် ဆမိုအန်းအရပ်မှ ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့ ၃ ဦးသည် ချင်းမိုင်ခရိုင်မူးယစ်ဆေးဝါးကွန်ရက်နှင့် ပတ်သက်သူများဖြစ်ကာ ချင်းရိုင်ခရိုင် ဝီယန်ကိန်းနှင့်ချင်းကောင်းဒေသရှိ မဲခေါင်မြစ်အတွင်းမှ မူးယစ်ဆေးများကို ယာဉ်အမျိုးမျိုးဖြင့် ချင်းမိုင်ခရိုင်သို့ သယ်ဆောင်ကာ ထိုမှ တစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးနေသူများ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။

ည ၁၀ နာရီဝန်းကျင်တွင် အဆိုပါကား ၂ စီးကို တားဆီး စစ်ဆေးရာ ပစ်ကပ်ထရပ်ကားကို မောင်းနှင် လာသူသည် ၃၆ နှစ်အရွယ် ချင်းရိုင်ခရိုင်၊ ဝီယန်ကိန်းရှိ မူအန်းယိုင်မှ အက်ကလက်ဆိုသူဖြစ်ကာ မီးခိုးရောင် ဆီဒင်ကားမောင်းလာသူမှာ ၄၈ နှစ်အရွယ် ဂျီယာယတ်ဆိုသူဖြစ်ကြောင်း၊ အတူလိုက်ပါသူ မှာ ၃၃ နှစ်အရွယ် ချာလစ်ဆိုသူတို့ဖြစ်သည်ဟု ချင်းရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကား ၂ စီးအတွင်း အိတ်ပေါင်း ၂၄ အိတ်ကို လျှို့ဝှက်သယ်ဆောင်လာကာ တစ်အိတ်လျှင် စိတ်ကြွဆေးပြား ၂၅၀၀၀၀ ပါရှိပြီး စုစုပေါင်း ဆေးပြား ၆၀၀၀၀၀၀ ကို သိမ်းဆည်းရမိကာ မူးယစ်ကွန်ရက်ကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဟုလည်းဆိုသည်။

Ref: Maesaipress
ကိုကလင်း
#စိတ်ကြွဆေးပြား
#မဲခေါင်မြစ်
#ချင်းမိုင်
#မယ်ဟောင်ဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now