နေ့စဥ်သတင်း

နိုင်ငံရေးကစားပွဲ ဒိုင်ဗင်ပွဲ၌ လဲပြိုပြီးနောက် သက်ဆင်ထောင်နန်းစံရဟု ဟွမ်ဆန်ဆို၊ ထောင်တွင်းပညာရေးစီမံကိန်းအရ သက်ဆင် ဘာသာစကားနည်းပြဆရာလုပ်နိုင်

မဲခေါင် 12 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၂ သက်ဆင်၏ ဖွေထိုင်းပါတီနှင့် သမီးဖြစ်သူ ပေထောင်တန်ဝန်ကြီးချုပ်ရာထူးမှ ပြုတ်ခဲ့ရမှုတွင် အဓိက ကျခဲ့သူ ကမ္ဘောဒီးယားအာဏာရှင်ခေါင်းဆောင် ဟွမ်ဆန်က သက်ဆင်သည် နိုင်ငံရေးကစားပွဲ ဒိုင်ဗင်ပြိုင်ပွဲအသွင်ဖြင့် မိမိတို့ နိုင်ငံစီးပွားရေးအား ဖိအားပေးရာမှ အဆုံး၌ ပြိုလဲပြီး ထောင်နန်းစံသွား ခဲ့ရပြီဟု စက်တင်ဘာ ၁၁ ရက်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးတင်ခဲ့သည်။ တစ်ချိန်က ဟွမ်ဆန်သည် သက်ဆင်အား သူငယ်ချင်းကောင်းကြီးဟု ခေါ်ဆိုလေ့ရှိသော်လည်း ပေထောင်တန်နှင့် နှစ်နိုင်ငံနယ်စပ် ပိုင်နက်အငြင်းပွားမှု တင်းမားနေချိန် ပုဂ္ဂိုလ်ရေးဆွေးနွေးမှုများအား အသံဖိုင် လူတကာရှေ့ချပြခဲ့ရာမှ ပေထောင်တန် ရာထူးမှ ထုတ်ခံရပြီး ဖွေထိုင်းဦးဆောင်တည်ထောင် ခဲ့သော ထိုင်းအစိုးရအဖွဲ့လည်း ဆင်းပေးခဲ့ရကာ သက်ဆင်လည်း ထောင်တွင်း ပြစ်ဒဏ်တစ်နှစ်ကျခံနေ

မဲခေါင်၊ စက်တင်ဘာ ၁၂

သက်ဆင်၏ ဖွေထိုင်းပါတီနှင့် သမီးဖြစ်သူ ပေထောင်တန်ဝန်ကြီးချုပ်ရာထူးမှ ပြုတ်ခဲ့ရမှုတွင် အဓိက ကျခဲ့သူ ကမ္ဘောဒီးယားအာဏာရှင်ခေါင်းဆောင် ဟွမ်ဆန်က သက်ဆင်သည် နိုင်ငံရေးကစားပွဲ ဒိုင်ဗင်ပြိုင်ပွဲအသွင်ဖြင့် မိမိတို့ နိုင်ငံစီးပွားရေးအား ဖိအားပေးရာမှ အဆုံး၌ ပြိုလဲပြီး ထောင်နန်းစံသွား ခဲ့ရပြီဟု စက်တင်ဘာ ၁၁ ရက်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးတင်ခဲ့သည်။

တစ်ချိန်က ဟွမ်ဆန်သည် သက်ဆင်အား သူငယ်ချင်းကောင်းကြီးဟု ခေါ်ဆိုလေ့ရှိသော်လည်း ပေထောင်တန်နှင့် နှစ်နိုင်ငံနယ်စပ် ပိုင်နက်အငြင်းပွားမှု တင်းမားနေချိန် ပုဂ္ဂိုလ်ရေးဆွေးနွေးမှုများအား အသံဖိုင် လူတကာရှေ့ချပြခဲ့ရာမှ ပေထောင်တန် ရာထူးမှ ထုတ်ခံရပြီး ဖွေထိုင်းဦးဆောင်တည်ထောင် ခဲ့သော ထိုင်းအစိုးရအဖွဲ့လည်း ဆင်းပေးခဲ့ရကာ သက်ဆင်လည်း ထောင်တွင်း ပြစ်ဒဏ်တစ်နှစ်ကျခံနေ ထိုင်သွားရမည်ဟု ယခုရက်ပိုင်းက အမိန့်ချမှတ်ခြင်းခံခဲ့ရသည်။

ဟွမ်ဆန်က “ နိုင်ငံရေးကစားပွဲဆိုတာ ဘာလဲ << ဒိုင်ဗင်ပြိုင်ပွဲ >> ကမ္ဘောဒီးယားစီးပွားရေးကို ဖိအားပေးခဲ့သူ သက်ဆင် ခုဘယ်ရောက်နေလဲ။ ဟွမ်ဆန်ရဲ့ ကြိုတင်ဟောကိန်း နောက်ဆုံးတော့ တစ်ကယ်မှန်ခဲ့ပြီ” ဟု ဖေ့စ်ဘုတ်တွင် ရေးတင်ခဲ့သည်။

သက်ဆင်မှာမူ လက်ရှိ ထောင်ဒဏ်တစ်နှစ်ကျခံရန် ကိုဗစ်ကွာရန်တိုင်း ၅ ရက်အား ထောင်တွင်းကျခံ နေရပြီး ပြင်ဆင်ရေးဦးစီးဌာန (အကျဉ်းဦးစီးဌာန) ဒုတိယညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ချန်ကန်ဂျနာပတ်က ထောင်တွင်း သက်ဆင် မနက်စာ ကော်ဖီနှင့်ကြက်ဥ ၂ လုံးစားသလို စားစရာရှိသည်များ စားပြီး စိတ်ခွန်အားအပြည့်ဖြင့် ဖိအားကင်းစွာနေနိုင်ကြောင်း၊ ဘာသာစကားကျွမ်းကျင်မှုများကြောင့် ထောင်တွင်းပညာရေးအစီအစဉ်၌ ဘာသာစကားသင်တန်းနည်းပြ အဖြစ် သင်ကြားပေးသွားဖွယ်လည်း ရှိသည်ဟု စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

ထိုင်းထောင်တွင်း ပြစ်ဒဏ်လျှော့ပေါ့မှု စနစ်များအရ သက်ဆင်သည် ထောင်တွင်း အကောင်းမွန်ဆုံးအဆင့် နေထိုင်နိုင်ပါက လျှော့ရက်များ ကြောင့် ၆ လခန့်သာ ကျခံရဖွယ်ရှိသည်ဟု သိရသလို ယခုလို ဘာသာစကားသင်တန်းနည်းပြလုပ်ခြင်း ဖြင့် ပိုမိုလျှော့ရက်ရဖွယ်ရှိသည်ဟု ထိုင်းမီဒီယာများက ရေးသားနေကြသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#သက်ဆင်
#ဟွမ်ဆန်
#ထိုင်းနိုင်ငံရေး
#ဘာသာစကားနည်းပြ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now