နေ့စဥ်သတင်း

ကျားဖြန့်လုပ်ငန်းများ အရှေ့တီမောနိုင်ငံအတွင်း ပျံ့နှံ့တည်ရှိလာဟု UNODC ထုတ်ပြန်

မဲခေါင် 12 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၂ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် လိုက်သော အစီရင်ခံစာ၌ အရှေ့တီမောနိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်အသစ်တစ်ခုနှင့် ချိတ်ဆက်သော ကျားဖြန့်သံသယ ကုမ္ပဏီများပျံ့နှံ့ဝင်ရောက်လာနေသည်ဟု ဖော်ပြသွားခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အလုံပိတ်အဆောက်အအုံများစွာဖြင့် ကျားဖြန့်လုပ်ငန်းများ အများဆုံး ရှိနေခဲ့ရာမှ လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးသို့ အဆိုပါဒုစရိုက်ကွန်ရက် ဖြန့်ကျက်ရောက်ရှိနေပြီဖြစ်ကာ အချို့သော အစိုးရများက နှိမ်နင်းရေးလုပ်ဆောင်သည့်တိုင် နေရာရွှေ့ပြောင်း လုပ်ကိုင်နိုင်စွမ်းရှိသည့် ကြီးမားသော အင်အားစုဖြစ်နေသည်ဟုလည်း ယင်းအစီရင်ခံစာတွင်ဆိုသည်။ ဧပြီလက UNODC ထုတ်ပြန်သော အစီရင်ခံစာ၌ ကျားဖြန့်လုပ်ငန်းကြီးများသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့တွင် အခိုင်အမာရှိနေကာ တစ်နှစ် ဒေါ်လာ ၁၀

မဲခေါင်၊ စက်တင်ဘာ ၁၂

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် လိုက်သော အစီရင်ခံစာ၌ အရှေ့တီမောနိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေးဇုန်အသစ်တစ်ခုနှင့် ချိတ်ဆက်သော ကျားဖြန့်သံသယ ကုမ္ပဏီများပျံ့နှံ့ဝင်ရောက်လာနေသည်ဟု ဖော်ပြသွားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အလုံပိတ်အဆောက်အအုံများစွာဖြင့် ကျားဖြန့်လုပ်ငန်းများ အများဆုံး ရှိနေခဲ့ရာမှ လက်ရှိတွင် ကမ္ဘာတစ်ဝန်းလုံးသို့ အဆိုပါဒုစရိုက်ကွန်ရက် ဖြန့်ကျက်ရောက်ရှိနေပြီဖြစ်ကာ အချို့သော အစိုးရများက နှိမ်နင်းရေးလုပ်ဆောင်သည့်တိုင် နေရာရွှေ့ပြောင်း လုပ်ကိုင်နိုင်စွမ်းရှိသည့် ကြီးမားသော အင်အားစုဖြစ်နေသည်ဟုလည်း ယင်းအစီရင်ခံစာတွင်ဆိုသည်။

ဧပြီလက UNODC ထုတ်ပြန်သော အစီရင်ခံစာ၌ ကျားဖြန့်လုပ်ငန်းကြီးများသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားတို့တွင် အခိုင်အမာရှိနေကာ တစ်နှစ် ဒေါ်လာ ၁၀ ဘီလီယံဖိုး လိမ်လည်ရယူနေကာ ဖိလစ်ပိုင်တွင်လည်း ရှိလာပြီဖြစ်သလို လက်တင်အမေရိကနှင့် အာဖရိကသို့ပါ ရောက်ရှိနေပြီဟု ဖော်ပြပါရှိခဲ့သည်။

ဩဂုတ်လကုန်ပိုင်းက အိုအီဆက်ဆီဒေသဆိုင်ရာ အာဏာပိုင်များသည် မသင်္ကာဖွယ်ရာ ကျားဖြန့် စင်တာတစ်ခုကို ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာမှ အရှေ့တီမောတွင်လည်း ကျားဖြန့်လုပ်ငန်းများ ရောက်ရှိအခြေချနေကာ ထိုစဉ်က ပြည်ပသား ၃၀ ကျော် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ လုပ်ဆောင်နေ ခဲ့သည်ဟု သိရသည်။

ဖမ်းခံရသူများသည် မလေးရှား၊ အင်ဒိုနီးရှား၊ တရုတ်တို့မှဖြစ်ပြီး ၎င်းတို့သည် လူမှောင်ခိုကူးခံရကာ ရောက်ရှိခြင်းဟုတ်မဟုတ် မသိရဟုလည်း UNODC က ဆိုသည်။

အိုအီဆက်ဆီ ဒေသသည် အရှေ့တီမောနှင့် အင်ဒိုနီးရှားနှင့် ကျွန်းများကို တစ်ဝက်စီခွဲဝေပိုင်ဆိုင်ထားသော ဒေသဖြစ် ကာ ၂၀၂၄ ဒီဇင်ဘာတွင် ဒေသဆိုင်ရာအစိုးရအဖွဲ့က လွတ်လပ်သောကုန်သွယ်ရေးဇုန် (Digital Centre) ထူထောင် ပြီးနောက် ကျားဖြန့်လုပ်ငန်းများ ဆက်တိုက်ရောက်ရှိအခြေချလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုအခြေအနေကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန် အဆိုတင်သွင်းထားသော အရှေ့တီမော (တီမောလက်စတီ)ကို အာဆီယံက အဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် ပြန်လည်စဉ်းစားရမည်ဖြစ်သည်။

ထိုနိုင်ငံလေးသည် လူဦးရေ ၁ ဒသမ ၃ သန်းသာရှိကာ ကမ္ဘောဒီးယားရှိ ကာစီနိုကွန်ရက်မှ စီးပွားရေး သမားတစ်ဦးနှင့် ချိတ်ဆက်မှုများဖြင့် ကျားဖြန့်များဝင်ရောက် နေရာယူလာခြင်းဖြစ်သည်။

ယင်းကမ္ဘောဒီးယား ကာစီနိုသူဌေးသည် မြ၀တီကျားဖြန့်လုပ်ငန်းတွင်လည်း ထင်ရှားသည့် ခေါင်းဆောင် 14K Triad ဂိုဏ်းခေါင်းဆောင် Wan Kuok-koi နှင့်စီးပွားဖက်ဖြစ်ကာ Wan Kuok-koi ကို အမေရိကန်မှ ပိတ်ဆို့အရေးယူမှု လုပ်ထားသည်။

ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာတို့တွင် ကျားဖြန့် နှိမ်နင်းမှုများရှိသည့် အတွက် ယင်းကျားဖြန့်များ အရှေ့တီမောသို့ ပြောင်းရွှေ့အခြေချခြင်းဖြစ်နိုင်ကြောင်းလည်း UNODC က အစီရင်ခံစားတွင် ရေးသားဖော်ပြခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ကျားဖြန့်
#အရှေ့တီမော
#ကမ္ဘောဒီးယား
#ကာစီနို
#အိုအီဆက်ဆီဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now