မဲခေါင်၊ စက်တင်ဘာ ၉
စက်တင်ဘာ ၉ ရက်က ကျင်းပသည့် ထိုင်း-ကမ္ဘောဒီးယား အထွေထွေ နယ်ခြားကော်မတီ (GBC) အစည်းအဝေးတွင် ထိုင်း အမျိုးသားလုံခြုံရေးကောင်စီမှ အဆိုပြုသည့် အချက် ၅ ချက်ပါ သဘောတူညီချက်ကို စက်တင်ဘာ ၁၀ ရက်၌ လက်မှတ်ရေးထိုးသဘောတူသွားမည်ဟု သိရသည်။
ယင်းအစည်းအဝေးပွဲကို ပေထောင်တန်ဝန်ကြီးချုပ်လက်ထက် အစိုးရအဖွဲ့မှ နောက်ဆုံး အစည်းအဝေးအဖြစ် ပြုလုပ်သွားခဲ့ခြင်းဖြစ်ကာ ဥက္ကဌအဖြစ် ပေထောင်တန်၏ပါတီ ဖွေထိုင်းမှ ယာယီဝန်ကြီးချုပ်လုပ်သူ ဖမ်သမ်ဝီချာယာချိုင်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပြုအပြီး သဘောတူခဲ့သော အချက် ၅ ချက်မှာ …
– လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်
– ဆိုက်ဘာရာဇဝတ်မှုများနှင့် လူမှောင်ခိုလုပ်ငန်းများ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်
– အဆောက်အဦများ ကျူးကျော်ခြင်းကိစ္စများတွင် နယ်စပ်ဒေသများကို စီမံခန့်ခွဲရန်
– တင်းမာမှုများလျှော့ချရာတွင် ဧရိယာ-ပစ်မှတ်ထား လက်နက်များ ရုတ်သိမ်းရန်
– လူမှုကွန်ရက်များပေါ်တွင် သတင်းအချက်အလက်မှားများ ဖြန့်ဝေခြင်း၊ ရန်စခြင်းများ အတွက် ကိုင်တွယ်အရေးယူဖြေရှင်းရန် တို့ဖြစ်သည်။
လက်ရှိတွင် ပေထောင်တန်အား ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားပြီးနောက် ၎င်းတင်မြှောက်သည့် အစိုးရအဖွဲ့လည်း ပျက်သွားခဲ့ပြီဖြစ်ရာ ဘမ်ချိုင်ထိုင်းပါတီမှ ဝန်ကြီးချုပ်သစ်အဖြစ် တက်လာသည့် အနုထင်သည် အစိုးရဖွဲ့ရန် ၁၀၀ ရာခိုင်နှုန်းနီးပါး စီမံပြီးစီးတော့မည်ဖြစ်ကာ ဝန်ကြီး ၁၆ ဦးကို သတ်မှတ်အတည်ပြုပေးနိုင်ခဲ့ပြီဟု စက်တင်ဘာ ၉ ရက်က ကြေညာခဲ့သည်။
ကိုကလင်း
Ref: Thai Enquirer
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်
#ကျားဖြန့်








