မဲခေါင်၊ စက်တင်ဘာ ၈
ဂါဇာကမ်းမြောင်ဒေသအတွင်း ၂၀၂၃ ခုနှစ်အောက်တိုဘာလကတည်းက ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမက်စ်တို့၏ စစ်ပွဲ အဆုံးသတ်ရေးနှင့် ဟားမက်စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများ ပြန်လွှတ်ပေးရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးသော သတိပေးချက်ထုတ်ပြန်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က ဟားမက်စ်သည် အစ္စရေးနယ်စပ်ကို ကျော်ဝင်လာကာ လူပေါင်း ၁၂၁၉ ယောက်ကိုသတ်ဖြတ်ခဲ့သလို ဓားစာခံ ၂၅၁ ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယခုအထိ ဂါဇာထဲတွင် ဓားစာခံ ၄၇ ယောက် ရှိနေသေးပြီး ထိုထဲတွင် ၂၅ ယောက်မှာ သေဆုံးခဲ့ပြီး ဖြစ်မည်ဟု အစ္စရေးစစ်တပ်က သုံးသပ်ထားသည်။
ယခု ဒေါ်နယ်ထရမ့်က အစ္စရေးနှင့် ငြိမ်းချမ်းရေးအဆိုပြုမှုနှင့် ဓားစာခံများပြန်လည်လွတ်မြောက်ရေး အတွက် ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဟားမက်စ်အနေဖြင့် စစ်ပွဲအပြီးသတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ရန် နောက်ဆုံးအကြိမ် သတိပေးသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထရမ့်က ၎င်းတင်ပြ ထားသော အဆိုကို အတိအလင်း ထုတ်ပြန်ခြင်းမရှိသေးသော်လည်း မကြာမီ စစ်ပွဲပြီးဆုံးရေး အကောင်းဆုံးဆွေးနွေးအဖြေများ ထွက်ရှိလာစေမည်ဟု စက်တင်ဘာ ၈ ရက်က ပြောသွားခဲ့သည်။
ဟားမက်စ်ခေါင်းဆောင်များကလည်း ဒေါ်နယ်ထရမ့်အဆိုကို လက်ခံသဖြင့် ဓားစာခံများပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်လုပ်ဆောင်ရေး လိုက်နာဆောင်ရွက်သွား မည်ဟု ချက်ချင်း ထုတ်ပြန်ခဲ့သည်။
ဂါဇာတွင် ယခုဖြစ်ပွားနေသော အစ္စရေးနှင့်ဟားမက်စ်တို့ စစ်ပွဲ၌ ပါလက်စတိုင်း ၆၄၃၆၈ ယောက် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားပြည်သူများဖြစ်သည်ဟု သိရှိရသည်။
ကိုကလင်း
Ref: hurriyetdailynews
#MeKongNews
#ဂါဇာ
#ဟားမက်စ်
#ဒေါ်နယ်ထရမ့်
#အစ္စရေး








