မဲခေါင်၊ စက်တင်ဘာ ၃
ပြည်သူ့ပါတီက ၎င်းတို့၏ဖွေထိုင်းပါတီနှင့် မဟာမိတ်အဖြစ် မပူးပေါင်းဘဲ ဘမ်ဂျိုင်းထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ခြင်းကြောင့် လွှတ်တော်အား ဖျက်သိမ်းရန် လက်ရှိထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာရာချိုင်က ဘုရင်ထံ တင်ပြတောင်းဆိုမှုသည် အခွင့်အာဏာမရှိခြင်းနှင့် တော်ဝင်ဘုရင်မိသားစုကိုပင် အသရေဖျက်သကဲ့သို့ဖြစ်စေသောကြောင့် ရဲတပ်ဖွဲ့က အရေးယူပေးရန် ဒီမိုကရေစီသစ်ပါတီက တောင်းဆိုသွားခဲ့သည်။
ဖမ်သမ်သည် ၎င်းတို့ပါတီမှ ဝန်ကြီးချုပ်တင်မြှောက်ခွင့်နှင့်အစိုးရအဖွဲ့သစ် မဖွဲ့နိုင်သည့်အခြေအနေ ကြောင့် အမြန်ဆုံးလွှတ်တော်ဖျက်သိမ်းကာ အစိုးရအဖွဲ့သစ်ကို သတ်မှတ်ကာလအတွင်း ပြန်လည် ဖွဲ့စည်းသွားရန် ဘုရင်ထံသို့ စက်တင်ဘာ ၂ ရက်က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ရပ်သည် အခွင့်အာဏာမရှိသည့်လုပ်ရပ်ကို လုပ်ဆောင်ခြင်း၊ ဘုရင်မိသားစု ဂုဏ်သရေကို အသုံးချလိုရင်းဖြင့် တောင်းဆိုသည့် အသရေပျက်စေမှုကို ဖြစ်စေသည်ဟု ဒီမိုကရေစီသစ်ပါတီခေါင်းဆောင် ဆူရာသင်ဖိချန်းက ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတစ်ဆင့် ရဲတပ်ဖွဲ့ အရေးယူပေးရန် စက်တင်ဘာ ၃ ရက်မွန်းလွဲပိုင်း၌ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#တော်ဝင်မိသားစု
#ဝန်ကြီးချုပ်
#အောက်လွှတ်တော်








