မဲခေါင်၊ စက်တင်ဘာ ၂
အရှေ့တောင်အာရှ၏ လူဦးရေအများဆုံးနှင့် စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် လွှတ်တော်အမတ်များရရှိခံစားနေသည့် အထူးအခွင့်အရေးများ များလွန်းသဖြင့် ဆန္ဒပြရာမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအုံကြွမှုကြီးဖြစ်လာကာ လက်ရှိတွင် ၂၃ ဦး ပျောက်ဆုံးနေသည်ဟု ဆန္ဒပြပြည်သူများဘက်မှ ထုတ်ပြန်လာခဲ့သည်။
ပြီးခဲ့သည့်တပတ်က စတင်ဆန္ဒပြမှုတွင် လူငယ် ဆိုင်ကယ်ဒလီဗာရီပို့ဆောင်သူအား ရဲကားက ဝင်တိုက်သတ်ဖြတ်မှုကြောင့် ပြည်သူများ ဒေါသမီးတောက်လောင်ကာ ရဲတပ်ဖွဲ့များ၊ စစ်သည်များ နှင့် အဓိကရုဏ်းအသွင်ဆောင်ကာ မိုလိုတော့ဗ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်သဖြင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။
စက်တင်ဘာ ၁ ရက်နေ့တွင် ဂျာဗားကျွန်းရှိ ဒီပေါ့ခ်ရပ်၊ ဘန်ဒေါင်းမြို့၊ ဂျာကာတာအလယ်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်းဆန္ဒပြပွဲများတွင် အဓိကရုဏ်းအသွင်ဆောင်ခဲ့ကာ ၂၃ ဦးအထိ ပျောက်ဆုံးခဲ့ရ ကြောင်း ပျောက်ကွယ်သွားသူများနှင့် အကြမ်းဖက်မှုခံ သားကောင်များအတွက် ကော်မရှင် (KontraS) အဖွဲ့က ထုတ်ပြန်သွားခဲ့သည်။
ဩဂုတ် ၂၅ ရက်မှ စတင်ခဲ့သော ဆန္ဒပြမှုတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ပြည်သူ ၁၂၄၀ ဦး ဖမ်းဆီးထားကြောင်း သိရပြီး ကုလသမဂ္ဂက စက်တင်ဘာ ၁ ရက်နေ့ ဆန္ဒပြမှုများကို အင်ဒိုနီးရှားအစိုး ရက စစ်တပ်ပါ အင်အားသုံးပြီး ပစ်ခတ်မှုများပြုလုပ်သောကြောင့် မညီမျှသော၊ မဖြစ်သင့်သော အင်အား သုံးမှုဟု စွပ်စွဲကာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အင်ဒိုနီးရှား တစ်နိုင်ငံလုံးအနှံ ဆန္ဒပြမှုများသည် အဓိကရုဏ်းအသွင်ဆန်လာသောကြောင့် အင်ဒိုနီးရှားသမ္မတက မင်းမဲ့စရိုက်ဖြင့် အကြမ်းဖက်လှုံ့ဆော်နေသူများအား နှိမ့်ကွပ်ရန် အမိန့်ထုတ်ပြန်ကာ သုံးစွဲသူ သန်း ၁၀၀ ကျော်ရှိသည့် TikTok မှ Live လွှင့်မှုများကို ဩဂုတ် ၃၀ ရက်မှ စတင်ပိတ်ပင်ထားသည်။
ကိုကလင်း
Ref: The Strait Time
#MeKongNews
#အင်ဒိုနီးရှား
#ဆန္ဒပြပွဲ
#လွတ်တော်အမတ်
#ဂျာဗားကျွန်း
#ဂျကာတာ
#ဘန်ဒေါင်း








