မဲခေါင်၊ စက်တင်ဘာ ၁
လွှတ်တော်အမတ်များအတွက် နေထိုင်ရာအိမ်များပေးထားခြင်း၊ ပြည်ပခရီးစဉ်များအတွက် အသုံးစားရိတ်များပေးထားခြင်းအပါအဝင် ခံစားခွင့်နှင့် အထူးခံစားခွင့်များ ပေးထားခြင်းအပေါ် မကျေမနပ်ဆန္ဒမှုများဖြစ်ပေါ်နေရာ အင်ဒိုနီးရှားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ဆွေးနွေးပြီးနောက် လွှတ်တော်အမတ်များ ခံစားခွင့်များထဲမှ အချို့သောခံစားခွင့်များကို ရုပ်သိမ်းပေးကြောင်း သမ္မတ ပရာဘိုဝိုက ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အင်ဒိုနီးရှားတွင် လွှတ်တော်အမတ်များ အကျိုးခံစားခွင့်များစွာ ရရှိနေခြင်းအပေါ် ပြည်သူများ မကျေမနပ် ဆန္ဒပြမှုသည် ဩဂုတ် ၂၅ ရက်နေ့က စတင်ခဲ့ကာ ဩဂုတ် ၂၈ ရက်၌ မော်တော်ဆိုင်ကယ်စီး ဆန္ဒပြသူတစ်ဦး ရဲတပ်ဖွဲ့ နှိမ်နင်းမှုကြောင့် သေဆုံးရာမှ စတင်ပြီး အကြမ်းဖက် အဓိကရုဏ်းဆန်လာခဲ့ပြီးနောက် ယနေ့အထိ ၅ ဦးသေဆုံးပြီး အုံကြွမှုပိုမိုပြင်းထန်လာသည်။
လွှတ်တော်အမတ်များ နေအိမ်များကို မီးရှို့ခြင်း၊ လုယက်ခြင်းများပင်ဖြစ်လာသောကြောင့် ပရာဘိုဝိုက သမ္မတရုံးတော်တွင် ဩဂုတ် ၃၁ ရက်၌ အစည်းအဝေးခေါ်ယူပြီးနောက် လွှတ်တော်အမတ်များ ခံစားခွင့်များထဲမှ တချို့ကို ရုပ်သိမ်း ပေးကြောင်းကြေညာခြင်းနှင့်အတူ ရဲနှင့်စစ်တပ်သည် အကြမ်းဖက်မှုဆန်လာသူများအား နိုင်ငံတော် ပုန်ကန်မှု၊ အကြမ်းဖက်မှုကျူးလွန်သူများအဖြစ်သတ်မှတ်ကာ ပြင်းထန်စွာ အရေးယူရမည်ဟုလည်း အမိန့်ထုတ်ပြန်ခဲ့သည်။
ပရာဘိုဝို သမ္မတဖြစ်လာပြီး ၁ နှစ်အတွင်း ယခုတစ်ကြိမ် ဆန္ဒပြမှုသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာ ကာ ယခုမတိုင်မီ နိုင်ငံရေးဆန့်ကျင်တိုက်ခိုက်မှုများ မရှိခဲ့ပေ။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#အင်ဒိုနီးရှား
#ဆန္ဒပြ
#လွတ်တော်အမတ်
#ခံစားခွင့်








