နေ့စဥ်သတင်း

ဘန်ဂျိုင်းထိုင်းပါတီက ပြည်သူ့ပါတီနှင့်ပူးပေါင်းပြီး အစိုးရသစ်ဖွဲ့ရန် မဲ ၂၈၀ ကျော်ရဟု ထုတ်ပြန်၊ ပေထောင်တန်ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ခံရသော်လည်း အစိုးရအဖွဲ့ အပြောင်းအလဲ သိပ်မရှိနိုင်ဟု ဖွေထိုင်းပါတီမျှော်လင့်

မဲခေါင် 30 Aug - 2025
မဲခေါင်၊ ဩဂုတ် ၃၀ ဩဂုတ် ၂၉ ရက်တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ရန်ဘက် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့် သီးခြားတွေ့ဆုံစကားပြောဆိုမှု ပေါက်ကြားရာမှ နိုင်ငံတော် သိက္ခာကျစေမှုဖြစ်သည်ဟု ဆိုကာ ဝန်ကြီးချုပ် ပေထောင်တန်ကို ရာထူးမှ ဖြုတ်ချလိုက်ပြီးနောက် ထိုင်းအစိုးရသစ်ဖွဲ့ရေး ပါတီ များအကြား မဟာမိတ်ဖွဲ့ရေး လွန်ဆွဲမှုများ ပြင်းထန်လာခဲ့သည်။ ဝန်ကြီးချုပ် ဖြုတ်ချခံရခြင်းနှင့်အတူ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးများလည်း ရာထူးပျက်ပြယ်မည်ဖြစ် သောကြောင့် ဝန်ကြီးချုပ်သစ်တင်မြှောက်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး လွှတ်တော်တွင် မဲခွဲဆုံး ဖြတ်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ယာယီဝန်ကြီးချုပ်အဖြစ် ခေတ္တ ဝန်ကြီးချုပ်ရာထူး ယူထားသူ ပေထောင်တန်နှင့်တစ်သားတည်းရှိသောဖွေထိုင်းပါတီမှ ဖမ်သမ်ဝီချာယာချိုင်ကို ဆက်လက်ခန့်အပ်ထားရာ ယာယီ အစိုးရအဖွဲ့သည်လည်း ဖွေထိုင်းပါတီ ဖွဲ့စည်းထားသည့် ယခင်ပုံစံအတိုင်း ရှိနေသည်။

မဲခေါင်၊ ဩဂုတ် ၃၀

ဩဂုတ် ၂၉ ရက်တွင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ရန်ဘက် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့် သီးခြားတွေ့ဆုံစကားပြောဆိုမှု ပေါက်ကြားရာမှ နိုင်ငံတော် သိက္ခာကျစေမှုဖြစ်သည်ဟု ဆိုကာ ဝန်ကြီးချုပ် ပေထောင်တန်ကို ရာထူးမှ ဖြုတ်ချလိုက်ပြီးနောက် ထိုင်းအစိုးရသစ်ဖွဲ့ရေး ပါတီ များအကြား မဟာမိတ်ဖွဲ့ရေး လွန်ဆွဲမှုများ ပြင်းထန်လာခဲ့သည်။

ဝန်ကြီးချုပ် ဖြုတ်ချခံရခြင်းနှင့်အတူ လက်ရှိ အစိုးရအဖွဲ့ဝန်ကြီးများလည်း ရာထူးပျက်ပြယ်မည်ဖြစ် သောကြောင့် ဝန်ကြီးချုပ်သစ်တင်မြှောက်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး လွှတ်တော်တွင် မဲခွဲဆုံး ဖြတ်ကြရမည်ဖြစ်သည်။

လက်ရှိတွင် ယာယီဝန်ကြီးချုပ်အဖြစ် ခေတ္တ ဝန်ကြီးချုပ်ရာထူး ယူထားသူ ပေထောင်တန်နှင့်တစ်သားတည်းရှိသောဖွေထိုင်းပါတီမှ ဖမ်သမ်ဝီချာယာချိုင်ကို ဆက်လက်ခန့်အပ်ထားရာ ယာယီ အစိုးရအဖွဲ့သည်လည်း ဖွေထိုင်းပါတီ ဖွဲ့စည်းထားသည့် ယခင်ပုံစံအတိုင်း ရှိနေသည်။

ထိုအခြေအနေတွင် ဘမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် ယခင် ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံ ဒုဝန်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့သူ အနူတင်ချန်ဗီယာကူက မိမိသည် ပေထောင်တန်နေရာတွင် ၃၂ ဆက်မြောက် ထိုင်းဝန်ကြီးချုပ်ရာထူးရယူရန် အဆိုတင်သွင်းကာ ပြီးခဲ့သည့်ရွေးကောက်ပွဲက မဲအများ ဆုံးအနိုင်ရရှိပါလျှက် ဖျက်သိမ်းခံရသည့် Move Forward Party (ယခု ပြည်သူ့ပါတီ) နှင့် မဟာမိတ်ဖွဲ့ ရန် သဘောတူခဲ့သည့်အပြင် လက်ရှိဖွေထိုင်းပါတီ လွှတ်တော်အမတ် ၁၀ ဦး၊ ပရာချာချွန်ပါတီနှင့် ကလာသမ်ပါတီတို့နှင့် မဟာမိတ်ဖွဲ့နိုင်ပြီဖြစ်ကာ လိုအပ်သည့် လွှတ်တော်မဲ ၂၈၀ ကျော် ရထားနိုင်ပြီဟု အသိပေးထုတ်ပြန်သွားခဲ့သည်။

ထိုအခြေအနေတွင် ဝန်ကြီးချုပ်အာဏာအပြည့်အ၀ရှိသည်ဆိုသော ယာယီဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က ပြည်သူ့ပါတီအနေဖြင့် မြေယာကိစ္စနှင့် လွှတ်တော်အမတ်များလိမ်လည်စွပ်စွဲမှု များရှိသော ဘမ်ဂျိုင်းထိုင်းပါတီနှင့် မဟာမိတ်ဖွဲ့ပါက ပြဿနာများသာ ရှိလာမည်ဖြစ်ကာ ၎င်းတို့ အမတ်နေရာ ၂၈၀ ကျော် ရရှိထားသည်ဆိုခြင်းမှာလည်း နေ့ခင်းကြောင်တောင် အိပ်မက်နေခြင်းဖြစ် ကြောင်း၊ မိမိနှင့်လက်ရှိ ယာယီအစိုးရအဖွဲ့သည် လွှတ်တော်ကို ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာပင် ရှိနေသည့်အတွက် ရှပ်နီနှင့် ရှပ်ဝါများအကြား ညှိနှိုင်းမဟာမိတ်ပြုခြင်းဖြင့် အစိုးရသစ်၊ ဝန်ကြီးချုပ်သစ်ရရှိနိုင်ခြင်းသည်သာ လွယ်ကူသည့် အနေအထားဟု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတော်ကောင်စီအတွင်းရေးမှူး ပါခွန်းနီပရာဖမ်ကမူ ယာယီဝန်ကြီးချုပ်အနေဖြင့် ဖမ်သမ်ပြောသလို လွှတ်တော်အားဖျက်သိမ်းခွင့်မရှိကြောင်း သတိပေးချက် ထုတ်ပြန်ချိန်တွင် ဖွေထိုင်း ပါတီကလည်း အာဏာလက်မလွှတ်ရရေး ချိုင်ကာဆမ်နီတီဆီရီကို ဝန်ကြီးချုပ်ရာထူးအတွက် အဆိုတင်သွင်းကာ ပြည်သူ့ပါတီအပြင် အဓိကအတိုက်အခံပါတီဖြစ်သော ပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ပရာချာချွန်ပါတီနှင့် ကလာသမ်ပါတီတို့နှင့် မဟာမိတ်ဖွဲ့ကာ အစိုးရသစ်ဖွဲ့စည်း နိုင်ရန် ကြိုးစားလာသည်။

ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်တွင် ဘန်ဂျိုင်ထိုင်းပါတီ ပြောသလို ပရာချာချွန်နှင့် ကလာသမ်ပါတီတို့သည် တရားဝင် မဟာမိတ်များအဖြစ် လက်မခံသေးကြောင်း ထုတ်ပြန်ကာ ၄ လအတွင်း အစိုးရသစ်ဖွဲ့နိုင်ရေး မဟာမိတ်ပါတီများကို အပြိုင်အဆိုင် စည်းရုံးလှုပ်ရှား နေပြီဖြစ်သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#ပြည်သူ့ပါတီ
#ပေထောင်တန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now