မဲခေါင်၊ ဩဂုတ် ၃၀
ဩဂုတ် ၂၇ ရက်ညက ယူကရိန်းနိုင်ငံ ကိဗ်မြို့အား ရုရှားဘက်မှ ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ သေဆုံးသူပေါင်း ၁၈ ဦးရှိလာသည့်အပြင် ဗြိတိသျှကောင်စီ ရုံးနှင့် ဥရောပသမ္မဂ ကိုယ်စားလှယ်များရုံးကိုပါ ထိမှန်ခဲ့သောကြောင့် ဗြိတိန်အစိုးရသည် ရုရှားသံအမတ်ကို ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်း၌ နိုင်ငံခြားရေးရုံးသို့ ဆင်ခေါ်ကာ အပြင်းထန်ဆုံး ရှုတ်ချမှု ထုတ်ပြန်သွားခဲ့ သည်။
ယင်းညပိုင်းတိုက်ခိုက်မှုတွင် အငယ်ဆုံးအဖြစ် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ကလေး ၄ ဦး သေဆုံးပြီး စုစုပေါင်း ၁၈ ဦးသေဆုံးကာ ၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဗြိတိသျှကောင်စီ ရုံးကို ဒုံးကျည်တစ်လုံး တည့်တည့်ထိမှန်ပြီးနောက် စက္ကန့် ၂၀ အကြာတွင် နောက်တစ်လုံး ထပ်မံ ထိမှန် သဖြင့် ဆိုးရွားစွာ ပျက်စီးစေပြီး လုံခြုံရေးတစ်ဦး ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် ဂျာမနီ၊ ပြင်သစ်အပါ ဥရောပနိုင်ငံခေါင်းဆောင်များက ပူတင်သည် ဒေါ်နယ်ထရမ့် အဆိုပြု သည့် ငြိမ်းချမ်းရေးကို မလိုလားသည်မှာ သေချာသည်ဟု အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ ကြသည်။
ဗြိတိန်ဝန်ကြီးချုပ် ဆာကိုင်ရာစတာမာကလည်း ပူတင်သည် ကလေးများနှင့် အပြစ်မဲ့ ပြည်သူများကို သတ်နေသူ၊ ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ရိုက်ချိုးဖျက်ဆီးနေသူသာဖြစ်သောကြောင့် သွေးချောင်းစီးမှု မလွဲမသွေရပ်တန့်ရမည်ဖြစ်ကြောင်း၊ ကိဗ်ရှိ ဗြိတိသျှကောင်စီ အဆောက်အအုံ ထိမှန် ခြင်းအတွက် အပြင်းထန်ဆုံးအဆင့် သတိပေးရှုတ်ချမှုကို ထုတ်ပြန်သည်ဟုဆိုကာ ရုရှားသံမှူး အန်ဒရေးကီလင်ကို ခေါ်ယူ သတိပေးခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗြိတိသျှကောင်စီ
#ကိဗ်မြို့
#ယူကရိန်း
#ရုရှား








