မဲခေါင်၊ ဩဂုတ် ၂၈
ဒေါ်နယ်ထရမ့်နှင့် အလက်စကားတွင် မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် ကိဗ်မြို့ကို အပြင်းထန်ဆုံး ပြန်လည်တိုက်ခိုက်မှုအား ဩဂုတ် ၂၇ ရက်က ပူတင်ပြုလုပ်ခဲ့ရာ ကလေး ၂ ဦးအပါ အနည်းဆုံး ၈ ဦး သေဆုံးခဲ့သည်။
ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ဒရုန်များ၊ ခရုဇ်ဒုံးကျည်များ၊ ပဲ့ထိန်းဒုံးများစွာပါဝင်ကာ ကိဗ်မြို့ အဆောက်အအုံပေါင်း ၁၀၀ ကျော်ကို ထိမှန်သက်ရောက်စေခဲ့ကြောင်း၊ ဒါနစ်စကီယီအရပ်မှ ၅ ထပ် တိုက်ထိမှန်ပြိုကျမှု အပျက်အစီးများအောက်၌ ပိနေသူများရှိနေသေးကြောင်း၊ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်နောက်ထပ် ကလေး တစ်ဦးအပါ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ရသည်ဟု ကိဗ်မြို့တော် စီမံခန့်ခွဲရေးဌာနအကြီးအကဲ တီကာချန်ကိုက ထုတ်ပြန်ပြောဆိုသည်။
ဒေါ်နယ်ထရမ့်ကိုယ်တိုင်ကြားဝင်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း ပူတင် သည် ငြိမ်းချမ်းရေးထက် ပဲ့ထိန်းဒုံးကျည်များပစ်ခတ်တိုက်ခိုက်ခြင်းကို ရွေးချယ်ခဲ့သည်ဟု ယူကရိန်း သမ္မတ ဇီလန်းစကီးက တုံ့ပြန်သွားခဲ့သည်။
ပူတင်နှင့် ဇီလန်းစကီးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်သည်ဟု ဒေါ်နယ်ထရမ့်ပြောခဲ့သော်လည်း ဥရောပမဟာမိတ်များ ယူကရိန်းနယ်မြေထဲ အခြေချပြီး အနာဂတ်ယူကရိန်းနိုင်ငံတော်အား ရုရှားထပ်မကျူးကျော်ရေး အဟန့်အတားထားရှိရန် စီစဉ်မှုကို ရုရှားဘက်က လုံး၀ လက်မခံနိုင်ဟု တုံ့ပြန်ထားသဖြင့် ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေသေးခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#ယူကရိန်း
#ဒေါ်နယ်ထရမ့်
#ကိဗ်မြို့








