ကမ္ဘာ့သတင်း

ကာဂျီကီတိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်တွင် ၃ ဦးသေဆုံးကာ အိမ် ၇၀၀၀၊ စပါးခင်း ဟက်တာ ၂၈၈၀၀ ပျက်စီး

မဲခေါင် 26 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၆ ဩဂုတ် ၂၅ ရက် မွန်လွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ တစ်နာရီ ၁၁၇ ကီလိုမီတာနှုန်းဖြင့်ဝင်ရောက်ခဲ့သော ကာဂျီကီတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး ၃ ဦးသေဆုံးကာ နေအိမ်ပေါင်း ၇၀၀၀၊ စပါးခင်း ဟက်တာ ၂၈၈၀၀ ပျက်စီးပြီး သစ်ပင်ပေါင်း ၁၈၀၀၀ လဲပြိုခဲ့သည်ဟု ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ သည်။ ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး မုန်တိုင်းအဖြစ် ဗီယက်နမ်သို့ ဝင်ခဲ့သော ကာဂျီကီ မုန်တိုင်းကြောင့် ဓာတ်တိုင်ပေါင်း ၃၃၁ တိုင်လည်း လဲကျခဲ့သဖြင့် သန်ဟွာ၊ အဂီအန်၊ ဟာတင်၊ ထိုင်းငုယင်နှင့် ဖူသို ခရိုင်များတွင် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရသည်။

မဲခေါင်၊ ဩဂုတ် ၂၆

ဩဂုတ် ၂၅ ရက် မွန်လွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ တစ်နာရီ ၁၁၇ ကီလိုမီတာနှုန်းဖြင့်ဝင်ရောက်ခဲ့သော ကာဂျီကီတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး ၃ ဦးသေဆုံးကာ နေအိမ်ပေါင်း ၇၀၀၀၊ စပါးခင်း ဟက်တာ ၂၈၈၀၀ ပျက်စီးပြီး သစ်ပင်ပေါင်း ၁၈၀၀၀ လဲပြိုခဲ့သည်ဟု ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ သည်။

၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး မုန်တိုင်းအဖြစ် ဗီယက်နမ်သို့ ဝင်ခဲ့သော ကာဂျီကီ မုန်တိုင်းကြောင့် ဓာတ်တိုင်ပေါင်း ၃၃၁ တိုင်လည်း လဲကျခဲ့သဖြင့် သန်ဟွာ၊ အဂီအန်၊ ဟာတင်၊ ထိုင်းငုယင်နှင့် ဖူသို ခရိုင်များတွင် လျှပ်စစ်မီးများပြတ်တောက်ခဲ့ရသည်။

ဩဂုတ် ၂၆ ရက် မနက်ပိုင်း လူမှုကွန်ရက်ပေါ်မှ ဓာတ်ပုံများအရ ဟနွိုင်းမြို့ လမ်းများပေါ်တွင် ရေကြီးနေပြီး မိုးဆက်လက်သည်းထန်နေဆဲဖြစ်ကာ ဗီယက်နမ်မြောက်ပိုင်းဒေသများတွင် ဩဂုတ် ၂၆ ရက် မိုးရေချိန်သည် ၆ နာရီအတွင်း ၁၅၀ မီလီမီတာ (၆ လက်မ) အထိ မြင့်တက်နိုင်ပြီး ရေကြီးမြေပြိုမှု များဖြစ်ပွားနိုင်ကြောင်း ဗီယက်နမ် မိုးဇလ ဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

ယင်းကာဂျီကီမုန်တိုင်းသည် ဩဂုတ် ၂၆ ရက် မနက်ပိုင်းတွင် လာအိုနိုင်ငံထဲသို့ တိုးဝင်ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်းလည်း သိရှိရကာ တရုတ်တောင်ပိုင်း ဟိုင်နန်ကျွန်းတွင် ဩဂုတ် ၂၄ ရက်က စတင်ပေါ်ပေါက်လာသည့် ထိုမုန်တိုင်းသည် လာအိုမှတစ်ဆင့် ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ဆက်လက် ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ကိုကလင်း
Ref: indiatoday
#MeKongNews
#ကာဂျီကီ
#တိုင်ဖွန်းမုန်တိုင်း
#ဗီယက်နမ်
#ထိုင်းမြောက်ပိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now