နေ့စဥ်သတင်း

ကျားဖြန့်ရန်ကြောင့် တစ်ရက် ဘတ် ၅၀၀၀၀ သာ ငွေလွှဲခွင့်ပြုဆိုခြင်းမှာ အားလုံးကိုမရည်ရွယ်ဟု ထိုင်းဗဟိုဘဏ် ရှင်းလင်း

မဲခေါင် 22 Aug - 2025
မဲခေါင်၊ ဩဂုတ် ၂၂ ထိုင်းဗဟိုဘဏ် (BOT) သည် ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကြောင့် တစ်ရက်လျှင် ဘတ် ၅၀၀၀၀ ထက် ပိုပြီးငွေလွှဲခွင့်မပြုတော့ဆိုသည့်သတင်းများပျံ့နှံ့ကာ စိုးရိမ်တကြီးဖြစ်မှုများရှိလာခြင်းကြောင့် အားလုံးကို ရည်ရွယ်ခြင်းမဟုတ်ဟု BOT က ချက်ချင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။ BOT သည် ကျားဖြန့်ငွေလွှဲလုပ်ဆောင်မှုများအား လျှော့ချနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်းမှာပင် လူတစ်ဦးလျှင် တစ်ရက်ဘတ် ၅၀၀၀၀ သာ ငွေလွှဲခွင့်ရှိမည့်အဆိုကို ထုတ်ပြန်ကြေညာခဲ့ရာ အားလုံးနှင့်သက်ဆိုင်သည့် အနေအထားမျိုးဖြစ်သွားခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် BOT က ဩဂုတ် ၂၀ ရက်၌ အားချင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာတွင် အားလုံးကို မဆိုလိုဘဲ သံသယရှိသည့် အုပ်စုများကိုသာ ဦးတည်ပြီး တစ်နေ့

မဲခေါင်၊ ဩဂုတ် ၂၂

ထိုင်းဗဟိုဘဏ် (BOT) သည် ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကြောင့် တစ်ရက်လျှင် ဘတ် ၅၀၀၀၀ ထက် ပိုပြီးငွေလွှဲခွင့်မပြုတော့ဆိုသည့်သတင်းများပျံ့နှံ့ကာ စိုးရိမ်တကြီးဖြစ်မှုများရှိလာခြင်းကြောင့် အားလုံးကို ရည်ရွယ်ခြင်းမဟုတ်ဟု BOT က ချက်ချင်း ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

BOT သည် ကျားဖြန့်ငွေလွှဲလုပ်ဆောင်မှုများအား လျှော့ချနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်းမှာပင် လူတစ်ဦးလျှင် တစ်ရက်ဘတ် ၅၀၀၀၀ သာ ငွေလွှဲခွင့်ရှိမည့်အဆိုကို ထုတ်ပြန်ကြေညာခဲ့ရာ အားလုံးနှင့်သက်ဆိုင်သည့် အနေအထားမျိုးဖြစ်သွားခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် BOT က ဩဂုတ် ၂၀ ရက်၌ အားချင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာတွင် အားလုံးကို မဆိုလိုဘဲ သံသယရှိသည့် အုပ်စုများကိုသာ ဦးတည်ပြီး တစ်နေ့ ဘတ် ၅၀၀၀၀ သာ ငွေလွှဲခွင့်ပြုမည်ကို ဆိုလိုခြင်းဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ပုံမှန်အားဖြင့် ယခင်ကတည်းက တစ်နေ့ဘတ် ၅၀၀၀၀ အထက် ငွေလွှဲနေသည့်အကောင့်များသည် ပုံမှန်အတိုင်း ငွေလွှဲခွင့်ရှိမည်ဖြစ်ကာ စိုးရိမ်စရာလိမ်လည်မှုရှိနိုင်သည့် ဘဏ်အကောင့်များ၊ ယခင် ငွေလွှဲလမ်းကြောင်းအစဉ်အလာ၌ လိမ်လည်သံသယရှိခဲ့သည့် ဘဏ်အကောင့်များ နှင့် ပုံမှန်အားဖြင့် တစ်နေ့ ဘတ် ၅၀၀၀၀ ထက်မကျော်ဘဲ တစ်သမတ်တည်း ငွေလွှဲနေသည့်ဘဏ်အကောင့်များကိုသာ အုပ်စုအလိုက်သတ်မှတ်ပြီး တစ်နေ့ ဘတ် ၅၀၀၀၀ ထက် ပိုမထုတ်ရဟု ကန့်သတ်မည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့သည်။

ဒုတိယနှင့် တတိယ အုပ်စုဝင်များအနေဖြင့် ထိုကန့်သတ်ချက်ကိုကျော်လွန်ကာ အရေးပေါ် ငွေလွှဲရေး အတွက် သတ်မှတ် မိုဘိုင်းအပလီကေးရှင်းများ၊ ကောလ်စင်တာများ၊ ဘဏ်ခွဲများသို့ သွားရောက်ပြီး လျှောက်ထားနိုင်ကြောင်း၊ သက်ကြီးရွယ်အိုများ ငွေလွှဲနှုန်းသတ်မှတ်ခံထားရမှုများထဲ ပါဝင်နေခဲ့လျှင် ထိုသတ်မှတ်ခံစာရင်းအား ပယ်ဖျက်ပေးမည်မဟုတ်သော်လည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ကင်းလွတ်ခွင့်ပြုသွားမည်ဟုလည်း ဆိုသည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းဗဟိုဘဏ်
#ကျားဖြန့်
#ဘဏ်အကောင့်
#ငွေလွှဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now