မဲခေါင်၊ ဩဂုတ် ၁၆
ဘန်ကောက်ရှိတရားမဝင် KTV တစ်ခုသို့ မွေးနေ့ပါတီပွဲတစ်ခုအဖြစ် စုဝေးပြီးသွားရောက်ပျော်ပါးသော မြန်မာ ၄၁ ယောက်ကို ထိုင်းရဲက ဝင်ဖမ်းရာ မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိရသည် ဟု သိရသည်။
ဩဂုတ် ၁၅ ရက်ညတွင် ဆရီဗာရာလမ်း၊ Town ဟိုတယ်အနီ စီးပွားရေးအဆောက်အအုံတစ်ခုအား တရားမဝင် ဘားအဖြစ် ဖွင့်လှစ်ထားပြီး KTV ခန်း ၃ ခန်းပါ ထည့်သွင်းထားသည့် ထိုအဆောက်အအုံ သို့ဝင်ဖမ်းရာမှ ယခုလို မူးယစ်ဆေးသုံးထားကြောင်းပါ စစ်ဆေးတွေ့ရှိရသည်ဟု ဝမ်သောင်လန် ရဲစခန်းက ထုတ်ပြန်သည်။
စုစုပေါင်း မြန်မာ ၆၁ ဦးစုဝေးပျော်ပါးနေခြင်းဖြစ်ကာ ၄၁ ဦးမှာ မူးယစ်ဆေးသုံးထားသည်ကို စစ်ဆေး တွေ့ရှိကာ vape နှင့်အတူ အခြားသော တရားမဝင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။
နာမည်မတပ်ထားသော တရားမဝင်ဘားကို ၄၈ နှစ်အရွယ် ထိုင်းအမျိုးသား ပါပန်ကောင်းဆိုသူက ဖွင့်လှစ်ထားခြင်းဖြစ်သောကြောင်း ၎င်းကိုပါ ဖမ်းဆီးခဲ့သည်။
ကိုကလင်း
Ref:Bangkokpost
#MeKongNews
#ဘန်ကောက်
#မြန်မာနိုင်ငံသား
#မူးယစ်ဆေးဝါး
#မွေးနေ့ပါတီ








