ကမ္ဘာ့သတင်း

ပူတင်နှင့် ၂ မိနစ်စကားပြောရုံဖြင့် ယူကရိန်းငြိမ်းချမ်းရေး ဖြစ်၊ မဖြစ် သိမည်ဟု ဒေါ်နယ်ထရမ့်ဆို

မဲခေါင် 12 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၂ ဩဂုတ် ၁၅ ရက်တွင် အလက်စကားပြည်နယ်၌ နှစ်ဦးသားတွေ့ဆုံရန် သဘောတူညီမှုရထားပြီးရာ ပူတင်နှင့် ၂ မိနစ်သာစကားပြောပြီးသည်နှင့် ယူကရိန်းငြိမ်းချမ်းရေးကို ပူတင်လိုချင်၊ မလိုချင် သိရမည်ဟု အိမ်ဖြူတော်၌ သတင်းသမားများနှင့်တွေ့ဆုံမှုတွင် ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့သည်။ တွေ့ဆုံမှုတွင် ယူကရိန်းသမ္မတ ဇီလန်းစကီးမပါဝင်ဘဲ အမေရိကန်က ကြားခံလူအဖြစ် ပူတင် အား ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရေး အဆိုများကို တင်သွင်းပြီး မိမိဘက်မှ ပူတင်အား စစ်မီး စမွှေးသူက ရှိနေပြီး စစ်ပွဲကို ရပ်တန့်ရမည်ဟု အမိန့်ပေးပြောဆိုမည်ဖြစ်ကြောင်း မီဒီယာများအား ပြောသွားခဲ့သည်။ ယခုတွေ့ဆုံမှုမှာ ၂၀၁၉ ဇွန်လနောက်ပိုင်း ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ ပထမဆုံး တွေ့ဆုံမှုဖြစ်သော် လည်း ကာယကံရှင်

မဲခေါင်၊ ဩဂုတ် ၁၂

ဩဂုတ် ၁၅ ရက်တွင် အလက်စကားပြည်နယ်၌ နှစ်ဦးသားတွေ့ဆုံရန် သဘောတူညီမှုရထားပြီးရာ ပူတင်နှင့် ၂ မိနစ်သာစကားပြောပြီးသည်နှင့် ယူကရိန်းငြိမ်းချမ်းရေးကို ပူတင်လိုချင်၊ မလိုချင် သိရမည်ဟု အိမ်ဖြူတော်၌ သတင်းသမားများနှင့်တွေ့ဆုံမှုတွင် ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောဆိုခဲ့သည်။

တွေ့ဆုံမှုတွင် ယူကရိန်းသမ္မတ ဇီလန်းစကီးမပါဝင်ဘဲ အမေရိကန်က ကြားခံလူအဖြစ် ပူတင် အား ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးရရေး အဆိုများကို တင်သွင်းပြီး မိမိဘက်မှ ပူတင်အား စစ်မီး စမွှေးသူက ရှိနေပြီး စစ်ပွဲကို ရပ်တန့်ရမည်ဟု အမိန့်ပေးပြောဆိုမည်ဖြစ်ကြောင်း မီဒီယာများအား ပြောသွားခဲ့သည်။

ယခုတွေ့ဆုံမှုမှာ ၂၀၁၉ ဇွန်လနောက်ပိုင်း ပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ ပထမဆုံး တွေ့ဆုံမှုဖြစ်သော် လည်း ကာယကံရှင် ယူကရိန်းသမ္မတ ဇီလန်းစကီးက မိမိတို့မပါဘဲ ပူတင်နှင့်ထရမ့်တို့ ငြိမ်းချမ်းရေး သဘောတူညီမှုလုပ်ခဲ့လျှင်လည်း ငြိမ်းချမ်းရေးကို ဆန့်ကျင်ရာသာရောက်မည်ဖြစ်ကြောင်းနှင့် မည်သည့်ရလဒ်မျှ ရစရာအကြောင်းမရှိဟု ရဲရဲတောက် စိန်ခေါ်ပြောဆိုသွားခဲ့သည်။

သို့သော် ဒေါ်နယ်ထရမ့်က ဩဂုတ် ၁၅ တွေ့ဆုံမှုတွင် ဇီလန်းစကီးပါဝင်ကောင်း ပါဝင်လာနိုင်သည်ကို မငြင်းဆိုဘဲ ညှိနှိုင်းနေဆဲဖြစ်သည်ဟု အိမ်ဖြူတော်အတွင်းသတင်းများက ဆိုသည်။

သို့သော် ထရမ့်က ဇီလန်းစကီးသည် ၃ နှစ်ခွဲအတွင်း အစည်းအဝေးပေါင်းများစွာလုပ်နေခဲ့ရသော်လည်း ဘာမှ ဖြစ်မလာစေနိုင်ခဲ့ဟုဆိုကာ ပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံမှုသည် မလွဲမသွေရှိလာမည်ဖြစ်သော် လည်း အချိန်ကို မသိနိုင်သေးဟု ပြောသွားခဲ့သည်။

ပူတင်နှင့်ကာလရှည်မဟာမိတ်လုပ်ခဲ့သော ဒီမီထရီကိုဇက်ကမူ ပူတင်သည် လက်ရှိအချိန်တွင် ယူကရိန်းနှင့်ငြိမ်းချမ်းရေးယူချင်နေပြီဖြစ်သည်ဟု နယူးယောက်တိုင်းမ်သို့ ပြောသွားခဲ့သည်။

ဒေါ်နယ်ထရမ့်ကမူ “ ကျွန်တော် ပူတင်နဲ့ လာမယ့်တွေ့ဆုံမှုမှာ ၂ မိနစ်ပဲ စကားပြောပြီးတာနဲ့ သူ ငြိမ်းချမ်းရေးတကယ်လိုချင်တာ ဟုတ်မဟုတ် သိရမှာပါ။ သူနဲ့ကျွန်တော် ဖုန်းတွေအများကြီး ပြောပြီးတိုင်း ယူကရိန်းထဲ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်မှုပိုလုပ်တာကို ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသွားခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ပူတင်
#ဒေါ်နယ်ထရမ့်
#ရုရှား
#ယူကရိန်း
#ငြိမ်းချမ်းရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now