ကမ္ဘာ့သတင်း

ဥရောပတစ်လွှား တောမီးများ ပျံ့နှံ့နေပြီး ဂရိတောမီးကြောင့် အနည်းဆုံး တစ်ဦးသေဆုံး

မဲခေါင် 12 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၂ ဥရောပတစ်လွှားတွင် တောမီးများပျံ့နှံ့လောင်ကျွမ်းနေပြီး ဂရိနိုင်ငံ အေသင်မြို့တောင်ဘက် ကီရာတီယာဒေသတွင် ဧက ၁၆၀၀၀ မီးလောင်ကာ အနည်းဆုံး တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ယင်းဒေသတစ်ဝိုက် ၃ ရက်ဆက်တိုက်တောမီးများလောင်ကျွမ်းနေခဲ့ကာ အိပ်ယာထဲမှ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးနေသည်ကို မီးသတ်သမားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လေပြင်းတိုက်ခတ်ခြင်းသည် ဩဂုတ် ၁၁ ရက်အထိ ရှိနေသည့်အတွက် မီးလောင်ကျွမ်းကူးစက်မှုများလည်း ရှိနေဦးမည်ဖြစ်ကာ လက်ဗ်ရီယိုမြို့တော်ဝန် ဒီမီထရစ်လောက်ကပ်စ်က ကီယာတီယာ ဒေသသို့ မီးသတ်သမား ၂၆၀၊ မီးသတ်ကား ၈၀ နီးပါး၊ မီးသတ်လေယာဉ် ၁၂ စီးစေလွှတ်ထားပြီး နေအိမ်များ၊ သစ်တောနှင့်စိုက်ပျိုးခင်များစွာ မီးလောင်ပျက်စီးခဲ့သည်ဟု ပြောကြားခဲ့သည်။ တောမီးသည် မြေထဲပင်လယ်တစ်ကြော ကူးစက်ပျံ့နှံ့နေသလို

မဲခေါင်၊ ဩဂုတ် ၁၂

ဥရောပတစ်လွှားတွင် တောမီးများပျံ့နှံ့လောင်ကျွမ်းနေပြီး ဂရိနိုင်ငံ အေသင်မြို့တောင်ဘက် ကီရာတီယာဒေသတွင် ဧက ၁၆၀၀၀ မီးလောင်ကာ အနည်းဆုံး တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းဒေသတစ်ဝိုက် ၃ ရက်ဆက်တိုက်တောမီးများလောင်ကျွမ်းနေခဲ့ကာ အိပ်ယာထဲမှ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးနေသည်ကို မီးသတ်သမားများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်ခြင်းသည် ဩဂုတ် ၁၁ ရက်အထိ ရှိနေသည့်အတွက် မီးလောင်ကျွမ်းကူးစက်မှုများလည်း ရှိနေဦးမည်ဖြစ်ကာ လက်ဗ်ရီယိုမြို့တော်ဝန် ဒီမီထရစ်လောက်ကပ်စ်က ကီယာတီယာ ဒေသသို့ မီးသတ်သမား ၂၆၀၊ မီးသတ်ကား ၈၀ နီးပါး၊ မီးသတ်လေယာဉ် ၁၂ စီးစေလွှတ်ထားပြီး နေအိမ်များ၊ သစ်တောနှင့်စိုက်ပျိုးခင်များစွာ မီးလောင်ပျက်စီးခဲ့သည်ဟု ပြောကြားခဲ့သည်။

တောမီးသည် မြေထဲပင်လယ်တစ်ကြော ကူးစက်ပျံ့နှံ့နေသလို အီတလီတွင်လည်း ရဲရင့်သော မီးသတ် သမားများသည် အမျိုးသားဥယျာဉ် ဗက်ဆူဗီးယက်စ်တောင်ဆီသို့ ဦးတည်လောင်ကျွမ်းနေသော တောမီးအား အသည်းအသန်ငြိမ်သတ်နေရသည်။

နေပယ်မြို့အနီး မီးတောင်သို့ တောင်တက်ကြသူများ အားလုံးလည်း မတက်ကြရန် ပိတ်ပင်ကြောင်း ကြေညာထားရသည်။ အီတလီတောမီးသည် ဩဂုတ် ၈ ရက်နေ့ကတည်းကလောင်ကျွမ်းနေခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံတောင်ပိုင်း အူဒီဒေသတွင်လည်း ဆယ်စုနှစ်များအတွင်း အကြီးမားဆုံးတောမီးလောင်မှုကြောင့် မီးသတ်သမား ၁၄၀၀ ကျော်ကို ဩဂုတ် ၉ ရက်နေ့ကတည်းက စေလွှတ်ငြိမ်းသတ်ခိုင်းနေရပြီး တစ်ပတ်အတွင်း ၆၂ စတုရန်းမိုင်ကျယ်သော မီးလောင်ပြင်များ ဖြစ်ပေါ်ခဲ့သည်။

ပေါ်တူဂီနိုင်ငံ ထရန်ကိုဆိုရှိ ဆန်တာမာရီယာဒေသ ဆာအိုပီဒရိုအရပ်တွင်လည်း တောမီးများလောင်ကျွမ်းနေကာ မီးသတ်သမား ၃၀၀ ကျော်ဖြင့် ငြိမ်းသတ်နေရပြီး ယင်းဥရောပတောမီးများသည် တူရကီမှ စတင် လောင်ကျွမ်းကူးစက်လာခြင်းဖြစ်ကြောင်း သိရသည်။

မြေထဲပင်လယ်အရှေ့ပိုင်းဒေသများတွင် တောမီးကြောင့် အနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီးဖြစ်ကာ အပူချိန်သည် စံချိန်တင်အဖြစ် ၅၀ ဒီဂရီဆဲလ်စီးယက်စ်အထိ မြင့်တက်နေသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဥရောပ
#တောမီး
#ဂရိ
#လူသေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now