နေ့စဥ်သတင်း

ကမ္ဘောဒီးယားစစ်တပ်ပြောခွင့်ရှိသူ ဒုဗိုလ်ချုပ်အား တန်ပြန်ရန် ထိုင်းဘက်မှ မင်းသမီးကို ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ပြီး ပိုချောသည်ဟုပင် ဒုကာဝန်က ဆို

မဲခေါင် 9 Aug - 2025
မဲခေါင်၊ ဩဂုတ် ၉ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခစစ်ပွဲကာလအတွင်း ကမ္ဘာကပင် သိရှိလာသော ကမ္ဘောဒီးယား စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်အမျိုးသမီး မာလီဆိုချီယာတာကို တန်ပြန်တုံ့ပြန်နိုင်ရေး ထိုင်းစစ်တပ်က ၎င်းတို့၏ နယ်စပ်ပဋိပက္ခယာယီ သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူအဖြစ် ထိုင်းမင်းသမီးကို တာဝန်ပေးလိုက်ပြီး အနည်းဆုံး ၎င်းတို့မင်းသမီးက ဆိုချီယာထက် ပိုချောသည်ဟုပင် ဒုတိယကာကွယ်ရေးဝန်ကြီး နာတာပေါင်က ဩဂုတ် ၈ ရက်၌ ပြောသွားသည်။ ကမ္ဘောဒီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မာလီဆိုချီယာတာသည် ယခုနယ်စပ်စစ်ပွဲကာလတွင် သတင်းမှားများကိုသာ လုပ်ကြံထုတ်ပြန်နေခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိုင်းဘက်ကို အပြစ်ဖို့ နိုင်ရေးကိုသာ ရည်ရွယ်ပြီး လီဆယ်နေသူဟု ထိုင်းနိုင်ငံသားများက စွပ်စွဲမုန်းတီးနေကြသည်။ ထို့ကြောင့် အစိုးရရုံးတွင် ထိုင်းကာကွယ်ရေးဒုဝန်ကြီး နာတာပေါင်က “ဒုဗိုလ်ချုပ် မာလေကို

မဲခေါင်၊ ဩဂုတ် ၉

ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခစစ်ပွဲကာလအတွင်း ကမ္ဘာကပင် သိရှိလာသော ကမ္ဘောဒီးယား စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်ချုပ်အမျိုးသမီး မာလီဆိုချီယာတာကို တန်ပြန်တုံ့ပြန်နိုင်ရေး ထိုင်းစစ်တပ်က ၎င်းတို့၏ နယ်စပ်ပဋိပက္ခယာယီ သတင်းပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူအဖြစ် ထိုင်းမင်းသမီးကို တာဝန်ပေးလိုက်ပြီး အနည်းဆုံး ၎င်းတို့မင်းသမီးက ဆိုချီယာထက် ပိုချောသည်ဟုပင် ဒုတိယကာကွယ်ရေးဝန်ကြီး နာတာပေါင်က ဩဂုတ် ၈ ရက်၌ ပြောသွားသည်။

ကမ္ဘောဒီးယား စစ်တပ်ပြောရေးဆိုခွင့်ရှိသူ မာလီဆိုချီယာတာသည် ယခုနယ်စပ်စစ်ပွဲကာလတွင် သတင်းမှားများကိုသာ လုပ်ကြံထုတ်ပြန်နေခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိုင်းဘက်ကို အပြစ်ဖို့ နိုင်ရေးကိုသာ ရည်ရွယ်ပြီး လီဆယ်နေသူဟု ထိုင်းနိုင်ငံသားများက စွပ်စွဲမုန်းတီးနေကြသည်။

ထို့ကြောင့် အစိုးရရုံးတွင် ထိုင်းကာကွယ်ရေးဒုဝန်ကြီး နာတာပေါင်က “ဒုဗိုလ်ချုပ် မာလေကို တန်ပြန်ဖို့ ကိုယ်တွေဘက်ကလည်း ထိပ်တိုက်ပြန်ရင်ဆိုင်သွားဖို့ မစ္စပါနက်ဒါကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်လိုက်ပါတယ်။ လိုအပ်တဲ့ သတင်းမှန်အချက်အလက်တွေအားလုံးကို သူ့ဆီ ပို့ဆောင်ပေးပြီး သူ့ လူမှုကွန်ရက်ကနေ အမှန်တရားတွေကို ထုတ်ပြန်သွားပါလိမ့်မယ်။ အနည်းဆုံးတော့ ကမ္ဘောဒီးယားထက် ကျွန်တော်တို့က ပိုအားသာချက်ရှိသွားပါပြီ။ ကျွန်တော်တို့ဘက်က မာလေထက် ပိုချောတယ်လေ။ ၂၀၀၀ ပြည့်နှစ်က ထိုင်းနိုင်ငံရဲ့ အလှမယ်သရဖူလည်းဆောင်းခဲ့သူပေါ့။ ဟိုဘက် ပြောရေးဆိုခွင့်ရှိသူမှာ ဒီအလှအပတွေ မရှိဘူး” ဟု လှောင်ပြောင်ပြောကြားသွားခဲ့သည်။

၂၀၀၀ ပြည့်နှစ် ထိုင်းအလှမယ်ဖြစ်ပြီးနောက် ရုပ်ရှင်လောကသို့ဝင်ရောက်ကာ အောင်မြင်သော မင်းသမီးဖြစ်လာသလို ဩဇာလွှမ်းမိုးသူအဖြစ် လူမှုကွန်ရက်ပေါ် ထင်ရှားခဲ့သူ ၄၉ နှစ်အရွယ် မစ္စပန်နက်ဒါကလည်း စစ်တပ်အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းမှားများဖြန့်နေသည့် ကမ္ဘောဒီးယား စစ်တပ်၏ စပီကာဖြစ်သော မာလေကို တန်ပြန်ရန် မိမိသည်သာ အသင့်တော်ဆုံးဟု သတ်မှတ်ကြ သဖြင့် နိုင်ငံအတွက် အဆိုပါတာဝန်ထမ်းဆောင်ရန် လက်ခံခဲ့သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#သတင်းပြန်ကြားရေး
#မစ္စပါနက်ဒါ
#ထိုင်းအလှမယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now