မဲခေါင်၊ ဩဂုတ် ၈
ထိုင်းနိုင်ငံ ပသမ်ဌာနီခရိုင် ရန်ဆစ်နာခွန်းရှိ လူစည်ကားသော စားသောက်ဆိုင် Skin Pub ထဲသို့ ခရိုင်ထွေအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ သြဂုတ်လ ၈ ရက် နံနက် ၁ နာရီအချိန်တွင် ရှောင်တစ်ခင် စစ်ဆေးခဲ့ရာ မူးယစ်ဆေးများစွာ သိမ်းဆည်းရမိသလို လာရောက်စားသောက်သူများစွာကိုလည်း ဆီးစစ်ရာတွင် မူးယစ်ဆေးများ သုံးစွဲထားကြောင်း သိရှိခဲ့ရသည်။
ခရိုင်ထွေအုပ်တာဝန်ရှိသူများသည် လူမှုသန့်ရှင်းစင်ကြယ်ရေး ZERO DRUG စစ်ဆင်ရေးအဖြစ် ယခုလို လူစည်ကားရာ စားသောက်ဆိုင်များထဲအထိ ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုလုပ်ဆောင်ခြင်းဖြစ်ကာ အဆိုပါ စားသောက်ဆိုင်သည် အသက် ၂၀ အောက် လူငယ်များကိုပါ ဝင်ရောက်စားသောက်ခွင့်ပြုသလို မူးယစ်ဆေးလည်း အသုံးပြုခွင့်ပေးပြီး တရားမဝင် E-cigarettes များလည်း သောက်နေသဖြင့် တရားဥပဒေအရ အရေးယူသွားမည်ဟု ခရိုင်ထွေအုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
ဆိုင်အတွင်း ပါတီပေးစားသောက်သူများစွာကို ဆီးစစ်ရာတွင် အယောက် ၁၇၃ ယောက်သည် တားမြစ်ဆေးသုံးထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#စစ်ဆင်ရေး
#မူးယစ်ဆေးဝါး
#ထိုင်းနိုင်ငံ
#လူမှုသန့်ရှင်းစင်ကြယ်ရေး








