ကမ္ဘာ့သတင်း

ပြင်သစ်တောမီးလောင်ကျွမ်းမှု ပဲရစ်မြို့ဧရိယာထက်ပင် ပိုမိုကျယ်ပြန့်လာ

မဲခေါင် 7 Aug - 2025
မဲခေါင်၊ ဩဂုတ် ၇ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီးကြောင့် မီးလောင်ဧရိယာသည် ပဲရစ်မြို့ ဧရိယာထက်ပင် ပိုမိုကျယ်ပြန့်လာကာ ကပ်ဘေးအသွင်ဆောင်နေပြီဖြစ်သည်။ လက်ရှိတွင် မီးသတ်သမား ၂၀၀၀ ကျော်ပါဝင်မီးငြိမ်းသတ်နေကာ လေယာဉ်ပေါ်မှ ရေများကျဲချမှု အကြိမ်ကြိမ်လုပ်နေသော် လည်း မီးလောင်ဧရိယာပိုကျယ်ပြန့်လာသလို စံပြကျေးရွာများစွာလည်း မီးလောင်ပြင်ထဲ ပါဝင်သွားခဲ့ ပြီး ဧက ၄၀၀၀၀ ကျော် မီးလောင်ခဲ့ပြီးဖြစ်သည်။ စိန့်လောရင့်ဒီလာကက်ဘရီရစ်ဆီ အရပ်တွင် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပွားနေရာ ကောင် ကင်တစ်ခုလုံးမဲမှောင်နေပြီး နေအိမ်များအတွင်းသို့လည်း မီးခိုးနှင့်ပြာများစွာ ဝင်ရောက်နေသဖြင့် ကပ်ဘေးအသွင်ဆောင်လာကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်နွိုက်စ်ဘေရူက စိတ်ပျက်စွာ ပြောဆိုခဲ့သည်။ လက်ရှိတွင် တစ်ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေပြီး မီးသတ်သမား ၁၁ ဦးအပါအဝင် လူပေါင်း ၁၃

မဲခေါင်၊ ဩဂုတ် ၇

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လောင်ကျွမ်းနေသော တောမီးကြောင့် မီးလောင်ဧရိယာသည် ပဲရစ်မြို့ ဧရိယာထက်ပင် ပိုမိုကျယ်ပြန့်လာကာ ကပ်ဘေးအသွင်ဆောင်နေပြီဖြစ်သည်။

လက်ရှိတွင် မီးသတ်သမား ၂၀၀၀ ကျော်ပါဝင်မီးငြိမ်းသတ်နေကာ လေယာဉ်ပေါ်မှ ရေများကျဲချမှု အကြိမ်ကြိမ်လုပ်နေသော် လည်း မီးလောင်ဧရိယာပိုကျယ်ပြန့်လာသလို စံပြကျေးရွာများစွာလည်း မီးလောင်ပြင်ထဲ ပါဝင်သွားခဲ့ ပြီး ဧက ၄၀၀၀၀ ကျော် မီးလောင်ခဲ့ပြီးဖြစ်သည်။

စိန့်လောရင့်ဒီလာကက်ဘရီရစ်ဆီ အရပ်တွင် အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်ပွားနေရာ ကောင် ကင်တစ်ခုလုံးမဲမှောင်နေပြီး နေအိမ်များအတွင်းသို့လည်း မီးခိုးနှင့်ပြာများစွာ ဝင်ရောက်နေသဖြင့် ကပ်ဘေးအသွင်ဆောင်လာကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဖရန်နွိုက်စ်ဘေရူက စိတ်ပျက်စွာ ပြောဆိုခဲ့သည်။

လက်ရှိတွင် တစ်ဦးသေဆုံးကာ ၃ ဦးပျောက်ဆုံးနေပြီး မီးသတ်သမား ၁၁ ဦးအပါအဝင် လူပေါင်း ၁၃ ဦး မီးလောင်ဒဏ်ရာများရခဲ့ကြောင်းလည်း သိရသည်။

ပြင်သစ်နိုင်ငံတော်အရေးပေါ် ဝန် ဆောင်မှုအဖွဲ့က မှတ်တမ်းမှတ်ရာများစတင်လုပ်ဆောင်သည့် ၂၀၀၆ ခုနှစ်နောက်ပိုင်း ယခုလောင်ကျွမ်း သော တောမီးသည် အဆိုးရွားဆုံးဖြစ်ကာ အလွန်ကြီးမားသည့် မကြုံစဖူး တောမီးအန္တရာယ်နှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်ဟု ဖရန်နွိုက်စ်က ဆိုသည်။

တောမီးသည် ပြင်သစ်တွင်သာမက ယခုရက်ပိုင်းများအတွင်း စပိန်တောင်ပိုင်းတွင်လည်း ကမ်းခြေအပန်းဖြေမြို့အနီး လောင်ကျွမ်းနေရာ အမြန်ဆုံးကူးစက်သည့် တောမီးဖြစ်လာနေကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။

အယ်လ်ဂီစီယက်စ်အရပ်တွင် တောမီးကြောင့် ရာနှင့်ချီသော ပြည်သူများ နေအိမ်စွန့်ခွာထွက်ပြေးကာ ကယ်ဆယ်ရေးအဆောက်အအုံများအတွင်း စုဝေးနေထိုင်နေရသည်။

တနင်္ဂနွေနေ့တွင် စတင်လောင်ကျွမ်းသော စပိန်တောင်ပိုင်း တောမီးကို ငြိမ်းသတ်ရန် လေယာဉ် ၁၇ စီးပါ အသုံးပြုပြီး ငြိမ်းသတ်နေသော်လည်း မီးကူးစက်မှု အလွန်လျှင်မြန်နေသဖြင့် ထိန်းနိုင်ခြင်းမရှိ သေးဟု ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေးထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ပြင်သစ်
#တောမီး
#ပဲရစ်မြို့
#စပိန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now