မဲခေါင်၊ ဩဂုတ် ၇
ဘရာဇီးအမြန်လမ်းရဲတပ်ဖွဲ့ဝင်များသည် မသင်္ကာသဖြင့် ကားတစ်စီးအား ရှာဖွေရာ ဘရာဇီးနိုင်ငံ သမိုင်း၌ အများဆုံးသော ရွေချောင်းများ သိမ်းဆည်းရမိခဲ့သည်။
မီးပွိုင့် မီးနီမိနေစဉ် ရှောင်တခင်စစ်ဆေးရာ ကား ဒတ်ရှ်ဘုတ်အတွင် စုစုပေါင်း ၁၀၃ ကီလိုဂရမ်အလေးချိန်ရှိသော ရွှေချောင်း ၁၀၀ ကျော် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ကားမောင်းနှင်လာသူမှာ ဘရာဇီးအွန်လိုင်းဆယ်လီဖြစ်သော ဆူဇီအလန်ကာနှင့် ခင်ပွန်းဖြစ်သူ ဘရူနိုမန်ဒက်စ်ဒီဂျီးဆက်တို့ဖြစ်ကာ ကာလတန်ကြေးပေါင် ၈ ဒသမ ၃၂ သန်းရှိသည့် ယင်းရွှေချောင်းများသည် မာဖီယားဂိုဏ်းများ သို့မဟုတ် ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်မှုရှိမရှိ စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကာ ဘရာဇီးနိုင်ငံတွင်းသမိုင်း၌ ယခုကဲ့သို ရွှေများစွာ သိမ်းဆည်းရမိမှု မရှိခဲ့ဖူးဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကနဦးဖမ်းဆီးအရေးယူမှုတွင် ဆူဇီအလန်ကာ မပါဝင်ဘဲ လွှတ်ပေးခဲ့ကာ ခင်ပွန်း ဘရူနိုကိုမူ ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်သည်။
ဘရူနို၏ ရှေ့နေ ကာဗယ်ဟိုက မိမိအမှုသည်သည် မည်သည့်ရာဇဝတ်ဂိုဏ်းနှင့် မှ မပတ်သက်သလို ယခင်လည်း ပြစ်မှု ရှိဖူးသူမဟုတ်ကြောင်း၊ ဘရာဇီးနိုင်ငံအတွင်း မိုင်းတွင်းလုပ်ငန်း များ၌ အလုပ်လုပ်ကိုင်ကြသူများစွာရှိကာ ဘရူနိုသည်လည်း မိုင်းလုပ်ငန်းလုပ်ခဲ့သဖြင့် ထိုသို့များပြား သော ရွှေချောင်းများ ပိုင်ဆိုင်နိုင်သည့် ကံထူးသူမျိုး ဖြစ်နိုင်ကြောင်း ခုခံကာကွယ်ပြောဆိုခဲ့သည်။
သို့သော် ဘရာဇီးနိုင်ငံဥပဒေအရ တရားဝင်ခွင့်ပြုချက်မရှိဘဲ ရွှေမိုင်းလုပ်ငန်းမှ ရွှေနှင့်သယံဇာတများ တူးဖော်ခွင့်မပြုသလို သဘာ၀ပတ်ဝန်းကျင်ပျက်စီး၊ မစီး ထောက်ခံချက်မပါ၊ အခွန်မဆောင်ဘဲ ရွှေရှာ ဖွေပိုင်ဆိုင်ခွင့်ပြုမထားသဖြင့် အမှုမှ လွတ်မြောက်ရန် ခက်ခဲစွာ ချေပရဖွယ်ရှိနေသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဘရာဇီး
#ရွှေချောင်း
#သယံဇာတ
#ရွှေမိုင်း








