မဲခေါင်၊ ဩဂုတ် ၆
လက်ရှိ ထိုင်းယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဖမ်သမ်ဝီချာရာချိုင်က ပိုကာကစားခြင်းအား လောင်းကစားမှုအဖြစ် နှစ်ပေါင်းများစွာ တရားမဝင်သတ်မှတ်ထားမှုကို ပယ်ဖျက်လိုက်ကြောင်းနှင့် ငွေကြေးဖြင့်တရားဝင် ပိုကာကစားခွင့်ပြုတော့မည်ဟု ထုတ်ပြန်ကြေညာသွားခဲ့သည်။
နိုင်ငံတကာတွင် ပိုကာကစားခြင်းအား အားကစားအသွင်ဖြင့် ပြိုင်ပွဲများကျင်းပနေသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာခဲ့ပြီဖြစ်ရာ ထိုင်းနိုင်ငံတွင်လည်း အဆိုပါ ပိုကာအားကစားပြိုင်ပွဲကြီးများ လက်ခံကျင်းပနိုင်ရေးအတွက် ရည်ရွယ်ကြောင်း၊ သို့သော် လောင်းကစားအသွင်ဖြင့် စွဲလမ်းမှုမဖြစ်စေရေး ထိန်းချုပ်မည့် စည်မျဉ်းဥပဒေများကို စနစ်တကျ ရေးဆွဲဖောင်ဆောင်မည်ဖြစ်ကာ ကော်မတီတစ်ရပ်ဖွဲ့စည်းလုပ် ဆောင်သွားမည်ဟု ဖမ်သမ်က ဆိုသည်။
ထို့ကြောင့် ဇူလိုင် ၃၀ ရက်နေ့ကတည်းက ထိုင်းနိုင်ငံတွင် ပိုကာကစားခြင်းကို တရားဝင် ခွင့်ပြုခဲ့ခြင်း ဖြစ်ရာ ဥပဒေစံနှုန်းများကိုမူ ရေးဆွဲထုတ်ပြန်ရဦးမည်ဟုလည်း ဖမ်သမ်က ပြောဆိုခဲ့သည်။ ထိုင်းတွင် ပြည်ပခရီးသွားလုပ်ငန်းများ ပိုမိုထွန်းကားနိုင်ရေး သက်ဆင်၏ သမီး ပေထောင်တန် ဝန်ကြီးချုပ် တာဝန်ယူထားချိန်တွင် ကာစီနိုလုပ်ငန်းများအား တရားဝင်ခွင့်ပြုရေး အဆိုမူကြမ်းတင်သွင်းခဲ့သော်လည်း ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ပြီးခဲ့သည့်လက မဲခွဲပြီး အဆိုပါ ကာစီနို မူကြမ်းအဆိုကို ဖျက်သိမ်းခဲ့သေးသည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ပိုကာ
#ကာစီနို
#တရားဝင်








