မဲခေါင်၊ ဩဂုတ် ၅
ပြီးခဲ့သည့် ရက်ပိုင်းက ယူကရိန်းနှင့်ငြိမ်းချမ်းရေးအဆိုကို လက်မခံသေးသလို ရုရှားသမ္မတဟောင်း မက်ဗီဒက်ကိုယ်တိုင်က အမေရိကန်အား နျူကလီးယားစစ်ရေးခြိမ်းခြောက်စကားဆိုသဖြင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ရုရှားပိုင်နက်အနီး နျူကလီးယားတင်ဆောင် ရေငုပ်သင်္ဘောများ စေလွှတ်မိန့်ပေးခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအခြေအနေနှင့်တစ်ဆက်တည်းပင် တရုတ်နှင့် ရုရှားရေတပ်တို့သည် ဩဂုတ် ၃ ရက် နံနက် ၅ နာရီမှ စတင်ကာ ရုရှားပိုင် ဗလာဒီဗော့စ်တော့ခ်နယ်အနီးအနား ပင်လယ်ပြင်တွင် နှစ်နိုင်ငံ ရေတပ်စစ်ရေးပူး ပေါင်းလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့ကာ ၃ ရက်တိုင် လေ့ကျင့်သွားမည်ဟု တရုတ် စစ်တပ် ထုတ်ပြန်ချက်အရ သိရှိရသည်။
၎င်းတို့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းလေ့ကျင့်မှုသည် ပင်လယ်ရေအောက်နှင့် ဝေဟင်အခြေအနေများကို ပူးပေါင်းလေ့လာချင်တွက်ကာ သတင်းအချက်အလက်များ ဖလှယ်ကြရန်၊ အမိန့်တစ်ခုတည်းအောက် တွင် စစ်သင်္ဘောများ တက်ညီလက်ညီ အမိန့်နာခံရန်၊ အရေးပေါ် အစီအစဉ်များအဖြစ် ရေအောက် တိုက်ခိုက်မှုများ၊ ကာကွယ်မှုများ၊ ရေငုပ်သင်္ဘော ကယ်တင်ခြင်းလုပ်ငန်းများအား ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောများကို တိုက်ခိုက်မှုနည်းပညာများ၊ ဝေဟင်နှင့်မြေပြင် ကာကွယ်ရေးစနစ်များ၊ ရေကြောင်းတိုက်ပွဲများအတွက် ကြိုတင်ပူးပေါင်း လေ့ကျင့်ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုကလင်း
Ref: phnompenhpost
#MeKongNews
#တရုတ်
#ရုရှား
#အမေရိကန်
#နျူကလီးယား








