နေ့စဥ်သတင်း

ကမ္ဘောဒီးယားဘက်မှ စစ်ပွဲစတင်ခြင်းဖြစ်ကြောင်း သံတမန်များအား ထိုင်းဖိတ်ခေါ်ပြသ

မဲခေါင် 1 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁ ဩဂုတ် ၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ သံတမန်များ၊ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ စစ်ဘက်မဟာမိတ်အဖွဲ့ပေါင်း ၂၈ ဖွဲ့အား ဖိတ်ခေါ်ပြီး ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာဖြစ်ပွားခဲ့သော နယ်စပ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားဘက်မှ စတင်ပစ်ခတ်သလို အရပ်သားပစ်မှတ်များကို ပစ်ခတ်ခဲ့သည့် သက်သေများအား ပြသခဲ့သည်။ ဇူလိုင် ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဘက်မှ စတင်ပြီး ဆီဆာခက်ခရိုင် ကန်သာရာလက်ခ်ရှိ PTT ဆီဆိုင်နှင့် 7 Store ဆိုင်များတည့်တည့်သို့ BM-21 ရော့ကတ်လောင်ချာများ အတွဲလိုက် ပစ်ခတ် ထိမှန်သလို အနီးအနားရှိ အရပ်သားနေအိမ်များပေါ်ပါ ကျရောက်သဖြင့်

မဲခေါင်၊ ဩဂုတ် ၁

ဩဂုတ် ၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ သံတမန်များ၊ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ စစ်ဘက်မဟာမိတ်အဖွဲ့ပေါင်း ၂၈ ဖွဲ့အား ဖိတ်ခေါ်ပြီး ကမ္ဘောဒီးယားနှင့် ၅ ရက်ကြာဖြစ်ပွားခဲ့သော နယ်စပ်စစ်ပွဲအတွင်း ကမ္ဘောဒီးယားဘက်မှ စတင်ပစ်ခတ်သလို အရပ်သားပစ်မှတ်များကို ပစ်ခတ်ခဲ့သည့် သက်သေများအား ပြသခဲ့သည်။

ဇူလိုင် ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဘက်မှ စတင်ပြီး ဆီဆာခက်ခရိုင် ကန်သာရာလက်ခ်ရှိ PTT ဆီဆိုင်နှင့် 7 Store ဆိုင်များတည့်တည့်သို့ BM-21 ရော့ကတ်လောင်ချာများ အတွဲလိုက် ပစ်ခတ် ထိမှန်သလို အနီးအနားရှိ အရပ်သားနေအိမ်များပေါ်ပါ ကျရောက်သဖြင့် ၈ ဦးသေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့မှုကိုလည်း သေဆုံးသူများ၏ မိသားစုဝင်များကိုပါ ခေါ်ယူပြီး သက်သေအဖြစ် ပြသခဲ့သလို ကမ္ဘောဒီးယားဘက်မှ မဟုတ်မမှန်စွပ်စွဲချက်များကို ဗြောင်ပြုလုပ်နေခြင်းသာဖြစ်သည်ဟု ရှင်းလင်းသွားခဲ့သည်။

သံတမန်များဖိတ်ခေါ် ပြသရာတွင် ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး အနူဖက်ဆီရီမွန်ဒိုး၊ ဒုတိယ စစ်ဦးစီးချုပ်၊ လေတပ် တပ်ချုပ်၊ တော်ဝင်ထိုင်းလေတပ် အရပ်ဘက်ဆိုင်ရာ ဌာနအကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ကိုယ်တိုင် လိုက်ပါပြသခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ အငြင်းပွားခဲ့သော နယ်စပ်ပိုင်နက်ပြဿနာကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲတွင် ကမ္ဘောဒီးယားဘက်မှ နိုင်ငံတကာသံတမန်များကို ဇူလိုင် ၃၀ ရက်ကတည်းက နယ်စပ် စစ်တလင်း နေရာများသို့ ခေါ်ဆောင်ကာ ထိုင်းဘက်မှ အကြမ်းဖက်ပြီး အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သည်များအား သက်သေအဖြစ် ပြသခဲ့သောကြောင့် ထိုင်းမီဒီယာများနှင့် မျိုးချစ်များက နိုင်ငံတကာ မျက်နှာသာပေးမှုရရေး ထိုင်းသည် အမြဲ ကမ္ဘောဒီးယားနောက် ခြေတစ်လှမ်း နောက်ကျနေသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#သံတမန်
#ဖိတ်ခေါ်ပြသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now