မဲခေါင်၊ ဩဂုတ် ၁
အပစ်အခတ်ရပ်စဲပြီးမှ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်ကမ္ဘောဒီးယားစစ်သည် ၂၀ အား ထိုင်းဘက်မှ ပြန်ပေးဆွဲ ဖမ်းဆီးသွားသည်ဆိုသည့် ကမ္ဘောဒီးယားအစိုးရဘက်မှ ထုတ်ပြန်မှုကို ထိုင်း ဒု ကာကွယ်ရေးဝန်ကြီးလည်းဖြစ် ထိုင်း-မြန်မာနယ်စပ်အခြေအနေ စီမံခန့်ခွဲရေးစင်တာ အကြီးအကဲ လည်းဖြစ်သော ဗိုလ်ချုပ် နက်တာပိုနက်ပါနစ်က သတင်းမှားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ထိုသို့ မှားယွင်းနေမှုကို ဥပဒေအရ အမှန်တရားပေါ်သည်အထိ ဖြေရှင်းပြီးမှ ပြန်လွှတ်ပေးမည်ဟု ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။
ကမ္ဘောဒီးယားဘက်မှ ထုတ်ပြန်ချက်များတွင် အပစ်အခတ်ရပ်စဲပြီးနောက် ကမ္ဘောဒီးယားစစ်သည် အယောက် ၂၀ သည် ငြိမ်းချမ်းရေးသဘောတရားအရ ထိုင်းစစ်သားများနှင့်လက်ဆွဲနှုတ်ဆက်ရန် သွားသည်ကို ထိုင်းစစ်တပ်ဘက်မှစတင်ပစ်ခတ်ကာ ဖမ်းဆီးပြန်ပေးဆွဲသွားသည်ဟု စွပ်စွဲခဲ့သည်။
သို့သော် နက်တာပိုက ဝေဖန်မှုမြင့်တက်နေသော မိမိတို့ ထိုင်းအစိုးရနှင့် စစ်တပ်ဘက်မှ စီစဉ်မှုများ သည် စေစပ်သေချာမှုနှင့် အမှန်တရားကို ပိုမို ဦးတည်သောကြောင့်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား စစ်သား ၂၀ သည် စခန်းတွင် ကျည်ကုန်သည်အထိ ပစ်ခတ်တိုက်ခိုက်ပြီးမှ လက်နက်ချသူများသာ ဖြစ်ကြောင်း၊ နိုင်ငံတကာ စစ်ဥပဒေနှင့်အညီ ထို အယောက် ၂၀ အား ကောင်းမွန်စွာကျွေးမွေး စောင့် ရှောက်ထားပြီး ဒဏ်ရာရနေသူ ၂ ယောက်ကို ဆေးရုံတင် ကုသမှုများ ပြုလုပ်ပေးထားကြောင်း၊ သို့ရာ တွင် မိမိတို့ဘက်မှ ပြန်ပေးဆွဲသွားသည်ဆိုသည့် သတင်းထုတ်ပြန်မှုနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်ကိုယ်တိုင်က အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုမှုတွင် ကနဦး လွှတ်ပေးရန် စီစဉ်ထား သော်ငြား သတင်းလိမ်များဖြင့် စွပ်စွဲမှု ကင်းရှင်းရန်အတွက် ဖမ်းဆီးကမ္ဘောဒီးယား စစ်သားများအား လုံးကိုယ်တိုင်က အဖြစ်မှန်အား ဝန်ခံပြီးမှသာ ပြန်လွှတ်ရတော့မည်ဖြစ်ကြောင်း ပြောသည်။
နယ်စပ် စစ်ဘေး ဒဏ်သင့်နေမှုမြင်ကွင်းများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မီဒီယာများအား ကမ္ဘောဒီးယားဘက်မှ ဇူလိုင် ၃၀ ရက်၌ ခေါ်ပြခဲ့ပြီး မိမိတို့ဘက်မှ ဩဂုတ် ၁ ရက်မှ သံတမန်ခရီးစဉ် စီစဉ်သဖြင့် အရာရာ ခြေတစ်လှမ်းနောက်ကျသည်ဟု မီဒီယာနှင့်ပြည်သူများ ဝေဖန်မှုကို နားလည်စိတ်မကောင်းဖြစ်ရ ကြောင်း၊ သို့သော် မိမိတို့ ထိုသို့နောက်ကျရခြင်းမှာ ကမ္ဘောဒီးယားသည် ထိုင်းဘက်မှ အမှန်တကယ် အပစ်အခတ်ရပ်စဲမှုကို လိုက်နာသည်အား ကြိုသိခဲ့သဖြင့် ကြိုခေါ်ခဲ့ခြင်းဖြစ်ကာ မိမိတို့ဘက်မှမူ ကမ္ဘောဒီးယားတပ်များ အပစ်မရပ်သေးဘဲ တိုက်ခိုက်နေသည့်အနေအထားအား ဘေးကင်းလုံခြုံမှု ရှိစေသည်အထိ စောင့်ပြီးမှ စီစဉ်ရသဖြင့် နောက်ကျခဲ့ရကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#စစ်သုံ့ပန်း
#ပြန်ပေးဆွဲ








