ကမ္ဘာ့သတင်း

ဧရာမရုရှားငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီလှိုင်းများဖြစ်ပေါ်ကာ ဝေလငါးကြီးများ သောင်တင်

မဲခေါင် 30 Jul - 2025
မဲခေါင်၊ ဇူလိုင် ၃၀ ဇူလိုင် ၃၀ ရက် မနက်ပိုင်းတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးငလျင်လည်းဖြစ် ငလျင်သမိုင်း၌ ဆဌမမြောက်အကြီးမားဆုံး ငလျင်အဖြစ် ရုရှားနိုင်ငံ ကမ်ချပ်ကာ ကျွန်းဆွယ်အရှေ့ပိုင်း ပစိဖိတ် သမုဒ္ဒရာ အနက် ၁၂ မိုင်ကို ဗဟိုချက်အဖြစ် လှုပ်ခတ်ခဲ့သော ပြင်းအား ၈ ဒသမ ၈ ရှိငလျင်ကြီးကြောင့် ဝေလငါးကြီးများ ဂျပန်နှင့် ရုရှားတွင် သောင်တင်မှုများရှိခဲ့သည်။ ငလျင်သည် ကမ်းခြေဒေသများသို့ ၈၄ မိုင်အကျယ်အထိ ပြင်းထန်စွာလှုပ်ခတ်သွားခြင်းကြောင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေများရှိရာ ရုရှား၊ ဂျပန်၊ ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယားနှင့် သမုဒ္ဒရာတွင်းမှ ကျွန်းနိုင်ငံများစွာတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး ဆူနာမီ ပထမလှိုင်းအဖြစ် ရိုက်ခတ် မှုများ

မဲခေါင်၊ ဇူလိုင် ၃၀

ဇူလိုင် ၃၀ ရက် မနက်ပိုင်းတွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးငလျင်လည်းဖြစ် ငလျင်သမိုင်း၌ ဆဌမမြောက်အကြီးမားဆုံး ငလျင်အဖြစ် ရုရှားနိုင်ငံ ကမ်ချပ်ကာ ကျွန်းဆွယ်အရှေ့ပိုင်း ပစိဖိတ် သမုဒ္ဒရာ အနက် ၁၂ မိုင်ကို ဗဟိုချက်အဖြစ် လှုပ်ခတ်ခဲ့သော ပြင်းအား ၈ ဒသမ ၈ ရှိငလျင်ကြီးကြောင့် ဝေလငါးကြီးများ ဂျပန်နှင့် ရုရှားတွင် သောင်တင်မှုများရှိခဲ့သည်။

ငလျင်သည် ကမ်းခြေဒေသများသို့ ၈၄ မိုင်အကျယ်အထိ ပြင်းထန်စွာလှုပ်ခတ်သွားခြင်းကြောင့် ပစိဖိတ်သမုဒ္ဒရာကမ်းခြေများရှိရာ ရုရှား၊ ဂျပန်၊ ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယားနှင့် သမုဒ္ဒရာတွင်းမှ ကျွန်းနိုင်ငံများစွာတွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး ဆူနာမီ ပထမလှိုင်းအဖြစ် ရိုက်ခတ် မှုများ ရှိလာခဲ့သည်။

ထိုငလျင်နှင့် ဆူနာမီပထမလှိုင်းဖြစ်ပေါ်အပြီး ဂျပန်မီဒီယာများက ၎င်းတို့၏ ချီဘာစီရင်စု၊ တာတဲယာမ အရပ် ကမ်းခြေသောင်ပြင်စပ်တွင် ဧရာမ ဝေလငါးကြီး ၄ ကောင်၊ တစ်ကောင်နှင့်တစ်ကောင် ပေအနည်းငယ်သာ ဝေးပြီးသောင်တင်လူးလွန့်နေသည့် မြင်ကွင်းကို ရုပ်သံရိုက်ကူးဖော်ပြနိုင်ခဲ့သည်။

ယင်းတာတဲယာမ ကမ်းခြေတွင်မူ ဆူနာမီပထမလှိုင်း စိုးရိမ်စရာအဆင့် မရိုက်ခတ်ခဲ့ပေ။

၁၃ ပေအထိ ဆူနာမီလှိုင်းများ တိုက်ခတ်ခဲ့ရာ ရုရှားနိုင်ငံ ကမ်ချပ်ကာ ကျွန်းစွယ် ကမ်းခြေသောင်ပြင်တွင် လည်း နောက်ထပ် ဧရာမဝေလငါးကြီး ၅ ကောင်သည် ဆူနာမီကြောင့် ရေလှိုင်းကျသွားချိန် သောင်တင် ကျန်ရစ်ခဲ့သေးကြောင်း သိရသည်။

ကမ်ချပ်ကာတွင်မူ အနီးအနားရှိ လူများက အဆိုပါ ဝေလငါးကြီးများအား ရေများပက်ပေးခြင်းဖြင့် အသက်ရှင်သန်လွတ်မြောက်နိုင်ရန် ကယ်တင်နိုင်ရေး ကြိုးစားနေကြကြောင်း သိရသည်။

ဆူနာမီပထမလှိုင်းသည် ဂျပန်တွင် လှိုင်းအမြင့် သိပ်မများဘဲ ၄ ပေလောက်သာရှိသည့် လှိုင်းများကို ကမ်းခြေတစ်ဝိုက် မြင်တွေ့ရသေးသော်လည်း လူပေါင်း ၁ ဒသမ ၂ သန်း ရွှေ့ပြောင်းခိုင်းထားကာ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ဝန်ထမ်းများကိုလည်း ကြိုတင် ကယ်ထုတ်ထားရကြောင်း သိရသည်။

ခန့်မှန်း ထားမှုများအရ ရုရှား ကမ်ချပ်ကာအရပ်တွင် ဆူနာမီလှိုင်းအမြင့် ၁၃ ပေ၊ ဟာဝိုင်အီတွင် ၁၀ ပေအထိ လှိုင်းကြီးများစွာရိုက်ခတ်နိုင်ကြောင်း သိရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှားငလျင်
#ဆူနာမီ
#ဝေလငါး
#သောင်တင်
#ဂျပန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now