မဲခေါင်၊ ဇူလိုင် ၂၉
ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနှင့်ဖြစ်ပွားသည့် နယ်စပ်စစ်ပွဲများကြောင့် အရပ်သားသေဆုံးမှု ၁၅ ယောက်ရှိလာခဲ့ပြီး ဒါဇင်ချီ ဒဏ်ရာရမှုများရှိသလို ဒေသတွင်းကျန်းမာရေးစောင့်ရှောက်သည့်လုပ်ငန်းများစွာလည်း ထိခိုက်ခဲ့ရသည်ဟု ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဝါရွတ်ချိုတီပီသရာဆန်နော့က နောက်ဆုံး အရပ်သားသေဆုံးမှုမှာ ဇူလိုင် ၂၈ ရက်တွင်ဖြစ်ပြီး ဆာရင်ခရိုင်၌ သေဆုံးခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများကြောင့် ဒေသတွင်း ဆေးရုံ ၂၉ တွင် သက်ရောက်ထိခိုက်မှုရှိကာ ဆေးရုံ ၁၃ ရုံမှာ ပိတ်ပစ်ရသည် အထိ အခြေအနေဆိုးခဲ့ပြီး ဆေးရုံ ၇ ရုံသည်လည်း တစ်စိတ်တစ်ပိုင်းအကန့်အသတ်ဖြင့်သာ ဝန်ဆောင် မှုပေးနိုင်တော့ကြောင်း၊ နယ်စပ်ဒေသတစ်လျှောက် ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်သား ၁၇၅ ယောက်၏ လုပ်ငန်းတာဝန်များလည်း ထိခိုက်ခဲ့သည်ဟု ထုတ်ပြန်သွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#အရပ်သားသေဆုံး








