မဲခေါင်၊ ဇူလိုင် ၂၆
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် လက်ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးရာထူး ထမ်းဆောင်နေသူ ကမ္ဘောဒီးယားမှ ကာအိုကင်မ်ဟွန်းတို့ ဇူလိုင် ၂၅ ရက်နေ့က ပေကျင်း၌ တွေ့ဆုံခဲ့ပြီးနောက် ဝမ်ယိက အနောက်ကိုလိုနီများ ထားခဲ့သည့် ဆိုးမွေကြောင့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ တိုက်ပွဲဖြစ်နေရကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
ဝမ်ယိက ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် လူသေဆုံးမှုများဖြစ်ပေါ်လာစေသည့် ပဋိပက္ခအား စစ်ပွဲဖြင့် မဖြေရှင်းဘဲ ဆင်ခြင်ဉာဏ်ထားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အာဆီယံ နည်းလမ်းအတိုင်းသာ စေ့စပ်ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်း၊ နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းခြင်းကို ကြားနေအဖြစ် အစွမ်း ကုန်ဖြေရှင်းပေးသွားရန် ကြိုးပမ်းမည်ဟု ဝမ်ယိက ပြောသွားခဲ့သည်။
ကမ္ဘောဒီးယား အာဏာရှင် ဟွမ်ဆန်သည် တရုတ်ပြည်သို့ ကနဦး သွားရောက်မည်ဟု သတင်းများ ထွက်ခဲ့ပြီးနောက် ထိုသတင်းမဟုတ်မှန်ဘဲ ပြည်တွင်း၌သာ တိုက်ပွဲများကို ကြီးကြပ်နေသည်ဟု ထုတ်ပြန်ပြီးနောက် ကာအိုကင်မ်ဟွန်း ပေကျင်းသို့ ရောက်လာခြင်းဖြစ်သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#တရုတ်
#ဝမ်ယိ








