မဲခေါင်၊ ဇူလိုင် ၂၅
ဇူလိုင် ၂၅ ရက် မနက်ပိုင်းတွင် ထိုင်း အမှတ် (၂) ဒေသ စစ်ထောက်လှမ်းရေးမှ ဖော်ပြသည့်သတင်းအရ တမွန်သွမ်ဘုရားကျောင်းအနီး ကမ္ဘောဒီးယားဘက်မှ ၂၄ ယောက်သေဆုံးပြီး အများစုမှာ စစ်သားများသာဖြစ်သည်ဟု သိရှိရသည်။
ယင်းသတင်းကို ဖော်ပြသော ထိုင်းမီဒီယာ Khaosod ကမူ ၎င်းတို့ကိုယ်တိုင် အတည်မပြုနိုင်သော ထိုင်းထောက်လှမ်းရေးသတင်းရင်းမြစ်မှ ရရှိသည့်သတင်းဟုသာဆိုခဲ့ပြီး ဇူလိုင် ၂၅ ရက် မနက်ပိုင်းတွင် ထိုင်းတပ်က တမွန်သွမ် ဘုရားကျောင်းကို ကောင်းစွာ တပ်စွဲထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် ဘုရားကျောင်းတောင်ဘက်၌ သေဆုံးသူ ၈ ဦး အလောင်းအားတွေ့ရကာ ၃ ဦးမှာ ကမ္ဘောဒီးယား စစ်သားများဖြစ်ပြီး ၄ ဦးမှာ အရပ်သားများဖြစ်ကြောင်း၊ တစ်ဦးသည် ဘုန်းကြီးတစ်ပါးအလောင်းဖြစ်သည်ဟု ဆိုသည်။
ဇူလိုင် ၂၄ ရက် စစ်ပွဲပထမရက်တွင် ထိုင်းလေတပ်မှ ကမ္ဘောဒီးယား တပ်မ ၈၊ ၉ နှင့် ၄၂ စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်နက်ထောက်ပို့စခန်းအားလည်း ဒရုန်းများဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ဆက်တာဆွန်အရပ်နှင့် ခိုမာကူအာရပ်တို့၌ ကမ္ဘောဒီးယား တင့်ကား ၂ စီးကိုလည်း ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ဒရုန်းများကြောင့် ကမ္ဘောဒီးယားစစ်သား ၁၄ ဦးသေဆုံးသဖြင့် ပထမရက်မှာပင် ကမ္ဘောဒီးယားစစ်သား ၂၃ ဦး သေဆုံးပြီး ဇူလိုင် ၂၅ ရက် မနက်ပိုင်းတိုက်ခိုက်မှုတွင် နောက်ထပ် ကမ္ဘောဒီးယားစစ်သား တစ်ဦး ထပ်မံသေဆုံးခဲ့ကာ ချွန်ဘွတ်ခ်ဒေသရှိ 3 x 100mm လက်နက်ကြီးပစ်စင်ကိုပါ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ထိုင်းထောက်လှမ်းရေး








