နေ့စဥ်သတင်း

မနက် ၄ နာရီခွဲကတည်းက စစ်ပွဲ ဒုတိယနေ့အဖြစ် နယ်စပ်နေရာများစွာတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ ဆက်လက် တိုက်ခိုက်နေ

မဲခေါင် 25 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၅ ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲကတည်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် နေရာများစွာတွင် နှစ်ဖက်စစ်တပ်များ စစ်ပွဲ ဒုတိယနေ့တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ပြီး နယ်စပ်ဒေသ စစ်ဇုန် အတွင်းမှ ပြည်သူများ ရှောင်ရှားရန် ထိုင်းအစိုးရက သတိပေးထုတ်ပြန်ခဲ့သည်။ မနက်မိုးမသောက်မီ ပိုင်နက်အငြင်းပွား ပရာဝီဟီယာဘုရားကျောင်းနှင့် ချွန်ဘွတ်ခ်ဒေသတို့၌ ကမ္ဘောဒီးယားစစ်သားများ တင့်ကား ၆ စီးဖြင့် တက်လာပြီး ချောင်ဘလော့တန်အရပ်တွင် တပ်စွဲထားသည့် ထိုင်းစစ်သားများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ရာမှ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ ချွန်ဘွတ်ခ် ဒေသတွင် ထိုင်းအမြောက်တပ်မှ လက်နက်ကြီးပစ်ကူးများပေးပြီး ကာဆာအက်ဆူအက် အရပ်တွင် ကမ္ဘောဒီးယားဘက်မှ စစ်ကြောင်းထိုးတက်လာကြောင်း၊ ထို့ကြောင့် ထိုင်း အမှတ်(၂) ကြည်းတပ်ဒေသ

မဲခေါင်၊ ဇူလိုင် ၂၅

ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲကတည်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ် နေရာများစွာတွင် နှစ်ဖက်စစ်တပ်များ စစ်ပွဲ ဒုတိယနေ့တိုက်ခိုက်မှုများ ပြင်းထန်ခဲ့ပြီး နယ်စပ်ဒေသ စစ်ဇုန် အတွင်းမှ ပြည်သူများ ရှောင်ရှားရန် ထိုင်းအစိုးရက သတိပေးထုတ်ပြန်ခဲ့သည်။

မနက်မိုးမသောက်မီ ပိုင်နက်အငြင်းပွား ပရာဝီဟီယာဘုရားကျောင်းနှင့် ချွန်ဘွတ်ခ်ဒေသတို့၌ ကမ္ဘောဒီးယားစစ်သားများ တင့်ကား ၆ စီးဖြင့် တက်လာပြီး ချောင်ဘလော့တန်အရပ်တွင် တပ်စွဲထားသည့် ထိုင်းစစ်သားများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ရာမှ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ ချွန်ဘွတ်ခ် ဒေသတွင် ထိုင်းအမြောက်တပ်မှ လက်နက်ကြီးပစ်ကူးများပေးပြီး ကာဆာအက်ဆူအက် အရပ်တွင် ကမ္ဘောဒီးယားဘက်မှ စစ်ကြောင်းထိုးတက်လာကြောင်း၊ ထို့ကြောင့် ထိုင်း အမှတ်(၂) ကြည်းတပ်ဒေသ အထူးခြေလျင်တပ်ဖွဲ့မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းတော်ဝင်တပ်မတော်က ထုတ်ပြန်သည်။

နံနက် ၆ နာရီ ၂၉ မိနစ်တွင် ကမ္ဘောဒီးယားတပ်များသည် တောင်ကုန်းအမှတ် ၄၆၉ ကို တက်သိမ်းရန် စစ်ကြောင်းထိုးလာသလို ချွန်ဘွတ်ခ်နယ်တောင်ပိုင်း တောင်ကုန်းအမှတ် ၄၀၈ ကိုလည်း တက်သိမ်းရန် BM 21 ရော့ကတ် လောင်ချာများဖြင့် ပစ်ခတ်ကြောင်း၊ ချွန်ခါဆွန်နယ်စပ်ဒေသ၊ ဆမ်တေ့ခ်နယ်မြေတွင်လည်း နှစ်ဖက် တိုက်ခိုက်မှုများ နေရာအနှံ့ရှိခဲ့သဖြင့် ထိုင်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တုံ့ပြန်ခဲ့သည်ဟု ထိုင်းတော်ဝင်တပ်မတော် Update ဖေ့စ်ဘုတ် Page ၌ ယနေ့မနက် ရေးတင်ခဲ့သည်။

ကိုကလင်း
Ref: The Nation
#MeKongNews
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား
#နယ်စပ်စစ်ပွဲ
#ပရာဝီဟီယာဘုရားကျောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now