မဲခေါင်၊ ဇူလိုင် ၂၃
ကမ္ဘောဒီးယားနှင့် ပထမရက် စစ်ပွဲတွင် မိမိတို့ဘက်မှ F 16 ဖိုက်တာဂျက်လေယာဉ်များဖြင့် ညနေပိုင်း၌ ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ရာ စစ်ရေးပစ်မှတ်များကို တိကျအောင်မြင်စွာ ပစ်ခတ်ပြီး ဘေးကင်းစွာပြန်လာနိုင်ခဲ့သည်ဟု ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်းဆူဗာရီက ဌာနချုပ်မှ ထုတ်ပြန်ခဲ့သည်။
တမုန်သွမ် ဘုရားကျောင်းတွင် နှစ်ဘက်စစ်သားများ ပစ်ခတ်မှု၌ ကမ္ဘောဒီးယားဘက်မှ စတင်ပစ်ခတ် ခြင်းဖြစ်သောကြောင့်သာ အကျိုးမရှိနိုင်သော်လည်း မဖြစ်မနေလိုအပ်သည့်သဘောတရားအရ နိုင်ငံ တကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကမ္ဘောဒီးယားစစ်ရေးပစ်မှတ်နေရာများသို့သာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့ရကြောင်း ပြောခွင့်ရသူက ဆိုသည်။
ကမ္ဘောဒီးယားကဲ့သို့ အရပ်သားပြည်သူများရှိရာ ဥပဒေချိုးဖောက် ပစ်ခတ်ခြင်းမဟုတ်ဘဲ စစ်ရေးပစ်မှတ်များကိုသာ ပထမတစ်ကြိမ် F 16 တိုက်လေယာဉ် ၆ စီး၊ ညနေ ပိုင်း၌ နောက်ထပ် ၄ စီးဖြင့် သွားရောက်တိုက်ခိုက်ရာ ပစ်မှတ်တိကျသဖြင့် မည်သည့် အရပ်သား နေရပ်ကိုမျှ မထိခိုက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားဘက်မှ မည်မျှ ပျက်စီးထိခိုက်သေဆုံးသည်ကို မထုတ် ပြန်သဖြင့် မသိရသေးကြောင်း၊ ယခု ပဋိပက္ခသည် ကာလအနည်းငယ် ဆက်ဖြစ်နေနိုင်သေးပြီး နှစ်နိုင်ငံ အစိုးရအချင်းချင်းအကြား အမြန်ဆုံး ငြိမ်းချမ်းပြေလည်စေရန် ဆွေးနွေးသွားမည်ဖြစ်ရာ အမြန်ဆုံး အေးချမ်းစေချင်သည်ဟု ဝင်ထိုင်းဆူဗာရီက ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#ထိုင်းစစ်တပ်
#လေကြောင်းတိုက်ခိုက်မှု
#စစ်ရေးပစ်မှတ်








