မဲခေါင်၊ ဇူလိုင် ၂၄
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ဇူလိုင် ၂၄ ရက်မနက်ပိုင်းတွင် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်သည် ထိုင်းပိုင်နက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းခဲ့ရာ အိမ်နီးချင်းကောင်းအဖြစ်၊ နိုင်ငံတကာဥပဒေနှင့်အညီ တုံ့ပြန်နေသော်လည်း သီးမခံနိုင်တော့သောကြောင့် ထိုင်းစစ်တပ်မှ ချမှတ်ထားသည့် မဟာဗျူဟာစီမံကိန်းများအတိုင်း ပြန်လည် တုံ့ပြန်နိုင်ပြီဟု လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ် ယနေ့မွန်းလွဲပိုင်း၌ ရေးတင် အသိပေးသွားခဲ့သည်။
ယင်းရေးသားမှု၌ ကမ္ဘောဒီးယားသည် နယ်စပ်အငြင်းပွားနယ်မြေများ၌ ပေါက်ကွဲစေနိုင်သော မိုင်းထောင်ချောက်များ ထောင်ထားသည့်အပြင် ထိုင်းနိုင်ငံအတွင်းသို့ပါ ပစ်ခတ်တိုက်ခိုက်လာကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစတင်ပြီး ထိုင်းစစ်သားများဘက်မှ မဟာဗျူဟာများအတိုင်း ပြန်လည် တုံ့ပြန်နိုင်ပြီ ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာနမှလည်း မှန်ကန်သင့်တော်သည့် ထုတ်ပြန်ချက်များ လုပ်ဆောင် ထုတ်ပြန်တော့မည်ဟု သက်ဆင်က ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုင်း တပ်မဟာ (၁) တပ်မှူးသည် ဆာခဲယိုခရိုင်တွင် ကမ္ဘောဒီးယားနယ်စပ်ဂိတ် ၅ ဂိတ်စလုံးကို ပိတ် လိုက်ပြီးနောက် ထိုင်းစစ်သားများအား စစ်ရေးလက်နက်အသုံးအဆောင် အပြည့်အ၀ တပ်ဆင်ပေးနေ ပြီး Chakkraphong Phuwanat အမည်ပေးထားသည့် မဟာဗျူဟာအရ ကမ္ဘောဒီးယားဘက် စတင် ပစ်ခတ်တိုက်ခိုက်ရန် အမိန့်စောင့်ဆိုင်းနေပြီဖြစ်ကြောင်းလည်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဟွမ်ဆန်
#ထိုင်းနိုင်ငံ
#သက်ဆင်
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား








