ကမ္ဘာ့သတင်း

ဂါဇာတွင် ကုလရိက္ခာကားတန်းဆီ သွားသည့်လူအုပ်ထဲ အစ္စရေးပစ်ခတ်သဖြင့် အနည်းဆုံး ၈၅ ဦးသေဆုံး

မဲခေါင် 21 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၁ ဇူလိုင် ၂၀ ရက်နေ့က ဂါဇာမြောက်ပိုင်း၌ ကုလသမဂ္ဂ စားနပ်ရိက္ခာများ ဖြန်ပေးရာ ယာဉ်တန်းဆီသို့ ရိက္ခာသွားယူကြသော ပါလက်စတိုင်းပြည်သူ လူအုပ်ထဲသို့ အစ္စရေးတင့်ကားများက ပစ်ခတ်သော ကြောင့် အနည်းဆုံး ၈၅ ယောက်သေဆုံးကာ ၁၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ဇီကင်အရပ်ကို ကျော်ဖြတ်ကာ စားနပ်ရိက္ခာယာဉ်တန်းသို့ ထောင်ချီသော ပါလက်စတိုင်းသားများ ရိက္ခာသွားယူခြင်းတွင် အားချင်းအန္တရာယ်ရှိသော အနေအထားအဖြစ် ရှုမြင်ကြောင်း၊ ဂါဇာ ဗဟိုဒေသ မှ ပြည်သူများ ရှောင်တိမ်းထွက်ခွာရန် အမိန့်ပေးထားပြီးဖြစ်ခြင်းကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း၊ ဟားမက်စ်တင်မြှောက်ထားသည့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးပြောသော သေဆုံးမှုဦးရေသည် လည်း မဟုတ်မမှန် လွန်စွာများပြားသည့် အရေအတွက်ဟု အစ္စရေး

မဲခေါင်၊ ဇူလိုင် ၂၁

ဇူလိုင် ၂၀ ရက်နေ့က ဂါဇာမြောက်ပိုင်း၌ ကုလသမဂ္ဂ စားနပ်ရိက္ခာများ ဖြန်ပေးရာ ယာဉ်တန်းဆီသို့ ရိက္ခာသွားယူကြသော ပါလက်စတိုင်းပြည်သူ လူအုပ်ထဲသို့ အစ္စရေးတင့်ကားများက ပစ်ခတ်သော ကြောင့် အနည်းဆုံး ၈၅ ယောက်သေဆုံးကာ ၁၅၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဇီကင်အရပ်ကို ကျော်ဖြတ်ကာ စားနပ်ရိက္ခာယာဉ်တန်းသို့ ထောင်ချီသော ပါလက်စတိုင်းသားများ ရိက္ခာသွားယူခြင်းတွင် အားချင်းအန္တရာယ်ရှိသော အနေအထားအဖြစ် ရှုမြင်ကြောင်း၊ ဂါဇာ ဗဟိုဒေသ မှ ပြည်သူများ ရှောင်တိမ်းထွက်ခွာရန် အမိန့်ပေးထားပြီးဖြစ်ခြင်းကြောင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း၊ ဟားမက်စ်တင်မြှောက်ထားသည့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးပြောသော သေဆုံးမှုဦးရေသည် လည်း မဟုတ်မမှန် လွန်စွာများပြားသည့် အရေအတွက်ဟု အစ္စရေး စစ်တပ်မှ ငြင်းဆိုထုတ်ပြန်သွားခဲ့သည်။

ဂါဇာတွင် လက်ရှိ နေထိုင်ရှင်သန်ရမှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုအနေအထားသည် အလွန်ဆိုးရွားနေ သဖြင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ဖြင့် ကုန်ကား ၂၅ စီးဖြင့် ရိက္ခာများ သွားရောက် ဝေငှ နေစဉ် ယခုလို ပစ်ခတ်ခံရမှုရှိခဲ့ကြောင်း ကုလမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကလည်း အတည် ပြုပြောဆိုသည်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းဌာနခွဲမှ အကြီးအကဲ ဇာဟာ အယ်လ်ဝါဟိုင်း ဒီက ယခုဖြစ်စဉ်မှာ ရိက္ခာယူသည့်ဖြစ်စဉ်များအနက် သေဆုံးမှု အများဆုံးသော ဖြစ်စဉ်ဟု ဆိုကာ ရှာကုချ်အရပ် ဂါဇာ လူသားချင်းစာနာမှုဆိုင်ရာ ဖောင်ဒေးရှင်းရုံးအနီးတွင်လည်း အစ္စရေးစစ်သားများ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၆ ဦးသေဆုံးခဲ့ရသေးသည်ဟု ထုတ်ပြန်သည်။

ယခုလဆန်းပိုင်းက အစ္စရေးဘက်မှ ဂါဇာနယ်မြေ ၆၅ ရာခိုင်နှုန်းကို စီးနင်းထိန်းချုပ်ထားနိုင်ပြီဖြစ် ကြောင်း ထုတ်ပြန်ကာ ဝန်ကြီးချုပ် နက်တန်ယာဟုသည် ဟားမက်စ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ထိုးစစ်အင်အားမြှင့်ကာ ဆက်လက် ဖိအားပေးတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အစ္စရေး
#ပါလက်စတိုင်း
#ဂါဇာ
#ကုလသမဂ္ဂ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now