မဲခေါင်၊ ဇူလိင် ၂၁
ပတ္တရားရဲစခန်းရှေ့မှ စတင်တာထွက် သည့် ပတ္တရားမာရသွန်ပြိုင်ပွဲ တာမလွှတ်မီ အသက် ၃၅ နှစ်အမျိုးသမီးတစ်ဦး စခန်းရှေ့ သတင်းထောက်များ၊ ပြိုင်ပွဲဝင်များ၊ ရဲများရှေ့မှာပင် ပလတ်စတစ်ဇစ်ဆွဲအိတ်နှင့်ပါလာသည့် ခရစ္စတယ် (ICE) ကို လူပုံအလယ် သုံးစွဲပြရုံသာမက မည်သို့သုံးပုံ၊ မည်သည့်နေရာတွင် မည်သည့်စျေး ဖြင့် ဝယ်ယူရရှိနိုင်သည်ကိုပါ ရှင်းလင်းပြောဆိုနေသောကြောင့် ဖမ်းဆီးခဲ့ရမှု ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၁၉ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၄ နာရီ ၃၆ မိနစ်၌ ပတ္တရားရဲစခန်းမှူး အန်နက်ဆာရာသွန်ယိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သတင်းသမားများနှင့် မာရသွန်ပြေးသူ များသည် အဆိုပါ အမျိုးသမီးလုပ်ရပ်ကြောင့် ကြောင်အမ်းသွားကြပြီး လူအုံသွားခဲ့ပြီးမှ ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
ယင်းအမျိုးသမီးသည် ကောင်းမွန်စွာဝတ်စားထားခြင်း မရှိသလို ဒူးတွင်လဲ ပွန်းပဲ့ဒဏ်ရာမှ သွေးများ ထွက် နေသဖြင့် ရဲက ဆေးအဖွဲ့အရင်ခေါ်ကာ ကုသပေးပြီး စိတ်ကစဉ့်ကလျားဖြစ်နေပုံရသူဟု ရှုမြင်သော ကြောင့် ဆေးကုသမှုခံယူရန် ပြန်လည်သန်စွမ်းရေးဌာနသို့ ဦးစွာပို့ဆောင်ခဲ့ရသည်။
ကိုကလင်း
Ref: thepattayanews
#MeKongNews
#ထိုင်းနိုင်ငံ
#မူးယစ်ဆေးဝါး
#ပတ္တရားရဲစခန်း
#မာရသွန်ပြိုင်ပွဲ








