နေ့စဥ်သတင်း

ဝါကြီးဘုန်းကြီးများ ကျောင်းတည်ဆောက်ရေးမှ ဘတ်သန်းပေါင်းရာချီ အလွဲသုံးစားမှု ထပ်မံပေါ်ပေါက်

မဲခေါင် 21 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၁ ထိုင်းနိုင်ငံဘုန်းကြီးလောကတွင် ဒကာမ ဂေါ့ဖ်ဟု နာမည်ကြီးနေသော ၃၅ နှစ်အရွယ် အမျိုးသမီးနှင့် ဘုန်းကြီးများ လိင်ကိစ္စ၊ ငွေကိစ္စအရှုပ်အထွေးများ ဟိုးလေးတကျော်ဖြစ်နေချိန် ထိုအမှုနှင့်မဆိုင်သော်လည်း ဝါပိုမိုကြီးသည့် ဘုန်းကြီးများ ကျောင်းတည်ဆောက်ရေးစီမံကိန်းများမှ ဘတ်သန်းရာပေါင်းများစွာ အလွဲသုံးစားမှု လုပ်ထားမှု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ယခင်ကတည်းက ဘာသာရေးဆိုင်ရာ အဆောက်အအုံများတည်ဆောက်မှုတွင် ဝါကြီးထိုင်းဘုန်းကြီးများ ငွေကြေးအလွဲသုံးစားလုပ်နေကြောင်း သတင်းထွက်ခဲ့သော်လည်း အတိအလင်းမဖော်ပြခဲ့ကြဘဲ ယခု ဒကာမ ဂေါ့ဖ်ကိစ္စ ပေါ်ပေါက်လာပြီးနောက် ငွေကြေး လွှဲပြောင်းမှုများအား အသေးစိတ်ပြန်စစ်ဆေးရာ ဂေါ့ဖ်နှင့်ပတ်သက်ခဲ့သည့်ထဲမှ ဘုန်းကြီးတချို့အပြင် ထိုထက်ပိုဝါတော်မြင့်သည့် ထိပ်တန်း အဆင့်ဘုန်းကြီးများ ဘတ်သန်းရာချီသော အလွဲသုံးစားမှုများ ထပ်မံပေါ်ပေါက်လာသည်ဟု ဗဟို ထောက်လှမ်းရေးဗျူရို ဒု ကော်မရှင်နာ ရဲမှူးချုပ်

မဲခေါင်၊ ဇူလိုင် ၂၁

ထိုင်းနိုင်ငံဘုန်းကြီးလောကတွင် ဒကာမ ဂေါ့ဖ်ဟု နာမည်ကြီးနေသော ၃၅ နှစ်အရွယ် အမျိုးသမီးနှင့် ဘုန်းကြီးများ လိင်ကိစ္စ၊ ငွေကိစ္စအရှုပ်အထွေးများ ဟိုးလေးတကျော်ဖြစ်နေချိန် ထိုအမှုနှင့်မဆိုင်သော်လည်း ဝါပိုမိုကြီးသည့် ဘုန်းကြီးများ ကျောင်းတည်ဆောက်ရေးစီမံကိန်းများမှ ဘတ်သန်းရာပေါင်းများစွာ အလွဲသုံးစားမှု လုပ်ထားမှု ထပ်မံ ပေါ်ပေါက်လာပြန်သည်။

ယခင်ကတည်းက ဘာသာရေးဆိုင်ရာ အဆောက်အအုံများတည်ဆောက်မှုတွင် ဝါကြီးထိုင်းဘုန်းကြီးများ ငွေကြေးအလွဲသုံးစားလုပ်နေကြောင်း သတင်းထွက်ခဲ့သော်လည်း အတိအလင်းမဖော်ပြခဲ့ကြဘဲ ယခု ဒကာမ ဂေါ့ဖ်ကိစ္စ ပေါ်ပေါက်လာပြီးနောက် ငွေကြေး လွှဲပြောင်းမှုများအား အသေးစိတ်ပြန်စစ်ဆေးရာ ဂေါ့ဖ်နှင့်ပတ်သက်ခဲ့သည့်ထဲမှ ဘုန်းကြီးတချို့အပြင် ထိုထက်ပိုဝါတော်မြင့်သည့် ထိပ်တန်း အဆင့်ဘုန်းကြီးများ ဘတ်သန်းရာချီသော အလွဲသုံးစားမှုများ ထပ်မံပေါ်ပေါက်လာသည်ဟု ဗဟို ထောက်လှမ်းရေးဗျူရို ဒု ကော်မရှင်နာ ရဲမှူးချုပ် ဂျာရွန်ကီယက် ပန်ကဝီးက ဇူလိုင် ၁၈ ရက်တွင် အတည်ပြုထုတ်ပြန်သွားသည်။

အမှုသွားအမှုလာ အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် မည်သည့် ကိုယ်တော်များ ထို အမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုခြင်းကို မထုတ်ပြန်သေးသော်လည်း သက်သေများ အခိုင်အမာရရှိထားပြီး ဖြစ်သောကြောင့် မကြာမီ သာသနာဖျက် ဘုန်းကြီးများ အမှုကို ထုတ်ပြန်နိုင်မည်ဟု ပန်ကဝီးက ထုတ်ပြန် ပြောဆိုခဲ့သည်။

ယခုအမှုမတိုင်မီ ထရိုင်သော့ဆာသပ်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဟောင်း ဝါချီရာပါမွန့်ခ် ဘွဲ့တော် ရခဲ့သော ကိုယ်တော်သည် ဘတ် ၃၈၅ သန်း အလွဲသုံးစား လုပ်ခဲ့မှုကြောင့် ဖမ်းဆီးခဲ့ရသေးပြီး ထိုအမှု တွင်လည်း အခြားဘုန်းကြီးများ ပါဝင်ပတ်သက်မှုရှိနေသည့်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#ဘုန်းကြီး
#အလွဲသုံးစားမှု
#ဘာသာရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now