နေ့စဥ်သတင်း

မြန်မာဘက်ကူးသည့် ပျောက်ဆုံး ဆယ်ကျော်သက် အနည်းဆုံး ၅ ဦး ရှိနေဟု တရုတ်ရဲတပ်ဖွဲ့ ထုတ်ပြန်

မဲခေါင် 19 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၉ တရုတ်ရဲတပ်ဖွဲ့က အနည်းဆုံး ဆယ်ကျော်သက် ၅ ဦးသည် ယူနန်မှတစ်ဆင့် မြန်မာဘက်ရှိ ကျားဖြန့် လုပ်ငန်းများဆီသို့ ရောက်ရှိပျောက်ဆုံးနေသောကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်မည်ဟု ထုတ်ပြန် ကြေညာသည်။ ပျောက်ဆုံးဆယ်ကျော်သက်များသည် မြန်မာနိုင်ငံသို့ ခရီးသွားသည့်အနေအထားမှ မိသားစုနှင့် အဆက် အသွယ်ပြတ်ကုန်ကြခြင်းဖြစ်ကြောင်း၊ ၁၈ နှစ်အရွယ် ဟီဖိုင်ပြည်နယ် အန်ဟိုင်းမြို့မှ အထက်တန်း ကျောင်းသား တစ်ဦးသည် ကျောင်းပိတ်ရက် အလုပ်အကိုင်ရရှိရန် မိဘများကို အသိမပေးဘဲ ယူနန် ပြည်နယ် မြို့တစ်မြို့သို့ ‌ထွက်သွားကာ နောက်ပိုင်း မြန်မာနိုင်ငံထဲ ဝင်သွားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မိဘများအဆိုအရ ဧပြီလကတည်းက ဟီဖိုင်သို့ ထွက်သွားပြီး အလုပ်လုပ်နေ သည်ဟု အစောပိုင်း

မဲခေါင်၊ ဇူလိုင် ၁၉

တရုတ်ရဲတပ်ဖွဲ့က အနည်းဆုံး ဆယ်ကျော်သက် ၅ ဦးသည် ယူနန်မှတစ်ဆင့် မြန်မာဘက်ရှိ ကျားဖြန့် လုပ်ငန်းများဆီသို့ ရောက်ရှိပျောက်ဆုံးနေသောကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်မည်ဟု ထုတ်ပြန် ကြေညာသည်။

ပျောက်ဆုံးဆယ်ကျော်သက်များသည် မြန်မာနိုင်ငံသို့ ခရီးသွားသည့်အနေအထားမှ မိသားစုနှင့် အဆက် အသွယ်ပြတ်ကုန်ကြခြင်းဖြစ်ကြောင်း၊ ၁၈ နှစ်အရွယ် ဟီဖိုင်ပြည်နယ် အန်ဟိုင်းမြို့မှ အထက်တန်း ကျောင်းသား တစ်ဦးသည် ကျောင်းပိတ်ရက် အလုပ်အကိုင်ရရှိရန် မိဘများကို အသိမပေးဘဲ ယူနန် ပြည်နယ် မြို့တစ်မြို့သို့ ‌ထွက်သွားကာ နောက်ပိုင်း မြန်မာနိုင်ငံထဲ ဝင်သွားရာမှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

မိဘများအဆိုအရ ဧပြီလကတည်းက ဟီဖိုင်သို့ ထွက်သွားပြီး အလုပ်လုပ်နေ သည်ဟု အစောပိုင်း ဆက်သွယ်ပြောဆိုသော်လည်း ဇွန်လနှောင်းပိုင်းမှ စတင်ကာ အဆက်အသွယ်မရ တော့ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း အသက် ၁၈ နှစ် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်များစွာသည် နွေရာသီ ကျောင်းပိတ်ရက်၌ မိဘများမသိဘဲ ယူနန်သို့ ခရီးသွားခဲ့ကြကြောင်း၊ မြန်မာနယ်စပ်နားအရောက် အဆက်အသွယ်ပြတ်တောက်သွားကြပြီး ယနေ့ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက် အနည်းဆုံး ၅ ယောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနှင့်လာအိုနယ်စပ် Xishuangbanna Dai ဆိုသော ယူနန်ပြည်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနီးတွင် အဆက်အသွယ်ပြတ်တောင်ကုန်သဖြင့် ကျားဖြန့်လုပ်ငန်းများ သို့ ရောက်ရှိနေမည်ဟု သုံးသပ်ထားကြသည်။

ထိုပြဿနာကြောင့် ဟူဘေးပြည်နယ် ဟောင်ဇော်ရဲတပ်ဖွဲ့သည် ယူနန်သို့အမြန်ဆုံးလိုက်ပြီး အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ရှာဖွေကယ်တင်နိုင်ရေး အပူတပြင်းလုပ်ဆောင်နေသည်ဟု Elephant News မှဖော်ပြခဲ့သည်။

ဇူလိုင် ၄ ရက်တွင် ပန်ဆိုသည့် ယန်ဇီခရိုင်နေ ဆယ်ကျော်သက်လူငယ်သည် မြန်မာဘက်ခြမ်းကူးသွားပြီး ပျောက်ဆုံးသွားကာ နောက်ဆုံးအဆက်အသွယ်ရစဉ်တွင် ချစ်သူမိန်းက လေးထံ မြန်မာဘက်ရောက်ရှိနေသည်ဟု မက်ဆေ့ချ်ပို့ခဲ့ကြောင်းသာ သိရှိခဲ့ရသည်။

ပန်၏ မိခင်က မိမိ အား မြန်မာစစ်တပ်ထံ ဆက်သွယ်ပြီး သားဖြစ်သူကို ဘတ် ၉၀၀၀၀၀ (ယွမ် ၂၀၀၀၀၀) ပေးကာ ပြန် ခေါ်ထုတ်ကယ်တင်နိုင်ရန် ကြိုးစားကြည့်စေလိုသော်လည်း ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများဖြစ် သောကြောင့် မတတ်နိုင်ဟု မီဒီယာများထံ ထုတ်ဖော်ပြောဆိုခဲ့သည်။

ဟွမ်းဇူးပြည်နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ နယ်စပ်ဒေသ အာဏာပိုင်များက မိဘများ ကျောင်းပိတ် ချိန်၌ သားသမီးများကို လစာမြင့်မားစွာပေးမည်ဟု လိမ်ခေါ်သည့် အလုပ်များအား လောဘတက်ကာ ကျားဖြန့်လုပ်ငန်းများအတွင်း အဓမ္မခိုင်းစေနှိပ်စက်ခံရနိုင်သည်ကို သေချာသွန်သင်ဆုံးမထားရန် တိုက် တွန်းချက်များလည်း ထုတ်ပြန်နေသည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#တရုတ်နိုင်ငံသား
#ကျားဖြန့်
#မြန်မာနိုင်ငံ
#ပျောက်ဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now