နေ့စဥ်သတင်း

လာအိုမှ ထိုင်းသို့ဝင်လာသည့် တရုတ်နိုင်ငံသား ပြန်ပေးဆွဲသတ်ဖြတ်ခံရ

မဲခေါင် 16 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၆ ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် အသက် ၂၄ နှစ်အရွယ် ပျောက်ဆုံး တရုတ်နိုင်ငံသား မစ္စတာယင်ဆိုသူ အလောင်းကို ထိုင်းနိုင်ငံ မဲရင်ခရိုင်၊ မဲရမ်ခရိုင်ခွဲ ဘန်ပန်ဟရူးလမ်းဘေးတစ်နေရာ၌ ပလတ်စတစ်၊ အိပ်ယာခင်းစများဖြင့် ပတ်ထားပြီး ပစ်ထားသည်ကို တွေ့ရှိရကာ တရုတ်နိုင်ငံသား ၂ ဦးကပင် ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းမှုများအရ သိရှိရသည်။ သေဆုံးသူ၏ ညီမဖြစ်သူမှ မစ္စတာယင် ပျောက် ဆုံးနေကြောင်းတိုင်ကြားထားသည်ဟုဆိုကာ ၎င်းသည် ဇူလိုင် ၈ ရက်တွင် လာအိုမှတစ်ဆင့် ချင်းရိုင်ရှိ အထူးစီးပွားရေးဇုန်မှနယ်စပ်ကိုဖြတ်ကျော်ပြီး ချင်းမိုင်သို့ ဝင်ရောက်လာသူဟု အမှတ် (၅) ခရိုင်ရဲတပ်ဖွဲ့ ရဲမင်းကြီး ယီဆက်ခ်ဟွန်းက ဆိုသည်။ ဟူးကန့်ဆိုသည့်

မဲခေါင်၊ ဇူလိုင် ၁၆

ဇူလိုင် ၁၄ ရက်ညနေပိုင်းတွင် အသက် ၂၄ နှစ်အရွယ် ပျောက်ဆုံး တရုတ်နိုင်ငံသား မစ္စတာယင်ဆိုသူ အလောင်းကို ထိုင်းနိုင်ငံ မဲရင်ခရိုင်၊ မဲရမ်ခရိုင်ခွဲ ဘန်ပန်ဟရူးလမ်းဘေးတစ်နေရာ၌ ပလတ်စတစ်၊ အိပ်ယာခင်းစများဖြင့် ပတ်ထားပြီး ပစ်ထားသည်ကို တွေ့ရှိရကာ တရုတ်နိုင်ငံသား ၂ ဦးကပင် ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းမှုများအရ သိရှိရသည်။

သေဆုံးသူ၏ ညီမဖြစ်သူမှ မစ္စတာယင် ပျောက် ဆုံးနေကြောင်းတိုင်ကြားထားသည်ဟုဆိုကာ ၎င်းသည် ဇူလိုင် ၈ ရက်တွင် လာအိုမှတစ်ဆင့် ချင်းရိုင်ရှိ အထူးစီးပွားရေးဇုန်မှနယ်စပ်ကိုဖြတ်ကျော်ပြီး ချင်းမိုင်သို့ ဝင်ရောက်လာသူဟု အမှတ် (၅) ခရိုင်ရဲတပ်ဖွဲ့ ရဲမင်းကြီး ယီဆက်ခ်ဟွန်းက ဆိုသည်။

ဟူးကန့်ဆိုသည့် တရုတ်သူငယ်ချင်းဖြစ်သူနှင့် ဝင်ရောက်လာပြီးနောက် ဇန်နှင့်ဝမ်ဆိုသော တရုတ်နိုင်ငံသား ၂ ဦးမှ စီးပွားရေးကိစ္စဆွေးနွေးမည်ဟုဆိုကာ မစ္စတာယင်ကို လာအိုမှ ခေါ်ခိုင်းခဲ့ကြောင်း၊ ချင်းမိုင်ရှိ နင်မမ်ဟေမင်လမ်း စားသောက်ဆိုင်၌ တွေ့ဆုံကြပြီးနောက် ချင်းမိုင်ရှိ ဆမ်ပက်ဝမ်အရပ်မှ ဇန်၏ နေအိမ်သို့ ၂ ဦးစလုံးကို ခေါ်သွားခဲ့ကြောင်း၊ ညအိပ်ပြီး နိုးလာသည့်အခါ ဟူကန့်သည် ကြိုးတုပ်လျှက် နိုးလာပြီး ဓားဖြင့်ခြိမ်းခြောက်မှုကြောင့် ပြန်ပေးငွေ ဘတ် ၁ သန်းခွဲပေးခဲ့ရကြောင်း၊ သူငယ်ချင်း မစ္စတာယင်ကိုကြည့်ရာတွင် သတ်ခံထားရပြီးဖြစ်သည်ကို တွေ့ရကြောင်း ဟူကန့်က ထွက်ဆိုသည်။

ဟူကန့်က မစ္စတာယင်နှင့်အတူ စွန့်ပစ်ခံရသည်ဟု ထွက်ဆိုသော်လည်း ဟိုတယ်အနီးတွင်သာ ဖမ်းဆီး ရမိခဲ့ပြီး ပြန်ပေးဆွဲလူသတ်သူ ၂ ဦးအိမ်သို့ သွားရှာရာတွင် ဇန်ဆိုသူကို ဖမ်းမိကာ ဝမ်ကသာ မစ္စတာ ယင်အား တူဖြင့် ထုသတ်ပြီး ထွက်ပြေးသွားသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#တရုတ်နိုင်ငံသား
#လာအိုနိုင်ငံ
#ပြန်ပေးဆွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now