နေ့စဥ်သတင်း

မမဟုန်လိင်ထောင်ချောက်ထဲမိသူ အမျိုးသား ၁၆၀၀ ကို ဆေးစစ်ရန် ဆင့်ခေါ်

မဲခေါင် 16 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၆ လူမှုကွန်ရက်နှင့် အွန်လိုင်းများပေါ်တွင် လူပြောအများဆုံးဖြစ်နေသည့် တရုတ်နိုင်ငံ နန်ကျင်းမြို့မှ ၃၈ နှစ်အရွယ် မမဟုန်အမည်ရ အမျိုးသားကို တရုတ်ရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက်နေ့ကတည်းက လိင်မှုဆိုင်ရာ မှတ်တမ်းများ ဖြန့်ဖြူးခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဇာတ်လမ်းမပြီးပြတ်သေးဘဲ ပတ်သက်ခဲ့သူများကိုပါ နန်ကျင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ AIDS ကဲ့သို့သော လိင်မှကူးစက်သည့်ရောဂါများ ကူးစက်ခြင်းရှိ၊ မရှိ စစ်ဆစ်မှုခံရန် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ South China Morning Post မှဖော်ပြမှုအရ ဦးလေးနီဟု လူမှုကွန်ရက်အမည်ပေးထားသလို ထိုင်းတွင် ၎င်းအသုံးပြုသည့် လူမှုကွန်ရက်အကောင့်တစ်ခုအမည် မမဟုန်ဟု လူသိများခဲ့သော ယင်းတရုတ်အမျိုးသားသည် ဆံပင်တုများ၊ မိတ်ကပ်များလိမ်းခြယ်ပြင်ဆင်ကာ မိန်းကလေးသံဖြင့် အွန်လိုင်းမှ အမျိုးသားပေါင်း

မဲခေါင်၊ ဇူလိုင် ၁၆

လူမှုကွန်ရက်နှင့် အွန်လိုင်းများပေါ်တွင် လူပြောအများဆုံးဖြစ်နေသည့် တရုတ်နိုင်ငံ နန်ကျင်းမြို့မှ ၃၈ နှစ်အရွယ် မမဟုန်အမည်ရ အမျိုးသားကို တရုတ်ရဲတပ်ဖွဲ့က ဇူလိုင် ၅ ရက်နေ့ကတည်းက လိင်မှုဆိုင်ရာ မှတ်တမ်းများ ဖြန့်ဖြူးခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဇာတ်လမ်းမပြီးပြတ်သေးဘဲ ပတ်သက်ခဲ့သူများကိုပါ နန်ကျင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ AIDS ကဲ့သို့သော လိင်မှကူးစက်သည့်ရောဂါများ ကူးစက်ခြင်းရှိ၊ မရှိ စစ်ဆစ်မှုခံရန် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

South China Morning Post မှဖော်ပြမှုအရ ဦးလေးနီဟု လူမှုကွန်ရက်အမည်ပေးထားသလို ထိုင်းတွင် ၎င်းအသုံးပြုသည့် လူမှုကွန်ရက်အကောင့်တစ်ခုအမည် မမဟုန်ဟု လူသိများခဲ့သော ယင်းတရုတ်အမျိုးသားသည် ဆံပင်တုများ၊ မိတ်ကပ်များလိမ်းခြယ်ပြင်ဆင်ကာ မိန်းကလေးသံဖြင့် အွန်လိုင်းမှ အမျိုးသားပေါင်း ၁၆၀၀ ကျော်ကို နေအိမ်ခန်းသို့ သွေ့ဆောင်ခေါ်ယူပြီး လိင်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးခဲ့သည်ဟု ဆိုသည်။

ထို့အတွက် မမဟုန်သည် ငွေကြေးမယူဘဲ အကြွေစေ့များ၊ နို့ဗူး၊ သစ်သီး၊ ဟင်းချက်ဆီ စသည့်အသေးသုံးများလောက်သာ ယူလေ့ရှိသော်လည်း ထိုပတ်သက်မှု များကို အခန်းတွင်း ကင်မရာများခိုးတပ်ရိုက်ကူးကာ အွန်လိုင်းရှိ private groups များတွင် subscription fee တစ်ယောက် ယွမ် ၁၅၀ (၆၈၀ ဘတ်) ရယူကာ ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။

ပတ်သက်ခဲ့သည့် အမျိုးသားများ အရှက်တကွဲအကျိုးနည်းဖြစ်ကာ တိုင်ကြားမှုများလုပ်ဆောင်ရာမှ ယင်းအမှု ဟိုးလေးတကျော်ဖြစ်ခဲ့ပြီးနောက် မမဟုန်ကို အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ကျခံရနိုင်သည့် လိင်မှုဆိုင်ရာ ရုပ်သံများဖြန့်ဖြူးမှု နှင့် စွဲချက်တင်ခံထားရသလို ပါဝင်ပတ်သက်သူတစ်ဦးချင်းစီတိုင်းနှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု၊ ရုပ်ပုံမူပိုင်ခွင့်စွဲချက်များဖြင့် ထပ်မံ ရင်ဆိုင်ရဖွယ်ရှိသည်။

ဟိုးလေးတကျော်ဖြစ်လာခဲ့ပြီးနောက် နန်ကျင်း ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာမှ ပတ်သက်ခဲ့သည့် အမျိုးသားများ ဆေးစစ်မှုလာရောက်ခံယူရန် ဆင့်ခေါ်ခဲ့ကာ မည်သူများ လာရောက် ဆေးစစ်ခံသည်ကို လျှို့ဝှက်ပေးထားမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#တရုတ်နိုင်ငံသား
#လိင်ဗီဒီယို
#လိင်ဝန်ဆောင်မှု
#မမဟုန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now