နေ့စဥ်သတင်း

ထိုင်းတွင် ကျားဖြန့်လုပ်ငန်းများ များပြားလာခြင်းမှာ သက်ဆင်ကြောင့် ဟွမ်ဆန်ပြောပြန်

မဲခေါင် 14 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၄ ဇူလိုင် ၁၃ ရက်တွင် ကမ္ဘောဒီးယားအာဏာရှင် ဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်က နှစ်ပေါင်းများစွာ မိသားစုလိုက် မိတ်ဆွေများအဖြစ် ရင်းနှီးခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လက်ရှိ ထိုင်းနိုင်ငံကို အမိန့်ပေးထိန်းချုပ်ထားသူဖြစ်ကာ ထိုင်းတွင် ၎င်းကြောင့် ကျားဖြန့်လုပ်ငန်းများ ပိုမို တိုးပွားပျံ့နှံ့လာနေသည်ကို ကမ္ဘာ့ခေါင်းဆောင်များ၊ အထူးသဖြင့် အာဆီယံခေါင်းဆောင်များ သိစေ သင့်သည်ဟု ဖနွမ်ပင်ပို့စ်မီဒီယာမှတစ်ဆင့် ပြောဆိုသွားသည်။ ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသည့် ကျားဖြန့်မြို့ဟု နာမည်ကျော်နေသော ပရီယာဗီဟီယာသို့ ဇွန်၂၇ က ရောက်ရှိစဉ်တွင် ဟွမ်ဆန်က ထိုင်းနိုင်ငံတစ်နှံတစ်လျှား ကျားဖြန့်လုပ်ငန်းများ များစွာတိုးပွားလာနေပြီး ဘန်ကောက်သည် တရားမဝင်ကျားဖြန့်နှင့် ငွေကြေးခဝါချမှု အသိုက်ဖြစ်နေပြီဖြစ်ကြောင်း၊ ထိုင်းမှ ကျားဖြန့်လုပ်ငန်းများ ကမ္ဘောဒီးယားသို့ ပျံ့နှံ့စိမ့်ဝင်လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မဲခေါင်၊ ဇူလိုင် ၁၄

ဇူလိုင် ၁၃ ရက်တွင် ကမ္ဘောဒီးယားအာဏာရှင် ဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်က နှစ်ပေါင်းများစွာ မိသားစုလိုက် မိတ်ဆွေများအဖြစ် ရင်းနှီးခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် လက်ရှိ ထိုင်းနိုင်ငံကို အမိန့်ပေးထိန်းချုပ်ထားသူဖြစ်ကာ ထိုင်းတွင် ၎င်းကြောင့် ကျားဖြန့်လုပ်ငန်းများ ပိုမို တိုးပွားပျံ့နှံ့လာနေသည်ကို ကမ္ဘာ့ခေါင်းဆောင်များ၊ အထူးသဖြင့် အာဆီယံခေါင်းဆောင်များ သိစေ သင့်သည်ဟု ဖနွမ်ပင်ပို့စ်မီဒီယာမှတစ်ဆင့် ပြောဆိုသွားသည်။

ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသည့် ကျားဖြန့်မြို့ဟု နာမည်ကျော်နေသော ပရီယာဗီဟီယာသို့ ဇွန်၂၇ က ရောက်ရှိစဉ်တွင် ဟွမ်ဆန်က ထိုင်းနိုင်ငံတစ်နှံတစ်လျှား ကျားဖြန့်လုပ်ငန်းများ များစွာတိုးပွားလာနေပြီး ဘန်ကောက်သည် တရားမဝင်ကျားဖြန့်နှင့် ငွေကြေးခဝါချမှု အသိုက်ဖြစ်နေပြီဖြစ်ကြောင်း၊ ထိုင်းမှ ကျားဖြန့်လုပ်ငန်းများ ကမ္ဘောဒီးယားသို့ ပျံ့နှံ့စိမ့်ဝင်လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဇူလိုင် ၉ ရက်နေ့မှာပဲ သက်ဆင်ကိုယ်တိုင်က ရုပ်သံအင်တာဗျူးမှာ ဘန်ကောက်ဟာ ကျားဖြန့် ထိပ်တန်းခေါင်းဆောင်တွေ ဇိမ်ခံအိမ်ယာတွေနဲ့ နေတဲ့ ရပ်ဝန်းဖြစ်ကြောင်း၊ ဘတ်ဘီလီယံချီတဲ့ အိမ်တွေနဲ့ ဘန်ကောက်မှာနေထိုင်ကြပြီး အိမ်နီးချင်းနိုင်ငံတွေဆီ အတားအဆီးမရှိ လွတ်လပ်စွာ သွားလာနေနိုင်ကြတယ်လို့ သူပဲ ပြောခဲ့တာ၊ ဒါကြောင့် အာဆီယံ ခေါင်းဆောင်တွေကို သူ့စကားအရ ထိုင်းသည်သာ ကျားဖြန့် ဗဟိုချက်ဖြစ်တယ်လို့ ဝန်ခံခဲ့တာကို သိစေအပ်တာပါ။ ထိုင်းနိုင်ငံရေးသမားတွေ ကမ္ဘောဒီးယားကို ကျားဖြန့်ဗဟိုချက်လို့ စွပ်ဆွဲနေတာတွေရပ်တန်းကရပ်ပါ။ သူတို့ပဲ မျက်ကန်းလို နေပြီး သူတို့နိုင်ငံကိုယ်တိုင်က ရွှေတြိဂံကထွက် မူးယစ်ဆေးဝါးတွေ၊ ကျားဖြန့်လုပ်ငန်းတွေအကုန်လုံး ကို ငြိမ်းချမ်းသာယာ၀ပြောစေရေး လုပ်ဆောင်နေတဲ့နိုင်ငံဖြစ်တယ်ဆိုတာ မေ့မနေကြဖို့လိုတယ်” ဟု ဟွမ်ဆန်က ပြောသွားခဲ့သည်။

ထို့အပြင် သက်ဆင်သည် နယ်စပ်ဂိတ်များအား ပိတ်ပင်မှုအတွက် အဓိက အမိန့်ပေးသူဖြစ်သည်မှာ သေချာပြီး အသက်ရှူအောင့်ပြိုင်ပွဲတွင် ပိုမိုအောင့်နိုင်သူသာ အနိုင်ရမည်ဟု ဆိုလိုရင်းမှာ နယ်စပ်များ ပိတ်ထားမှုတွင် ဒုက္ခရောက်ခြင်းကို ပိုတောင့်ခံနိုင်သည့် ကမ္ဘောဒီးယားနှင့်ထိုင်းတို့ တစ်နိုင်ငံအနိုင်ရ မည်ဟု ဆိုလိုကာ ထိုသို့ပြောဆိုပြီးသည်နှင့် နယ်စပ်ဂိတ်များ ထိုင်းပိတ်ပင်လိုက်ခြင်း၊ ပြည်ထဲရေးဝန်ကြီး၊ ဒုဝန်ကြီးချုပ်၊ ဘွန်ကျိုင်ထိုင်းပါတီမှ အနူတင်ကို ရာထူးမှ ဖယ်ရှားမည့်အကြောင်းလည်း မိမိအား ဖုန်းဆက်တိုင်ပင်ပြီးသည်နှင့် အမှန်တကယ် ဖယ်ရှားခဲ့မှုများကိုကြည့်လျှင် ထိုင်းအာဏာသည် သက်ဆင်လက်ထဲတွင်သာ အားလုံးရှိနေကြောင်း၊ ကိုယ့်နိုင်ငံကိုပင် သစ္စာဖောက်သူသည် မိမိလို သူငယ်ချင်းအပေါ် သစ္စာဖောက်ခြင်းမှာ မဆန်းကြောင်း ဟွမ်ဆန်က ဖနွမ်ပင်ပို့စ်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: phnompenhpost
#MeKongNews
#ထိုင်းနိုင်ငံ
#သက်ဆင်
#ကျားဖြန့်
#ကမ္ဘောဒီးယား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now