မဲခေါင်၊ ဇူလိုင် ၁၂
ပင်လယ်ဓားပြများအတွက် ရွှေခေတ်ဟု ခေါ်သည့် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ က ရတနာပစ္စည်း ပေါင် ၁၀၁ သန်းဖိုးတင်ဆောင်ကာ ပင်လယ်ဓားပြများရန်ကြောင့် နစ်မြုပ်ခဲ့သည့် သမိုင်းတွင် သင်္ဘောပျက်ကို ရှေးဟောင်းသုတေသနပညာရှင်များ ပြန်လည်ရှာတွေ့နိုင်ခဲ့ကြောင်း သိရသည်။
မာဒါဂက်စကာကျွန်းဆွယ်တွင် ၁၇၂၁ ခုနှစ်က သမိုင်းတွင်ခဲ့သော ပင်လယ်ဓားပြ စီးနင်းနှစ်မြှုပ်ခံခဲ့ရ သည့် Nossa Senhora do Cabo အပျက်အဆီးများကို ရှာတွေနိုင်ခဲ့ခြင်းဖြစ်ကာ အဆိုပါ ရတနာများ တင်ဆောင်ပြီး ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမှသည် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့သွားသော သယ်ယူပို့ဆောင်ရေး သင်္ဘောကို Captain Olivier “The Buzzard” Levasseur ဦးဆောင်သည့် ပင်လယ်ဓားပြများက ၁၇၂၁ ခုနှစ် ဧပြီ ၈ ရက်၌ တိုက်ခိုက်နှစ်မြှုပ်လိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ယူဆရသည်။
သင်္ဘောပေါ်တွင် ကျွန်လုပ်သားအဖြစ်ပါဝင်သွားခဲ့သူ ပျမ်းမျှ အယောက် ၂၀၀ မည်သို့ဖြစ်သွားသည်ကို မသိခဲ့ရပေ။
ထိုသင်္ဘောပျက် အကြွင်းအကျန်အပိုင်းအစ ၃၃၀၀ ကျော်ကို ဆယ်ယူရရှိထားပြီး မာဒါဂက်စကာ အရှေ့မြောက်ဘက်ကမ်းလွန် Nosy Boraha ကျွန်းအနီး Ambodifotatra ပင်လယ်ကွေ့အနီး ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပေါ်တူဂီအင်ပါယာပိုင် သင်္ဘောကြီး Nossa Senhora do Cabo ကို သမိုင်းဝင် သင်္ဘောပျက်ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာမှ ၁၆ နှစ်ကြာ စုံစမ်းပြီးမှ ရှာတွေ့နိုင်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးဆိုင်ရာ ရုပ်တုများ၊ ရွှေတန်ဆာ၊ ပုလဲနှင့် ရတနာများအပြည့်ထည့်ထားသည့် သေတ္တာများပါ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုထဲတွင် ရောမ ဘုရားသီချင်းပါ Jesus of Nazareth, King of the Jews ဆိုသည့် အဓိပ္ပါယ်အား လက်တင်စကားလုံး Iesus Nazarenus Rex Iudaeorum ၏အတိုကောက် INRI ဖြင့် ရေးသားထား သည့် ဆင်ဆွယ်ကမ္ဗည်းထိုး ရွှေပေလွှာ ပါဝင်သည်။
ဘရောင်းတက္ကသိုလ် ရှေးဟောင်းသုတေသန ပညာရှင် Brandon A. Clifford နှင့် Mark R. Agostini တို့က သင်္ဘောပေါ်ပါ ရတနာများတန်ကြေး မပါသေးဘဲ ထိုသင်္ဘောတန်ကြေးသည်ပင်လျှင် ယနေ့ခေတ်တန်ကြေးနှင့်တွက်ပါက ပေါင် ၁၀၈ သန်း တန်ကာ သမိုင်းဝင်သော ရှာဖွေတွေ့ရှိမှုဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
သုတေသနပညာရှင်များက ယခုမတိုင်မီ စပိန်ရှေးဟောင်း စစ်သုံး သင်္ဘောငယ်တစ်စီးကို ကာရစ်ဘီယံ ပင်လယ်ပြင်တွင် ရတနာကာလတန်ကြေး ပေါင် ၁၆ ဘီလီယံ ပါရှိကာ တွေ့ရှိခဲ့ကြောင်း၊ ထိုသင်္ဘော သည် San Jose ဟုအမည်ရပြီး ၁၇၀၈ ခုနှစ်က ဗြိတိသျှတို့ ပစ်ခတ်နှစ်မြှုပ်လိုက်ခြင်းဖြစ်ကြောင်း၊ ရေအောက်ဒရုန်းစနစ်ဖြင့် ဆယ်စုနှစ်ချီ ရှာဖွေခဲ့ရာမှ ၁၇၀၇ ခုနှစ်က Lima ငွေဒင်္ဂါးများ၊ ၁၆၆၅ ခုနှစ်က တရုတ်အင်ပါယာ Kangxi လက်ထက်ထုတ် ကြွေထည်များလည်း ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရှေးဟောင်းသင်္ဘော
#ပင်လယ်ဓားပြ
#ဘရောင်းတက္ကသိုလ်
#မာဒါဂတ်စကာကျွန်းဆွယ်








