နေ့စဥ်သတင်း

ဟွမ်ဆန်မိတ်ဆွေ ကော့အန်း ကျားဖြန့်ဒုစရိုက်ကွန်ရက်နှင့်ပတ်သက်ပြီး ၁၉ နေရာ ဝင်ရောက်စီးနင်း၊ မြန်မာ ၄ ဦး အပါ ၁၇ ဦး ဖမ်းမိ

မဲခေါင် 10 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၀ ထိုင်းနိုင်ငံအတွင်း ကျားဖြန့်လုပ် လိမ်လည်မှု၊ ငွေကြေး လွှဲပြောင်းစီးဆင်းခြင်းများနောက်လိုက်ပြီး Kok An ကျားဖြန့်ဒုစရိုက်ကွန်ရက်နှင့်ပတ်သက်သူများကို ဖမ်း၀ရမ်းထုတ်ကာ ဇူလိုင် ၈ ရက်နေ့က နေရာ ၁၉ နေရာတွင် ဝင်ရောက်စီးနင်းရာ မြန်မာ ၄ ယောက်အပါ ၁၇ ယောက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်နှင့်အလွန်ရင်းနှီးကာ ကမ္ဘောဒီးယားနယ်စပ် Poipet ကာစီနိုမြို့တော်ရှိ ၂၅ ထပ်နှင့် ၁၈ ထပ် အဆောက်အအုံများတွင် ကျားဖြန် ငွေလွှဲလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသော Kok An ကွန်ရက်ကို ငွေလွှဲစာရင်းနောက်လိုက်ပြီး ဘန်ကောက်အပါ နေရာ ၁၉ နေရာသို့ ဖမ်း၀ရမ်းထုတ်ကာ

မဲခေါင်၊ ဇူလိုင် ၁၀

ထိုင်းနိုင်ငံအတွင်း ကျားဖြန့်လုပ် လိမ်လည်မှု၊ ငွေကြေး လွှဲပြောင်းစီးဆင်းခြင်းများနောက်လိုက်ပြီး Kok An ကျားဖြန့်ဒုစရိုက်ကွန်ရက်နှင့်ပတ်သက်သူများကို ဖမ်း၀ရမ်းထုတ်ကာ ဇူလိုင် ၈ ရက်နေ့က နေရာ ၁၉ နေရာတွင် ဝင်ရောက်စီးနင်းရာ မြန်မာ ၄ ယောက်အပါ ၁၇ ယောက် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ဆိုက်ဘာရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွမ်ဆန်နှင့်အလွန်ရင်းနှီးကာ ကမ္ဘောဒီးယားနယ်စပ် Poipet ကာစီနိုမြို့တော်ရှိ ၂၅ ထပ်နှင့် ၁၈ ထပ် အဆောက်အအုံများတွင် ကျားဖြန် ငွေလွှဲလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသော Kok An ကွန်ရက်ကို ငွေလွှဲစာရင်းနောက်လိုက်ပြီး ဘန်ကောက်အပါ နေရာ ၁၉ နေရာသို့ ဖမ်း၀ရမ်းထုတ်ကာ စီးနင်းခဲ့ရာတွင် တရုတ် ၁၀ ယောက်၊ မြန်မာ ၄ ယောက်၊ ကမ္ဘောဒီးယား ၂ ယောက်၊ နိုင်ငံမဲ့ တစ်ယောက်ကို ဇူလိုင် ၈ ရက်၌ မိုဘိုင်းဖုန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ငွေလွှဲသက်သေများဖြင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နည်းပညာ မှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) သို့မဟုတ် ဆိုက်ဘာရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ထရိုင်ရွန်ဖိဝဖန်က ကြေညာသည်။

ထိုဖမ်းဆီးရမိသည့် သက်သေများမှ နောက်ထပ် ခြေရာခံကာ ဇူလိုင် ၉ ရက်၌ ဘန်ကောက်ပရာဝပ်အရပ် တစ်နေရာသို့ ဝင်ရောက်စီးနင်းရာတွင်မူ တရားခံသည် မီဒီယာသတင်း ကြိုတင်ပေါက်ကြားမှုကြောင့် ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသည့် ၁၇ ယောက်စလုံးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကာ Kok An ကွန်ရက်နှင့်ပတ်သက်သော ကျားဖြန့်ငွေလိမ်မှုများထဲတွင် နာမည်ကြီးမော်ဒယ် ချာလော့တီအော်စတင် အမှု၊ ဘတ် သန်း ၃၀ လိမ်ခံရသော ဆရာဝန်တစ်ဦး အမှုများလည်း ပါဝင်ပတ်သက်နေသည်ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယား အစိုးရပင် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲမှုများရှိသော ကျားဖြန့် ဗဟိုချက် Poipet တွင် အခြေချကာ ကျားဖြန့်လိမ်လည်ငွေများကို အလွှဲအပြောင်းလုပ်နေသည့် Kok An ကို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုနှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံပြင်ပ အနီရောင်သတိပေးချက်နှင့်အတူ ဖမ်း၀ရမ်းအား ရှေ့နေချုပ်ရုံးမှ ထုတ်ပေးနိုင်ရန်လည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) က စီစဉ်တင်ပြတော့မည်ဟုလည်း ရဲမှူးချုပ် ထရိုင်ရွန်ဖိဝဖန်က ရှင်းလင်းပြောဆိုခဲ့သည်။

ကိုကလင်း
Ref:The Nation
#MeKongNews
#ဟွမ်ဆန်
#ကျားဖြန့်
#မြန်မာနိုင်ငံသား
#ကော့အန်းဒုစရိုက်ဂိုဏ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now