ကမ္ဘာ့သတင်း

၁၀ နှစ်တာ အမေရိကန်- အိန္ဒိယ ကာကွယ်ရေးမူဘောင် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုစာချုပ် သဘောတူညီမှုရ

မဲခေါင် 3 Jul - 2025
မဲခေါင်၊ ဇူလိုင် ၃ ဇူလိုင် ၁ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆတ်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်းတို့ ဖုန်းဆက်သွယ်ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ ၁၀ နှစ်သက်တမ်းရှိ ကာကွယ်ရေးမူဘောင် စစ်ရေါ်ပူးပေါင်းဆောင်ရွက်မှုစာချုပ်ရန် သဘောတူညီမှုရခဲ့ကြောင်း နှစ်ဦးစလုံးဘက်မှ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေ ညာသွားခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီလကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ရေးစွမ်းရည်မြှင့်တင်ရေး၊ ကာကွယ်ရေး ရည်မှန်းချက် ပြည့်မီစေရေး ပူးပေါင်းစစ်ရေးလေ့ကျင့်ရန်၊ နှစ်နိုင်ငံကာကွယ်ရေးနည်းပညာအဆောက်အအုံများ အရေး ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်၊ အမေရိကန်မှ လက်နက်များတင်ပို့ရေး၊ ထောက်ပံ့ ကွင်းဆက်များ ထူထောင်ရေးများ ပြုလုပ်ရန် နှုတ်အားဖြင့်

မဲခေါင်၊ ဇူလိုင် ၃

ဇူလိုင် ၁ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆတ်နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနတ်ဆင်းတို့ ဖုန်းဆက်သွယ်ဆွေးနွေးပြီးနောက် နှစ်နိုင်ငံ ၁၀ နှစ်သက်တမ်းရှိ ကာကွယ်ရေးမူဘောင် စစ်ရေါ်ပူးပေါင်းဆောင်ရွက်မှုစာချုပ်ရန် သဘောတူညီမှုရခဲ့ကြောင်း နှစ်ဦးစလုံးဘက်မှ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ကြေ ညာသွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၅ ဖေဖော်ဝါရီလကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကြား စစ်ရေးစွမ်းရည်မြှင့်တင်ရေး၊ ကာကွယ်ရေး ရည်မှန်းချက် ပြည့်မီစေရေး ပူးပေါင်းစစ်ရေးလေ့ကျင့်ရန်၊ နှစ်နိုင်ငံကာကွယ်ရေးနည်းပညာအဆောက်အအုံများ အရေး ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်၊ အမေရိကန်မှ လက်နက်များတင်ပို့ရေး၊ ထောက်ပံ့ ကွင်းဆက်များ ထူထောင်ရေးများ ပြုလုပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်ကာ ယခု နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ၂ ဦး ဖုန်းဆက်ဆွေးနွေးပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် အဆိုပါ စာချုပ် ချုပ်ဆိုနိုင်ရေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

တောင်အာရှတွင် တရုတ်၏ ခြိမ်းခြောက်မှု ကြီးမားလာသည်နှင့်အမျှ အမေရိကန်သည် အဆိုပါ စာချုပ် အတွက် အိန္ဒိယနိုင်ငံအတွင်း မဟာဗျူဟာကျသော မည်သည့် နေရာများတွင် တပ်စွဲခွင့်ရရှိမည်ကို ကာကွယ်ရေးဝန်ကြီး ၂ ဦး အဓိက ဖုန်းဆက်ပြောဆိုခဲ့ကာ အသေးစိတ်ဆွေးနွေးမှုများအပြီး ယခု နှစ် ကုန်ပိုင်း၌ စာချုပ်ရန် သဘောတူညီခဲ့ရာ တရုတ်ဘက်မှ ဒေါသူပုန်ထစရာ ဖြစ်ခဲ့သည်။

ကိုကလင်း
Ref: ddnews
#MeKongNews
#အိန္ဒိယ
#အမေရိကန်
#တောင်အာရှ
#စစ်ရေးပူးပေါင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now