မဲခေါင်၊ ဇွန် ၃၀
ဇွန် ၁၃ ရက်မှစတင်ပြီး ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့်စစ်ပွဲကြောင့် သေဆုံးခဲ့ရသော ဗိုလ်ချုပ်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များ ဈာပနပွဲကို ဇွန် ၂၈ ရက်က တီဟီရန်မြို့ လမ်းများပေါ် အခေါင်း ၆၀ ဝန်းကျင်ဖြင့် စုပေါင်းကျင်းပရာ လူ တသ်သန်းကျော် လမ်းပေါ်ထွက်ပြီး အမေရိက သေဆုံးပါ စေဟု အော်ဟစ်ကြွေးကျော်ခဲ့ကြသည်။
စစ်ပွဲတွင် အီရန်တော်လှန်ရေးအစောင့်တပ်မှ အီရန်စစ်တပ်၏ ဩဇာအကြီးဆုံး ဗိုလ်ချုပ်ဖြစ် သော စစ်ဦးစီးချုပ် ဟော့စိန်းဆလာမီ၊ ဗိုလ်ချုပ် အမီယာအလီဟာဂျီဇာဒါတို့၏ အခေါင်းများလည်း ပါဝင်ခဲ့ပြီး နိုင်ငံခေါင်းဆောင် ခါမီနီကို ထောက်ခံသူများက အစ္စရေးနှင့်အမေရိကန် အလံများအား မီးရှို့ ခြင်း၊ တက်နင်းခြင်းများပြုလုပ်ကာ အမေရိက သေဆုံးစေဟူသော ဟစ်ကြွေးသံများ ဟိန်းညံခဲ့သည်။
၂ ပတ်ကြာ ပျောက်ဆုံးနေခဲ့ပြီး မြေအောက်ဘန်ကာတစ်ခုအတွင်း ပုန်းနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောခဲ့သော ခါမီနီကို အဆိုပါစုပေါင်း ဈာပနတွင် မတွေ့ရသလို ရာထူးအကြီးဆုံး ဦးဆောင်ကျင်းပသူမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ခ်ချိုင်ဖြစ်သည်ဟု သိရှိရသည်။
အစ္စရေးနှင့် ၁၂ ရက်ကြာစစ်ပွဲပြီးဆုံးမှုတွင် ဒေါ်နယ်ထရမ့်က ပေါင် ၃၀၀၀၀ ဗုံး ၁၂ လုံးအား ကြဲချခြင်းဖြင့် အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်ကာ ဇွန် ၂၇ ရက်ကလည်း ထောက်လှမ်းရေးများမှ အီရန်သည် နျူကလီးယားလက်နက်ဖြစ်စေသည့် ယူရေနီယံ အဆင့်မြှင့်တင်မှုလုပ်သည်ကို ထပ်သိရှိရပါက ထပ်မံ ဗုံးကြဲဦးမည်ဖြစ်ကြောင်း၊ ခါမီနီ ရုပ်ပျက်ဆင်းပျက် မသေဆုံးခြင်းမှာ မိမိကောင်းသောကြောင့်ဟု ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်စကားဆိုခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#တီဟီရန်
#အမေရိကန်
#ဒေါ်နယ်ထရမ့်








