နေ့စဥ်သတင်း

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီမိတ်ဖက် PNO ပြည်သူ့စစ် တပ်ခွဲမှူးတစ်ဦး သေဆုံး

မဲခေါင် 27 Jun - 2025
မဲခေါင်၊ ဇွန်၂၇ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲ တစ်ရွာလုံးကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် တပ်ခွဲမှူးမှာ တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးဒဏ်ကြောင့် သေဆုံးသွားကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ IPDF ထံမှ သိရသည်။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ – IPDF မှ တပ်ရေးမှူး အင်းသွေးနီက PNO တပ်ခွဲမှူး သေဆုံးမှုမှာ ဒရုန်းဗုံးသီး ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း မဲခေါင်သို့ ဇွန်လ ၂၇ရက်တွင် အတည်ပြု ပြောဆိုသည်။ သေဆုံးသွားသည့် PNO ပြည်သူ့စစ်တပ်ခွဲမှူးမှာ စိုင်းနောင့်ဆိုသူဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ဆောင်နန်းခဲရွာမှ လွယ်ပေါရွာဘက်သို့ စစ်ကြောင်းထိုးရန် စုရုံးနေကြစဥ်

မဲခေါင်၊ ဇွန်၂၇

ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲ တစ်ရွာလုံးကို မီးရှို့ခဲ့သည့် PNO ပြည်သူ့စစ် တပ်ခွဲမှူးမှာ တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးဒဏ်ကြောင့် သေဆုံးသွားကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ IPDF ထံမှ သိရသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၉ – IPDF မှ တပ်ရေးမှူး အင်းသွေးနီက PNO တပ်ခွဲမှူး သေဆုံးမှုမှာ ဒရုန်းဗုံးသီး ထိမှန်သေဆုံးခြင်းဖြစ်ကြောင်း မဲခေါင်သို့ ဇွန်လ ၂၇ရက်တွင် အတည်ပြု ပြောဆိုသည်။

သေဆုံးသွားသည့် PNO ပြည်သူ့စစ်တပ်ခွဲမှူးမှာ စိုင်းနောင့်ဆိုသူဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ဆောင်နန်းခဲရွာမှ လွယ်ပေါရွာဘက်သို့ စစ်ကြောင်းထိုးရန် စုရုံးနေကြစဥ် တော်လှန်ရေးတပ်များမှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်း အပါအဝင် PNO ပြည်သူ့စစ် အများအပြား ထိခိုက်ခဲ့ကြောင်း သိရသည်။

အခြား မြေပြင်သတင်းအရင်းအမြစ်တစ်ဦးကလည်း ယင်း PNO တပ်ခွဲမှူး စိုင်းနောင့်နှင့်အတူ အခြား ပြည်သူ့စစ် အဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့သည် ဟု ဆိုသည်။

“သူတို့ကို စစ်တပ်က အောင်ပန်း ၇၀၀ စစ်ဆေးရုံမှာတောင် ကုသခွင့်မပေးဘူး။ ပင်လောင်းမှာပဲ သေကြရတာ” ဟု ၎င်းက ပြောသည်။

နောင့်စိုင်း သည် ညောင်ရွှေမြို့နယ်၊ ကုန်းကျိန်းရွာသူနှင့် အိမ်ထောင်ကျကာ PNO တပ်ဖွဲ၀င် ဖြစ်လာရာမှ တပ်ခွဲမှူးအဆင့်ခန့်အပ်ခံရပြီး တရားမဝင် သစ်အရောင်းအ၀ယ်၊ မူးယစ်ဆေးဝါး ရောင်း၀ယ်ခြင်းနှင့် ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်း၀ယ်သူ၊ သုံးစွဲသူများအား ထောင်ချောက်ဆင် ဖမ်းဆီးကာ ငွေဒဏ်ရိုက်အပြစ်ပေး၍ ကြီးပွားချမ်းသာလာသည့် နာမည်ဆိုးထွက်သူတစ်ဦး ဖြစ်‌ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာရင်း ဖယ်ခုံမြို့နယ်နှင့် ညောင်ရွှေနယ်စပ်ရှိ ဆောင်နန်းခဲ‌ ကျေးရွာ တစ်ရွာလုံးကို ဇွန်လ ၂၄ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။

မဟာ
#MeKongNews
#ဆောင်နန်းခဲကျေးရွာ
#PNO
#ပြည်သူ့စစ်
#တပ်ခွဲမှူးစိုင်းနောင့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now