ကမ္ဘာ့သတင်း

လျှို့ဝှက်စစ်ဆင်ရေးများတွင် သုံးမည့် ခြင်အရွယ်အစားဒရုန်း တရုတ်ထုတ်ပြ

မဲခေါင် 26 Jun - 2025
မဲခေါင်၊ ဇွန် ၂၆ တရုတ်အစိုးရသည် အလွန်သေးငယ်သလောက် စိုးရိမ်ကြောက်ရွံ့စရာကောင်းသော ခြင်အရွယ်အစားသာရှိသည့် မော်စကွီတိုဒရုန်းကို ကမ္ဘာအား ထုတ်ပြန်လိုက်သည်။ အရွယ်အစားမှာ လက်သည်းတမျှသာရှိပြီး သစ်ရွက်ပုံတောင်ပံ ၂ လက်၊ အင်းဆက်ပိုးမွှား ခြေထောက်ပုံသဏ္ဍန် ဝိုင်ယာခြေထောက်များနှင့် ကိုယ်ထည်သည် အနက်ရောင် ပါးလျှသည့် အချောင်းကလေး အဖြစ်သာ ပါဝင်သည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် တရုတ်အစိုးရပိုင်မီဒီယာမှ ယင်းဒရုန်းအား ထုတ်ပြန်လိုက်ရာ သိပ္ပံပညာရှင်များက ထိုသို့သော ဒရုန်းသည် အလွန်သေးငယ်သည့်အတွက် အခန်းအတွင်း ၂ ဦးပြောစကားမျိုးကိုပင် ဝင်ရောက်နားထောင်နိုင်မည်ဖြစ်သလို အခန်းများအတွင်းမှ မီးခံသေတ္တာ ကုဒ်နံပါတ်၊ အစိုးရများအထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာများသို့ ခိုးဝင်ခြင်း၊ ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအား အလျှို့ဝှက်ဆုံး စပိုင်လုပ်နိုင်ခြင်းများ ရှိလာနိုင်ကြောင်း သုံးသပ်သည်။

မဲခေါင်၊ ဇွန် ၂၆

တရုတ်အစိုးရသည် အလွန်သေးငယ်သလောက် စိုးရိမ်ကြောက်ရွံ့စရာကောင်းသော ခြင်အရွယ်အစားသာရှိသည့် မော်စကွီတိုဒရုန်းကို ကမ္ဘာအား ထုတ်ပြန်လိုက်သည်။

အရွယ်အစားမှာ လက်သည်းတမျှသာရှိပြီး သစ်ရွက်ပုံတောင်ပံ ၂ လက်၊ အင်းဆက်ပိုးမွှား ခြေထောက်ပုံသဏ္ဍန် ဝိုင်ယာခြေထောက်များနှင့် ကိုယ်ထည်သည် အနက်ရောင် ပါးလျှသည့် အချောင်းကလေး အဖြစ်သာ ပါဝင်သည်ကို တွေ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်ကုန်တွင် တရုတ်အစိုးရပိုင်မီဒီယာမှ ယင်းဒရုန်းအား ထုတ်ပြန်လိုက်ရာ သိပ္ပံပညာရှင်များက ထိုသို့သော ဒရုန်းသည် အလွန်သေးငယ်သည့်အတွက် အခန်းအတွင်း ၂ ဦးပြောစကားမျိုးကိုပင် ဝင်ရောက်နားထောင်နိုင်မည်ဖြစ်သလို အခန်းများအတွင်းမှ မီးခံသေတ္တာ ကုဒ်နံပါတ်၊ အစိုးရများအထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာများသို့ ခိုးဝင်ခြင်း၊ ထောက်လှမ်းရေးနှင့် ကင်းထောက်လုပ်ငန်းများအား အလျှို့ဝှက်ဆုံး စပိုင်လုပ်နိုင်ခြင်းများ ရှိလာနိုင်ကြောင်း သုံးသပ်သည်။

ယင်းဒရုန်းများသည် ဇီ၀ပိုးမွှားများကို သယ်ဆောင်ပြီး နိုင်ငံကြီးများအထိကို ခြိမ်းခြောက်နိုင်ခြင်း၊ လူများလျှို့ဝှက်ထားသော Passwords များကို ခိုးယူနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန် ကာကွယ်ရေး သုတေသနပညာရှင် တီမိုသီ ဟိသ်က သုံးသပ်ပြောဆိုသွားခဲ့သည်။

ရုရှားနှင့် တရုတ်တို့သည် လိုက်ဖမ်းရန် စုံစမ်းမရသည့် လူသတ်သမားများကို အသုံးပြုကာ လမ်းစရှာဖွေမှုများ လုပ်ဆောင်ရန် အင်းဆက်ဒရုန်းများကို အသုံးပြုနိုင်ကြကြောင်းနှင့် ထိုမျှ သေးငယ်လွန်းသော ဒရုန်းများတွင် လွန်စွာ အန္တရာယ်ကြီးသည့် သေစေနိုင်သော ဇီ၀လက်နက်များဖြင့် တိုက်ခိုက်ပါက စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း ယခင် Google မှ အနာဂတ်ဝါဒီ ထရေစီဖော်လိုမှ သတိပေးပြောဆိုခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#တရုတ်နိုင်ငံ
#ဒရုန်း
#ခြင်အရွယ်အစား
#ဇီဝပိုးမွှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now